Monday, February 6, 2017

အမုန်းတရား၏ အဆုံးသတ်မျဉ်း - (၄)




ဦးသက်အောင်က ... ရေထဲ ငုပ်သွားပြီး ... ပြန်တက်လာတော့ ... တက်လို့မရ ... ကြမ်းခင်းကို ... ပိတ်ပစ်လိုက်တော့ ... ခေါင်းတောင် ဖော်လို့ မရ ... မွန်းနေသည် ... ဟား ဟား ဟား ... အသက်ရှူလို့မရ ... ဟား ဟား ဟား ... မေ ... ရေကန်က ရေတွေကို လျှော့လိုက်သည် .. ဟဲ ... ဟဲ ... အခုချက်ခြင်း သေသွားရင် ... ဦးသက်အောင် ... ဘုမသိဘမသိ သေသွားတော့ ... မမိုက်ဘူးလေ ... နည်းနည်းလေး ထပ်နှိပ်စက်လိုက်အုံးမယ် ...

အာဖရိက ... ငါးခူတွေ ... ဦးသက်အောင်နားမှာ ... ကူးခတ်နေသည် ... အစကတော့ ... သူတို့လည်း ... မကိုက်ရဲ ... တောကြည့်တောင်ကြည့် ... နောက်တော့ ... အနားပိုကပ်လာသည် ... ဦးသက်အောင် ... မောင်းထုတ်သည် ... ခြေနဲ့ ခတ်သည် ... လက်နဲ့ ရိုက်သည် ... ဟိုကောင်တွေ ဒေါသထွက်လာကြသည် ... အသားနာတော့ ... ဒေါသထွက်လာကြသည် ... တွတ်ပြီ ... အ၀တ်အစားမရှိ ကိုယ်တုံးလုံးနဲ့ ... လူယုတ်မာကို ... တွတ်ကြပြီ ... ကန်သည် ... ကြောက်သည် ... သွေးတွေ ထွက်လာသည် ... ငါးခူတွေကလည်း ... တွတ်သည် ... ဟား ဟား ဟား ...

မေ ... မြေအောက်ခန်းက ... သံလက်သီးကို ... လက်မှာ စွပ်လိုက်သည် ... အိုကေ ... နံပါတ်ဒုတ်တချောင်း ယူလိုက်သည် ... ရိုက်မယ်လေ ... ခေါင်းကို ခွပ်ကနဲ နေအောင် ရိုက်ပစ်လိုက်မယ် ... အပေါ်ကို ... ပြန်တက်လာပြီး ... ကြမ်းခင်းကို ပြန်ဖွင့်လိုက်သည် ... ဟား ဟား ... သက်အောင်. ... အတင်းတက်လာသည် ... ဟောဟဲ ဟောဟဲနဲ့ ... အသက်ရှုလို့ မ၀ ... ရှူ ... အားရအောင် ... တကိုယ်လုံး ... အပေါ်ရောက်လာတာနဲ့ ... မေ .. အပေါ်ကနေ ... စီးပြီး ... လက်မောင်းကို တချက် ရိုက်ပစ်လိုက်သည် ...

အားးးးးးးးး

အော် ... သူ့အသားနာတော့ ... အော်တတ်တယ်ပေါ့ ... ကဲဟယ် ... ဘယ်ပြီးတော့ ညာ ...

အားးးးး

ဟား ဟား ဟား ... လက်ပြီးတော့ ... ခြေထောက်ပေါ့ ... ကဲဟယ် ...

"အားးးးးးး ... မင်းဘာလို့ ငါ့ကို ... ဒီလိုလုပ်တာလဲ ... အားးးးးးး"

မမေးနဲ့ ... ထပ်ရိုက်အုံးမယ် ... လျှာတော်တော် ရှည်တယ် ... ရော့ နှစ်ချက် ... မေ ... အားကုန်ရိုက်သည် ... သက်အောင် ... ကြမ်းပြင်ပေါ်မှာ အပုံလိုက် ... မထနိုင်တော့ ...

