Tuesday, December 6, 2016

အိပ်မက်ဆိုးများ လွန်လေသော် - (၂)



        ချစ်သူ့မျက်နှာကို မော့ကြည့်ရင်း ပြောလိုက်သော စကားချိုချိုလေးကြောင့် သူတဒင်္ဂ ငေးငိုင် သွားမိသည်။ အရောင်လက်နေသော မျက်ဝန်းလေးများက ထူထူစိပ်စိပ် မျက်တောင်ကော့များနှင့် ဝန်းရံထားသဖြင့် ပိုမို တောက်ပနေခြင်းများလား။


“ငယ်..”

“ရှန်..”

“နှဖူးလေး နမ်းချင်တယ်..”

“အို…”

“အွန်းလေ ကွာ.. လေဆိပ်မှာ တွေ့တွေ့ချင်းကတည်းက ငယ် ကို့ကို နောက်တီးနောက်တောက် လုပ်နေတာ အသည်းယားလို့ ဖက်နမ်းပစ်ချင်တာ.. စိတ်ဆိုးသွားမှာ စိုးလို့.. ပြီးတော့တစ်ခါ ထမင်းလိုက်ကျွေးပြီး သည်အခန်းမှာ အိပ်ဆိုပြီး ရက်ရက်စက်စက် တစ်ယောက်တည်း ထားပစ်ခဲ့တယ်.. ခုထိ ကို့ချစ်လေးကို မနမ်းရသေးဘူး.. ”

“အယ်.. ခိ ခိ ခိ ခိ..”

“အယ် ရယ်တယ်ဗျ ကြည့်စမ်း.. ခင်ဗျားလေး ကျုပ်ကို တော်တော် အသည်းယားအောင်လုပ်နော်..”

“……….”

“ငယ်ရယ်.. ချစ် တယ် ကွာ..”

“ငယ်လည်း တူတူပါပဲ ကိုရယ်..”

“ကို နမ်းရမလား ဟင် ငယ်..”


          တုန်ရီလှိုက်မောသော အသံဖြင့် နူးညံ့ ညင်သာစွာ ခွင့်တောင်းလာသော ချစ်သူရှေ့တွင် လည်တိုင်လေး မော့ကာ မျက်လုံးလေး မှိတ်ထားပေးလိုက်ပါတော့သည်။ “ကိုရယ်.. ငယ်လေ ပြောမပြတတ်အောင် ကြည်နူးမိပါတယ်.. ဘာလို့များ ခုလို ငယ့်အပေါ် ညှာတာတဲ့ အချစ်နဲ့ ချစ်တဲ့သူကို ခုမှ ငယ် တွေ့ရတာလည်းနော်.. တကယ်တမ်း ငယ့် ဘဝက ကို့ အချစ်နဲ့ ထိုက်တန်ရဲ့လား ဆိုတာတောင် မတွေးတတ်နိုင်တော့အောင်ပါပဲ ကိုရယ်..”။


          မျက်လုံးလေး မှိတ်ပေးထားသော ချစ်ရသူ၏ ပုခုံးလေးနှစ်ဘက်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ညီညာပြေပျစ်သော နှဖူးပြင် မို့မို့ ဆီသို့ အနမ်းရှည်တစ်ချက် ဖိကပ်ရှိုက်နမ်းလိုက်၏။ သင်းပျံ့ယုံသာဟု ပြောရမည်ဖြစ်သော ရနံ့လေးက ရင်ထဲအထိ ရောက်သလို မရောက်သလို။ သေချာတာတော့ သူ သည်လောက်လေးနှင့် မတင်းတိမ်နိုင်တော့ပါ။ ပင့်သက်မောကို အသာချရင်း သူမကို ရင်ခွင်ထဲဆွဲသွင်းကာ တင်းနေအောင် ဖက်ထားမိသည်။အစောပိုင်းက ခပ်တောင့်တောင့်လေး ဖြစ်နေသော သူမကိုယ်လုံးလေးက တဖြေးဖြေးနှင့် အလိုက်သင့်မှီနွဲ့လာပြီး သူ့ရင်ခွင်ကို ပါးနှင့် အပ်ကာ ကြောင်လေးတစ်ကောင်လို တိုးဝှေ့နေတော့၏။ အိထွေးသော ကိုယ်လုံးကလေးနှင့် သဘာဝဆန်သော ကိုယ်ရနံ့လေးက သူ့ရင်ကို အင်မတန် ဒုက္ခ ပေးနေသည်။ သည့်ထက်ပို တစ်ဆင့် တက်ရန်မှာလည်း မိမိ အပေါ် အခွင့်အရေးသမားဟု ထင်သွားမှာ စိုးသေး၏။ အံကျိတ်၍ ထိန်းသိမ်းနေရသော အသိစိတ်ကို ပြဿနာရှာနေသူက ဘွားဘက် ညီတော်မောင်။ ခန္ဓာကိုယ်နှစ်ခု ဖိကပ်ထားသည့်ကြားမှပင် သင်းက ရုန်းကန်နေသေးသည်။


          ထိုစဉ် သူမလည်း ရင်ခွင်ထဲမှ ညင်သာစွာ ရုန်းထွက်လိုက်သည်။ သူ့ရင်ထဲတွင် ဟာ ကျန်ခဲ့၏။ စက္ကန့် အနည်းငယ် ကုန်လွန်သွားသည်အထိ နှစ်ဦးသား မျက်လုံးချင်း မခွာမိ။ ပန်းနုရောင်သမ်းနေသည့် သူမ၏ နှုတ်ခမ်းလွှာများက တဆတ်ဆတ် တုန်နေသယောင်။ နှဖူးပြင်ပေါ်မှ ဆံစနုနုလေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ပါးပြင်ပေါ် လက်ဝါးကပ်ကာ နှုတ်ခမ်းဖူးဖူးလေးပေါ်သို့ လက်မလေးဖြင့် ခပ်ဖွဖွလေး ပွတ်သပ်နေမိသည်။ ပွင့်အာလုလု ဖြစ်နေသော နှုတ်ခမ်းလေးထဲသို့ လက်မထိပ်လေးက တစ်ချက်တစ်ချက်ဝင်ရောက်လာသလိုလို။ ပန်းနုသွေး မျက်လုံးလေး မှေးစင်းကာ ထူးဆန်းသော ခံစားချက်ကို သာယာနေမိသည်။ မိမိနှုတ်ခမ်းသားများအတွင်း မထိတထိ တိုးဝင်နေသော ကို့  လက်မလေးကို လျှာဖျားနှင့် တို့ထိ လိုက်မိ၏။ ရင်ထဲ အသည်းထဲမှ လှိုက်တတ်လာသော ခံစားမှုကို သူမ အမည်မဖော်နိုင်ခဲ့ပါ။ သေးသွယ်သော ခါးလေးကို သိုင်းဖက်ထားသည့် ကို့  လက်တစ်ဘက်က သူမ ကို အသာ ဆွဲကပ်လိုက်သည်။ ခန္ဓာကိုယ် အောက်ပိုင်းနှစ်ခု ထိကပ်သွားပြန်သည်။