"ဟား ဟား ... ထပါအုံး ... လူယုတ်မာကြီးရဲ့ ..."
"ဘာ ... မင်း ... မင်း ... လူမှားနေပြီနဲ့ တူတယ် ..."
"မမှားဘူး ... လူယုတ်မာရဲ့ ... မှတ်မိသေးရဲ့လား ... ငါ့ကို ... သေချာကြည့်စမ်း ..."

မေ ... သက်အောင် ... ဆံပင်ကို ဆောင့်ဆွဲပြီး ... မျက်နှာကို ဆွဲမော့လိုက်သည် ... ထွီ ... ရွံဖို့ကောင်းလိုက်တာ ... မေ ... တံတွေးနဲ့ ... ထွေးပစ်လိုက်သည် ...

"မင်း ... မင်း ..."
"ဟုတ်တယ် ... ဟုတ်တယ် ... ရှင်မှတ်မိပြီပေါ့လေ ... ဟား ဟား ... ရော့ ... မှတ်မိတဲ့အတွက် ... တချက် ..."

မေ ... သူ့ခါးကို ... ထပ်ရိုက်ပစ်လိုက်သည် ...

အားးးးးးး

"နာလား ..."
"နာတယ် ... တော်ပါတော့ ... ငါ တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ..."
"ဘာတောင်းပန်ပါတယ်လဲ ... အရမ်းယုတ်မာတဲ့ ... လူယုတ်မာ ... ကဲ ဟယ် ..."

မေ ... အရမ်းဒေါသထွက်နေတော့ ... သူ့မျက်ခွက်ကို ... သံလက်သီးနဲ့ ထိုးပစ်လိုက်သည် ... ခွပ် ...

အားးးးးးးးး

သက်အောင် ... ပါးစပ်က ... သွေးတွေ ဖြာကနဲ ကျသွားသည် ... လူယုတ်မာ ... ကဲဟယ် ... ကဲဟယ် ... ယား ...

မေး ... ထိုးသည် ... ရိုက်သည် ... နှက်သည် ... ဘယ်နှချက်မှန်းမသိ ... ဟူး ... လူယုတ်မာ ... မေ့သွားပြီလား ... နေအုံး .... နင်သေလို့ မရသေးဘူး ... မေ ... ဆံပင်ဆွဲပြီး ... ဒရွတ်တိုက် ... မြေအောက်ခန်းကို ... ခေါ်သွားသည် ... သွေးတွေက ... ကြမ်းပြင်ပေါ်မှာ ... မြင်လို့ မကောင်း ... အစင်းလိုက်ကြီး ... ဟား ဟား ... ကောင်းတယ် ...

မေ ... မြေအောက်ခန်းရောက်တော့ ... ဒင်းကို ... ခုတင်ပေါ်တင်လိုက်သည် ... ခြေထောက်တွေ ... လက်တွေကို ... ကြိုးတုပ်လိုက်သည် ... ကုတင်ပေါ်မှာ ... သက်အောင်က ... ကားယား ... ရုန်းလေ ... ဘယ်ရမလဲ ... ဟူး ... မောလိုက်တာ ... မေ ... ရေခဲသေတ္တာထဲက ... ရေတဗူး ... ထုတ်သောက်လိုက်သည် ...







ရေခဲရေက ... အမောပြေစေသည် ... ဒါပေမယ့် ... ရင်ထဲက အမုန်းတရားကို ... ပြေစေမှာ မဟုတ် ... အောင်မယ် ... ဒင်းဟာကြီးက ... ငါ့ကို ... လာလှောင်နေတယ်ပေါ့ ... တွေ့မယ် ... တွေ့မယ် ... ရေခဲရေနဲ့ ... သူ့မျက်နှာကို ... ပက်ပစ်လိုက်သည် ... သက်အောင် ... လန့်နိုးလာသည် ... ဟား ဟား ... ရုန်းတယ်ပေါ့ ... ကဲဟယ် ... မေ ... သူ့ရင်ဘတ်ကို ... ထပ်ရိုက်ပစ်လိုက်သည် ...

အားးးးးးးးးးးးး အီးးးးးးးးး

အော် ... ကြိုက်သလောက်သာအော် ...

ဟဲ့ အကောင် ... နင်ယုတ်မာတုန်းက ... အရမ်းကောင်းတယ်ဆို ... ကဲဟာ ...