          နှုတ်ခမ်းများပေါ် ဆော့ကစားနေသော ကို့ လက်မ ထိပ်လေးကို သကြားလုံး စုပ်သလို စုပ်ပေးနေမိသည်။ မိမိကိုယ်တိုင် ဘာတွေလုပ်မိနေမှန်း မသိတော့ချေ။ မျက်လုံးလေး မှေးစင်းကာ အသိစိတ်တို့က လွင့်မြောလျှက်။ထိုစဉ် နှုတ်ခမ်းများပေါ်မှ ပူနွေးစွတ်စိုသော ထိတွေ့မှု တစ်ခု။ သတိဝင်လာချိန်တွင် ကို က မိမိနှုတ်ခမ်းများကို တရှိုက်မက်မက် စုပ်နမ်းနေပြီ။ နူးညံ့ စွတ်စိုသော အနမ်းတို့ကို နှစ်သက်မိသည် အမှန်ပင်။ ကို က ပန်းနုသွေး ဆံပင်များ ကြားထဲသို့ လက်ချောင်းများ ထိုးသွင်းရင်း ခေါင်းလေးကို ထိန်းကိုင်ထား၏။ ကျန်လက်တစ်ဘက်က ခါးကို သိုင်းယှက်ထားသည်။ ပူးကပ်နေသည့် အောက်ပိုင်းတွင် ညီလေးနှင့် ညီမလေးလည်း ချစ်ရည်တို့ စိုလူးနေကြရှာပြီ။ ခြားနေသော အဝတ်အစားများကြောင့် သူတို့နှစ်ဦးကတော့ ပွေ့ဖက်ခွင့် မရကြရှာသေး။ နှစ်ဦးသား အနမ်းတို့က နူးညံ့နေရာမှ လှိုင်း ထန်လာသည်။ မြင့်တက်လာသော အချစ်၏ ဒီရေကြောင့် ပန်းနုသွေး ရွှေရင်နှစ်မွှာတို့ ရှိန်းမြ ထူပူလာ၏။ ကျောပြင်ကို ပွပ်သပ်နေသော ကို့လက်များက သူမကို တင်းကျပ်နေအောင် ဆွဲကပ်လိုက်ပြန်သည်။ ပန်းနုသွေးတစ်ယောက် ခြေဖျားလေး ထောက်ကာ ကို့ အနမ်းတို့ ဦးဆောင်ရာသို့ အတူလိုက်ပါနေမိ၏။ တစ်ချက်တစ်ချက် မိမိ ပါးစပ်အတွင်း တိုးဝင်လာသော ကို့ လျှာလေးကို ဆွဲစုပ်မိသည်။ တိတ်ဆိတ်နေသော အခန်းထဲတွင် အနမ်းစိုစိုတို့၏ ရှိုက်ညည်းသံက အတိုင်းသား။ တမေ့တမော အနမ်းများ၏ အဆုံးတွင် နှဖူးချင်း ထိကပ်ကာ အနားယူကြသည်။ ပင့်သက်တို့ ကတော့ဖြင့် တုန်ရီနေဆဲ။ ကပိုကယို ဖြစ်နေသော ချစ်သူ့ မျက်နှာလေးက ပန်းသွေးရောင် စိုလဲ့နေ၏။


“ချစ်တယ် ငယ်ရယ်.. အရမ်းပဲ..”

“ငယ်လည်း တူတူပါပဲ ကို..”

“ကို တို့ အမြန်ဆုံး လက်ထပ်ကြမယ်နော်.. ငယ်လေးကို ကို ပိုင်ဆိုင်ချင်ပြီ..”

“ဟုတ် ကဲ့ ပါ..”


စိမ်းမှောင်သော ပင်လယ်ရေပြင်တွင်းသို့ တစ်ဝက်တစ်ပျက် နစ်ဝင်နေသော လိမ္မော်ရောင် နေဝန်းကြီး၏ အရိပ်တစ်ဝက်က ရေမျက်နှာပြင်တွင် ယိမ်းကလျှက်။ မနက်က အထွက်နောက်ကျ သွားသဖြင့် ချောင်းသာ ကမ်းခြေသို့ ညနေချိန်နီးမှပင် ရောက်တော့သည်။ ကြိုတင်စီစဉ်ထားသော ဟိုတယ်အခန်းတွင် နေရာချကြတော့ သီးသန့် ကုတင်တစ်လုံးစီနှင့် နှစ်ယောက်ခန်းကိုကြည့်ပြီး.. “ငယ့်.. ကုတင်လေးတွေက နည်းနည်းများ သေးမနေဘူးလား.. နှစ်ခု ပူးလိုက်မှနဲ့တူတယ်နော..” ဟု ပြုံးစစနှင့် နောက်သည်။ တနေကုန် ကားစီးလာရသဖြင့် ညီးစီစီဖြစ်နေပြီမို့ ကမ်းခြေသို့အရင်ဆင်းရန် စိတ်ကူးလိုက်ကြ၏။ သူ့အတွက်တော့ မြန်မာ့ရေမြေ ရာသီဥတု၊ ပင်လယ်ပြင်အလှ နှင့် ချစ်သူ၏ ချိုမြိန်သော နှုတ်ခမ်းကလေးသည် ဘဝအမောတို့ကို ချွေးသိပ်ပေးသော တေးတစ်ပုဒ်ပင်။


“ဖိနပ် ချွတ်လိုက်လေ ငယ်.. သဲပြင်ပေါ် သည်တိုင်းလျှောက်ရတာ ပိုမိုက်တယ်ကွ..”

“ကုန်းပိုးစီးရရင် ပိုတောင် မိုက်ဦးမယ်.. ခိခိ..”

“တကယ်လား..”

“ဟီဟိ.. တကယ်ပေါ့..”

“လာ.. တက်..ကျောပေါ်..”

“ခိခိ..”

“အိရှ်.. ကုတ်တော့ ကိုက်မဆွဲနဲ့နော် ကလေးလေး..”

“ခိခိ.. ကို့.. လေးလား ငယ့်ကိုယ်က..”

“အွန်း.. အီးထွက်တော့မယ် လေးလို့..”

“ဟယ် အာ့ဆို ချပေးတော့..”

“အာ နောက်တာကို.. ငြိမ်ငြိမ်နေ..”

“ကို မောနေမယ်လို့.. ချပေးတော့..”

“မောပါဘူးကွာ.. ကိုက သက်လုံကောင်းတယ်..”

“ခိခိ..”

“အယ် ရယ်တယ်ဗျ.. မယုံဘူးလား..”

“ယုံဘူး..”

“အွန်း.. ညကျ သက်သေပြမယ်..”

“ကို နော်..”


          သည်ညနေအဖို့တော့ နေအတော်စောင်းပြီမို့ ရေစိမ်ရန် မသင့်တော့။ ရေစပ်စပ် ကလေးတွင် လမ်းလျှောက်ကြရင်း ကမ်းစပ်သို့ ရိုက်ခတ်လာသော လှိုင်းများနှင့် အပြေးပြိုင်နေသော သူမ။ ဝင်းဝါစိုပြေသော သူမ၏ အသားအရောင်နှင့် ပင်လယ် ဆည်းဆာ၏ တိမ်ရောင်စုံတို့က အလှချင်းပြိုင်နေသည်။ သဲဖြူဖြူတို့ ပေလူးနေသော ခြေမဖိုးလေးကို ငုံ့ကြည့်ရင်း..


“ကို့ချစ်က ခြေချောင်းလေးတွေကအစ လှတယ်နော်.. နေပါဦး မေးရဦးမယ်.. ကို့ကိုပြောတော့ Foot chain လေးတွေ Ring လေးတွေ ဝတ်ထားရမှ နေတတ်တယ်ဆို..”

“အွန်းလေ.. အာ့ မနေ့က တမင် ချွတ်ထားတာ.. လေဆိပ်မှာ ကို ငယ့်ကို ရုတ်တရက် မသိအောင်လို့..”

“ကျန်း.. လူဆိုးမလေး..”

“ခိခိ..ခိခိ..”

“ခင်ဗျားလေးနော်.. တော်တော် အသည်းယားအောင်လုပ်..”

“ခိခိ..”

“ပြန်ကြစို့ငယ်.. လေအေးလာပြီ..”

“ဟုတ်..”