အားးးးးးးးးးးးး

မေ ... ရိုက်ရတာ အားမရ ... ကြာပွတ်တခု ကောက်ကိုင်လိုက်သည် ... ကြာပွတ်က ရိုးရိုးမဟုတ် ... ဘရိတ်ဒါးတွေ အတွဲလိုက်ချည်ထားသော ... ကြာပွတ် ... ထိလို့ကတော့ ... ရွှတ်ကနဲ ... ရွှတ်ကနဲ အသားတွေ ... ဟား ဟား ဟား ...

"မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ ... တောင်းပန်ပါတယ်ဗျာ ..."
"လူယုတ်မာ ... သူများအိမ်ကို ဓါးမြတိုက်တယ် ... လူကို အားရအောင် ဖျက်စီးတယ် ... ကဲ ဟာ ... ရွှမ်း ... လာတောင်းပန်မနေနဲ့ ... ကဲ ဟာ ... ရွှမ်း .."
"အောင်မလေးဗျာ ... အားးးး ... အောင်မလေးဗျာ ... တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ... အားးးး ... . ...အားးးး ... .... အားးးး ... "

မေ ... အားရအောင် ... အဆက်မပြတ် ကျာပွတ်နဲ့ ... ရိုက်ပစ်လိုက်သည် ... သွေးတွေ ... လူယုတ်မာ တကိုယ်လုံး ... သွေးချင်းချင်း နီသွားသည် ... အော်လိုက်တာလည်း ... မပြောနဲ့ ... လူယုတ်မာ ... နင့်အလှည့်တုန်းက ... အားရအောင် ... လုပ်ထားတာ ... အခုတော့ ... ခံ ... မသေမချင်းခံ ... ဟား ဟား ဟား ...

"တောင်းပန်ပါတယ်ဗျာ ... နောက်မလုပ်တော့ပါဘူး ... နောက်မလုပ်တော့ပါဘူး ..."
"ခွေးမသား ... လူယုတ်မာ ... သူများသားပျိုသမီးပျိုကို ဖျက်စီးတဲ့ကောင် ... နေအုံး ... နင် အရမ်းနာလား ..."
"နာတယ် ... အရမ်းနာတယ် ..."
"အေး ... နာတယ်ဆိုရင် ... ဆေး ဖြန်းပေးရမှာပေါ့ ..."

"အောင်မလေးဗျာ ... စပ်တယ် ... စပ်တယ် ... အား ... အား ..."

စပ်မှာပေါ့ ... အရက်ပြန်လောင်းချလိုက်တာကိုး ... ခစ် ... ခစ် ... မေ အားရပါးရ ရယ်လိုက်တယ် ... ကြည့်ပါအုံး ... သက်အောင် တယောက် ... ထွန့်ထွန့်ကို လူးနေတာပဲ ... စပ်ကလည်း တအားစပ် ... ရုန်းတော့လည်း ... မလွတ်နိုင် ... ဘယ်လိုလဲ ... ကိုယ်ချင်းစာတတ်ပြီလား ... မုဒိန်းကောင်ရဲ့ ... ခစ် ... ခစ် ...

"စပ်တယ် ... စပ်တယ် ... အား ... အား ..."
"ခွေးကောင် ... အော်မနေနဲ့ ... ရော့ ... မစပ်အောင်လို့ ... ဒါလေး လူးပေးမယ် ... "
"အောင်မလေး ... မလုပ်နဲ့ ... မလုပ်နဲ့ ..."

သက်အောင် ကြောက်မယ်ဆိုလည်း ကြောက်စရာ ... မေ ဘယ်ဘက်လက်က ... လက်အိတ်ကို ... ကောက်စွပ်လိုက်ပြီး ... လက်ထဲ ကိုင်ထားတာက ... ဆား ... အနာကို ဆားသိပ်တော့ ... ပိုဆိုးပြီပေါ့ ...

"ခွေးကောင် ... နင် ငါ့ကို ... လုပ်တုန်းက ... အရမ်းကောင်းတာပဲဆို ... အခု နင့်အလှည့် ..."