        ဟိုတယ် အခန်းသို့ပြန်ရောက်တော့ ရေချိုးရန်ပြင်စဉ်..“ငယ့်.. ကို ချိုးပေးရမလား..”။ “အင်…” သူမ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ ရိုးသားစွာ ဝန်ခံရပါလျှင် ကို နှင့်အတူ နှစ်ယောက်တည်း ခရီးထွက်လာရခြင်းကပင် သူမ အနေနှင့် ကို့ ကို တစ်စုံတစ်ခု ပေးအပ်လို၍ ဖြစ်သည် မဟုတ်ပါလား။ မွှေးပွ တဘက်ကို ဆွဲယူကာ ရေချိုးခန်းတွင်း ဝင်လိုက်တော့ နောက်နား ဆီမှ ကပ်ပါလာသော ကို့ မျက်နှာက ပြုံးစိစိ။ ရှပ်အကျီကြယ်သီးများကို တစ်လုံးချင်း ချွတ်ရင်း “ဟေ့.. ကောင်မလေး.. ရေချိုးတာ အကျီကြီးနဲ့ ချိုးမလို့လား..” သူမ မျက်စောင်းလေး ထိုးလျှက်..


“ကိုနော်…”

“လာ ကို ချွတ်ပေးမယ်.. ဟိုဘက်လှည့်..”


          ပြောရင်း ဆိုရင်း လူကို အသာဆွဲလှည့်လိုက်တော့ ပန်းနုသွေး ကိုယ်လုံး အိအိလေးက အဝတ်မဲ့သော ကို့ ရင်ခွင်ထဲ နစ်ဝင်သွားတော့သည်။ အားကစား လိုက်စားသော ကို့ ခန္ဓာကိုယ်က ယောင်္ကျားပီသကာ ကြည့်ကောင်းလှ၏။ ရင်အုပ်ကျယ်ကြီးနှင့် သန်မာသည့် လက်မောင်းများ၊ မဖြူလွန်း မညိုလွန်းသော အသားအရောင်နှင့် တိရိသေသပ်သော ဆံပင်ပုံစံတို့က လိုက်ဖက်လွန်းလှသည်။သူမကို နောက်ကျောမှ သိုင်းဖက်ကာ နားထင်စပ်နှင့် လည်တိုင်တစ်လျှောက် အနမ်းတွေပေးတော့၏။ နားရွက်ဖျားလေးကို စုပ်ဆွဲလိုက်စဉ် သူမ တစ်ကိုယ်လုံးရှိ သွေးကြောများ ဖျဉ်းကနဲ ဖြစ်သွားသလိုပင်။


          ရင်ဘတ်ရှေ့တွင် ကြက်ခြေ သိုင်းယှက်ထားသော လက်ကလေးကို ဖွဖွလေး ဖယ်ထုတ်လိုက်၏။ ကို့ လက်များက သူမ လည်တိုင်ရင်းမှသည် လုံးဝန်းသော ပခုံးနှင့် လက်မောင်းလေးများကို ညင်သာစွာ ပွတ်သပ်နေသည်။ မေးဖျားလေးကို ဆွဲမော့ကာ မျက်နှာကို အသာလှည့်စေလိုက်၏။ ကို ဘာကိုလိုချင်ပြီမှန်း ရိပ်မိလိုက်သည်မို့ မျက်လုံးလေး မှေးစင်းပေးလိုက်တော့သည်။ ကိုယ်တိုင်ကလည်း ချိုမြိန်သော အနမ်းတို့ကို ငံ့လင့်နေမိသည်ပဲလေ။ နွေးထွေးသော အနမ်းတို့က သူမ နှုတ်ခမ်းလွှာတို့ကို အငမ်းမရ စုပ်ယူ နမ်းရှိုက် နေတော့၏။ တစ်ဆက်တည်းပင် ရင်သား မို့မို့ များပေါ် ခရီးသွားနေသော ကို့ လက်တို့က ခြေလှမ်း သွက်လာတော့သည်။