မေ ... ဆားတွေကို ... အဆုပ်လိုက် ကိုင်ပြီး ... သက်အောင် ကိုယ်ပေါ်မှာ ဖြူးလိုက်သည် ... ပြီးတော့ ... ပွတ်ပစ်လိုက်သည် ... မှတ်ကရော ... ခုနက ... ဘရိတ်ဓါး အနာထဲ ဆားသိပ်ပေးလိုက်သည် ...

"အားးးး ... စပ်တယ် ... စပ်တယ် ... မလုပ်ပါနဲ့ ... တောင်းပန်ပါတယ် ... အားးးးးးး ...."

"လက်ဖြန့်စမ်း ... မှတ်မိလား ... ဒီလက် ... ငါ့ကို ... မတရားလုပ်တဲ့လက် ... ကဲဟာ ..."
"မလုပ်ပါနဲ့ ... မလုပ်ပါနဲ့ ..."

သက်အောင် ... လက်သီးဆုပ်ထားဆဲ ... ခေါင်းက တခါခါ ... မေ့လက်ထဲမှာ ... သံချောင်းနဲ့ ... တူ ... ကဲဟာ ... ပြောနေကြာတယ် ... လက်မဖြန့်လဲ ... ဒီအတိုင်း ရိုက်ထည့်ပစ်လိုက်မယ် ... မေ ... သံချောင်း တချောင်း ... ရိုက်ထည့်ပစ်လိုက်သည် ... တဒုန်းဒုန်းနဲ့ ... သံချောင်းက ... အဆုံးထိ နစ်ဝင်သွားသည် ... သက်အောင် ... အော်တာပေါ့ ... တအားအားနဲ့ ... အော်ပလေ့စေ ... အော် ... သေအောင်သာအော် ... အခု ငါ့အလှည့် ... နင့်လက် ဒီဘက်ပြီးတော့ ... ဟိုဘက် ... ကဲဟာ ... ဒုန်း ... ကဲဟာ ... ဒုန်း ....

သက်အောင် ... နာလွန်းလို့ ... အော်ငြီးရင်း ... မေ့သွားပြန်သည် ... မေ ... အရမ်းဒေါသထွက်နေသည် ... မောနေသည် ... တောက် ... လူယုတ်မာ ... ငါနဲ့ ယောင်းမကို ... လုပ်တုန်းက ... အားရပါးရ ... စော်ကားကြတယ် ... အခု နင်မေ့ချင်ယောင်ဆောင်နေတယ်ပေါ့ ... ဒင်းမျက်နှာကို ... ရေနဲ့ ထပ်ပြီး ပက်ပစ်လိုက်ပြန်သည် ... မနိုး ... အော် မနိုးဘူးပေါ့ ... ကောင်းပြီလေ ... လက်ပြီးတော့ ... ခြေထောက် ... ငါ့ကို လိမ့်နေအောင် ... ကန်ခဲ့တဲ့ ခြေထောက် ... ကဲဟယ် ... ကဲဟယ် ... သံချောင်းတွေ ... ထပ်ရိုက်ပစ်လိုက်သည် ... မကျေနပ်ဘူး ... လုံးဝ မကျေနပ်ဘူး ... ယောင်းမ ... နင့်အတွက် ... ငါ လက်စားချေနေပြီ ... ယောင်းမ ... နင့်ကို ... အားရအောင် ... လုပ်ခဲ့တဲ့ ကောင်ကို ... ငါအခု ... ဓါးနဲ့ ... တထစ်ချင်း ဖြတ်ပစ်မယ် ...

"ပြော ... ယောင်းမ ... နင် ... ဘယ်နားခုတ်စေချင်သလဲ ..."

မေ ... ရူးသွားပြီ ... မေ ရူးသွားပြီ ... နာကျည်းချက်များက ... အသဲခိုက်အောင် ... ဖြစ်နေတော့ ... မေ ရူးသွားပြီ ... သက်အောင်ကို ... စိတ်ရှိလက်ရှိ ... လုပ်ချင်နေတယ် ... နားထဲမှာ ... ယောင်းမအသံကို ကြားနေတယ် ... ယောင်းမက ပြောတယ် ... ဒင်းရဲ့ ... ဟိုဟာကို ဖြတ်ပစ်တဲ့ ...