          “ချစ်တယ်ငယ်ရယ်.. အရမ်းပဲ…”နားရွက်ဖျားလေးကို ငုံခဲရင်း လေသံ ဖြင့်ပြောလိုက်သည့်စကား။ နှလုံးသားမှသည် အသွေးအသားထဲအထိ စိမ့်တက်သွားတော့သည်။ ဝတ်ထားသော ဂါဝန်လေးလည်း ခြေရင်းတွင် ပုံလျက်သား ကျနေပြီ။ ရှေ့တည့်တည့်မှန်ထဲသို့ မရဲတရဲ ကြည့်လိုက်သည်။ ယောင်္ကျားတစ်ယောက်၏ ရင်ခွင်ထဲတွင် ဖရိုဖရဲ နစ်ဝင်နေသော မိမိ ပုံစံကို ပြန်မြင်နေရ၏။ သူမ တစ်ကိုယ်လုံး ထုံထိုင်း အေးစက်လာသလိုလို။ အတိတ်ကို ပြန်မြင်ရင်း လူက ဆို့နင့်လာပြန်သည်။ လွန်ခဲ့ပြီးသော ကိစ္စတုန်းကလို ကြောက်စရာကောင်းသည့် ဆက်ဆံမှုမျိုး..။ ဟင့်အင်း.. ကို က ငါ့ချစ်သူ..။ကိုက ကြင်နာတတ်တဲ့လူပဲ.. လူရမ်းကားတစ်ယောက်မှ မဟုတ်ဘဲ..။


          အတွေးတို့ကို အားတင်းပါသော်လည်း လူက မတ်မတ် မရပ်နိုင်တော့သလိုပင်။ ပိပိလေး အတွင်းမှ ဝတ်ရည်အချို့ စိမ့်ထွက်နေသလိုလို..။ တစ်ခုခုကို လိုအပ်နေတာလား.. ထိတ်လန့်နေတာလား.. ။ အဝတ်စ တစ်ခုလို အိနွဲ့ သွားသော သူမကို ခပ်တင်းတင်းလေး ထိန်းရင်း.. “ဘာဖြစ်လဲ ငယ်လေး.. ဟင်.. အဆင်ပြေရဲ့လား.. နေကောင်းရဲ့လား ကလေးလေး..” မေးလိုက်သော ကို့ စကားသံတို့တွင် ကြင်နာမှုက အပြည့်။


“ရင် တုန် လို့..”

“အွန်.. ရင် တုန်တာလား.. ရင်ခုန်တာလား.. မွ..”


          ချွေးစို့နေသည့် လည်ကုတ်လေးကို ငုံ့နမ်းရင်း မေးပြန်သည်။ ပန်းနုသွေး ခေါင်းလေး ငဲ့စောင်းပေးမိ၏။ ကို့ အနမ်းတို့က လည်တိုင်နှင့် ပခုံးစောင်း တလျှောက် ဖွဖွလေး ခရီးဆက်နေပြန်သည်။ “ဟင်.. ငယ်လေး.. ကို ဆက်ချစ်လို့ ရမှာလား.. ဖြေပါဦး ကွာ..” ကို့ စကားသံက ခွင့်တောင်းနေသလိုလို.. ညှိနှိုင်းနေသလိုလို.. ။ ပခုံးပေါ်မှ ဘရာကြိုးလေးကို ဘေးသို့ ဖြေးညှင်းစွာ ဆွဲချရင်း ကြိုးရာလေး တလျှောက် ဖွဖွ နမ်းနေပြန်သည်။ မိမိကျောပြင်နှင့် ကို့ရင်ခွင်ကြားတွင်လည်း အနက်ရောင် ဘရာလေးမှ လွဲ၍ အဝတ်အစား အတားအဆီး မရှိတော့ပြီ။ သူမ စိတ်ထဲမှာလည်း ကို့ကို အဆုံးစွန်ထိ ခွင့်ပြုဘို့ ဆုံးဖြတ်ထားပြီးသားပါ။


“ဟိုလေ.. ဖြေးဖြေးချစ်လေ.. နော် ကို..”