ဟုတ်တယ် ... ဖြတ်ပစ်မှာပေါ့ .. မေ ... သက်အောင် ... ဒုတ်ကို ... ကိုင်ပြီး ... ဓါးနဲ့ လှီးပစ်လိုက်တယ် .... တထစ်ထစ်နဲ့ ... အသားတုံးကြီးက ... ပြတ်ထွက်သွားသည် ... ကောင်းတယ် ... မှတ်ပြီလား ... မှတ်ပြီလား ... နင် ငါတို့ကို ... ယုတ်မာထားတဲ့ ... ဟာကြီးလေ ... အခု နင့်မှာ မရှိတော့ဘူး ... နင့်မှာ မရှိတော့ဘူး ...

သက်အောင် ... ထအော်သည် ... အော် ... ဒင်းက ... မေ့ချင်ယောင် ဆောင်နေတာပေါ့ ...ေ-ာက်ကောင် ...

မေ ... အားရပါးရပြုံးပြီး ... နှာနုကို ... ပိတ်ထိုးပစ်လိုက်သည် ... သက်အောင် ... အကျယ်ကြီး ... အော်သည် ... အော်ပေါ့ ... သေအောင်အော် ... ဟူး ... မောလိုက်တာ ... ချွေးတွေလည်း ... ပြန်လာပြီ ...

မေ ... ရေခဲရေ ... နောက်တပုလင်း ထုတ်ပြီး သောက်လိုက်သည် ...

တီ တောင် ... တီ တီ .. တီတောင် ...

ဘာသံလည်း ... ဖုန်း ... မေ့ရဲ့ ဖုန်း ... ဘယ်သူဆက်တာလဲ ... နံပါတ်ကြည့်တော့ ... လှမြတ် ... တူမလေး ဆီက ... ဟာကွာ ... မေ ဖုန်းကောက်ကိုင်ပြီး ...

"ပြော ... ဘာပြောမလို့လဲ ..."
"ဒေါ်လေး ... ဒေါ်လေး ... ဘယ်မှာလဲ ..."
"မသိဘူး ... ငါအခု ... လူယုတ်မာကို ... ဆုံးမနေတယ် ... "
"ပြောပြပါ ... ဒေါ်လေးရယ် ... ဟီး ... သမီး လိုက်လာခဲ့မယ်လေ ... ဟီး ... ဘယ်မှာလဲ ... ဒေါ်လေးရယ် ... ပြောပြပါ ... ဒေါ်လေးရယ် ... နော် ... နော်"
"ထောက်ကြန့်မှာ ... ငါ့ဆီကို ... မလာနဲ့ .. မလာနဲ့ ..."
"ဒေါ်လေး ... အရမ်းမလုပ်ပါနဲ့အုံး ... သမီး ... လာခဲ့မယ်နော် ... ဟီး ... "
"နင် ... ငါ့ကို ဆရာလာမလုပ်နဲ့ ... နင် မေ့သွားပြီလား ... ဒင်း ငါ့ကို ... ဘယ်လို စော်ကားခဲ့သလဲ ... နင့်အမေကို ... ဘယ်လို စော်ကားခဲ့လဲ ... ငါတို့ကို ဘယ်လို ယုတ်မာခဲ့လဲ"
"သိပါတယ် ... ဒေါ်လေးရယ် ... ဒေါ်လေး ... ဒေါ်လေး ... စိတ်ကိုလျှော့ပါအုံး ... စိတ်ကိုလျှော့နော် ... "
"မလျှော့နိုင်ဘူး ... မလျှော့နိုင်ဘူး ... နင့်တာဝန်ကို နင်လုပ် ... မနက်ဖြန်ကျရင် ... ငါ့အခန်းထဲက ... အံဆွဲထဲက ... စာအတိုင်း ဆက်လုပ် ... ငါပြောတာ ကြားလား"
"ကြားတယ် ... ဒေါ်လေး ... သူ့ကို ... အခုခွဲစိတ်ခန်းမှာ ... သွေးကြောတွေ ပြန်ဆက်ပေးနေတယ် ... "
"ငါ့ကို ... ဂတိပေးစမ်း ... နင် ... ငါ ခိုင်းခဲ့တဲ့အတိုင်း ... လုပ်ပါ့မယ်လို့ ..."
"ဟုတ် ... ပေးပါတယ် ဒေါ်လေးရယ် ... ပေးပါတယ် ... ဒေါ်လေး ... ခဏနေအုံး ... ဦး ... ပြောမလို့ ... "
"ဟင့်အင်း ... ဟင့်အင်း ... မပြောနဲ့ ... သူနဲ့ ငါ မပြောချင်ဘူး ... "
"မေ ... မေ ..."

မေ ... သိတယ် ... ဒီအသံကို ... မေ ကြားတယ် .... ဒီအသံကို ... မမေ့ဘူး ... မောင် ... သိပ်ချစ်ရတဲ့ မောင် ... ကြာခဲ့ပြီဆိုပေမယ့် ... နေ့တိုင်း မေ့နားထဲမှာ ... ကြားနေဆဲ ... ဟင့်အင်း ... အခုတော့ ... အခုတော့ ... မပြောချင်ဘူး ... မပြောချင်ဘူးးးးးးးးးးး ....

"ဟင့်အင်း ... ဟင့်အင်း ... မေဆိုတာ သေသွားပြီ ... မဆက်နဲ့တော့ ..."
"မေ ... မေ ..."

မေ ... ဖုန်းကို ကောက်ပေါက်ပစ်လိုက်သည် ... ဟီးးးးးးးးးးးးးးးး ... မောင် ... နှုတ်ဆက်ခဲ့ပါတယ် ... မောင်ရယ် ... မေသွားတော့မယ် ... ယုတ်မာလွန်းတဲ့ ကံကြမ္မာကို ... မေ မုန်းတယ် ... မေတို့ကို ... ယုတ်မာခဲ့တဲ့ ... သက်အောင်တို့ကို ... မေ မုန်းတယ် ...

အို ... မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ...
မုန်းတယ် ...

တောက် ... ဒီလောက် မုန်းဖို့ကောင်းတဲ့ ... အမုန်းတရားတွေကို ... အဆုံးသတ်မျဉ်း ... ဆွဲပေးမယ်ဟေ့ ... မေ ... ဓါတ်ဆီပုံးကို ... သက်အောင် ... ကိုယ်ပေါ်မှာ ... လောင်းချလိုက်သည် ... မေ့ကိုယ်မှာလည်း ... လောင်းချပစ်လိုက်တယ် ...

"မလုပ်နဲ့ ..."

သက်အောင်ရဲ့ နောက်ဆုံး ... အသံလေး ... အော် ... အားရအောင် အော် .... ဟား ဟား ဟား ... မေ ... ဆီတိုင်ကီ သုံးလုံးကို ... ဖွင့်ပစ်လိုက်သည် ... အခန်းထဲမှာ ဓါတ်ဆီနံ့တွေ လျှံထွက်လာသည် ... လောင်မယ် .... နင့်ကိုလည်း မီးလောင်တိုက်သွင်းမယ် ... ပြီးရင် ... ငါလည်း သွားမယ် ... နေအုံး ... ရော့ ... ဒါ ... ငါ့ကို ... ယုတ်မာခဲ့တဲ့အတွက် ...

မေ ... ဓါးနဲ့ ... သက်အောင် ... ရင်ဘတ်ကို ... စိုက်ချလိုက်သည် ...

အားးးးးးးးးးးး

ရော့ ... ဒါ ငါ့ယောင်းမအတွက် ... ကဲဟာ ... ကဲဟာ ... ကဲဟာ ... ကဲဟာ ...

သက်အောင် ... ဗိုက်ထဲက ... ကလီစာတွေ ဗြောင်းဆန်အောင် ... ထွက်ကျလာသည် ... ကောင်းပြီ ...

အခု ငါ့အလှည့် ...

မေ ... မီးခြစ်လေးကို ... ခြစ်လိုက်သည် ...

"သွားပြီ ... သမီးရေ ..."
"သွားပြီ ... မောင်ရေ ... "

မီးခြစ်လေးက ... ကြမ်းပြင်ပေါ်ကို ... ပစ်ကျသွားသည် ... မောင်ရေ ... မေ သွားပြီ ... မေ ... မျက်စိကို မှိတ်လိုက်သည် ...


ဝုန်း



ပြီးပါပြီ

No comments:

Post a Comment