“အွန်းပါ.. ဖြေးဖြေးချင်းသွားမယ်လေ.. နော်..”

“ဟုတ်..”



        သူမ ကိုယ်လုံးလေးကို ရင်ခွင်ထဲ တွင်ပင် တစ်ပါတ်လှည့်ကာ မျက်နှာချင်း ဆိုင်စေလိုက်သည်။ “ခိုထား.. ကို့ လည်ပင်းကို..” ကိုပြောသည့် အတိုင်းပင် လက်ချောင်းများ ထိုးယှက်ကာ ကို့လည်တိုင်ကို သိုင်းခိုလိုက်၏။ ကို့ အရပ်နှင့် အဆင်ပြေရန် ခြေဖျားလေး ထောက်လိုက်ရသည်။ ဆွဲဆန့်လိုက်သလို ဖြစ်သွားသော ခါးကျဉ်ကျဉ်လေးကို ကို က လက်နှစ်ဘက်ဖြင့် ထိန်းကိုင်လိုက်သည်။ နှုတ်ခမ်းနှစ်ခု အနမ်းတွေ ချွေကြပြန်၏။ သည်တစ်ကြိမ်တော့ ကို နမ်းပုံက စောစောကလို အရှည်ကြီး မဟုတ်တော့။ ပြွတ်ကနဲ ပြွတ်ကနဲ တစ်ချက်ချင်း စုပ်ရင်း သူမ နှုတ်ခမ်းများကို မထိတထိ ဆော့ကစားနေသည်။ ကို့ နှုတ်ခမ်းတို့ လွတ်ထွက်သွားတိုင်း ရင်ထဲတွင် လှပ်ကနဲ လစ်ဟာ သွားသယောင်ယောင်။ လက်နှစ်ဘက်ကလည်း တင်စိုင်တွေပေါ် ပွတ်သပ်နေ၏။ ပင်တီလေး အတွင်း လက်ထိုးသွင်းကာ တင်သားမို့မို့လေးများကို ဖျစ်ညှစ်လိုက်စဉ်.. “အိုးး.. ကို့…ဟင်းး…” ပန်းနုသွေး လက်တို့ ယောင်ယမ်းကာ ကို့ ပခုံးကို ကိုင်မိသွား၏။


         “ခိုထားလေ.. ငယ်..ကို့ ကို မှီထား.. ” သူမ လက်တို့ကို လည်ကုတ်ဆီပြန်ရွှေ့တင်လိုက်ရင်း ပြောလိုက်သည်။ “စိတ်ကိုလျှော့ချထားလေ ချစ်လေး.. နော်…” ပြောသူကိုယ်တိုင်၏ အသံကဖြင့် လှိုင်းထ တုန်ရီလျှက်။ သူမ ခေါင်းလေးငြိမ့်ယုံသာ ငြိမ့်ပြလိုက်၏။ ညီမလေးလည်းငိုရှာလေပြီ။“ကိုရယ်.. ငယ်လေ.. အရမ်း ကြည်နူးမိတယ်.. ကို ဦးဆောင်တဲ့နောက် ငြိမ်ငြိမ်လေးပဲ လိုက်တော့မယ်.. ချစ်ပါတော့.. ငယ့်ကို ချစ်လိုက်ပါတော့ ကိုရယ် နော်..”ရင်ထဲမှ လှိုက်တက်လာသော ဆန္ဒများက နှုတ်ဖျားမှ ထွက်မလာ။


         ကျောပြင်ဆီမှ ဖျတ်ကနဲခံစားချက်နှင့် အတူ လူက လေဟာနယ်ထဲ ရောက်သွားသည်။ တင်စိုင်တွေကို ပွတ်သပ်ရင်း ကျန်လက်တစ်ဘက်က ဘရာချိတ်ကို ဖြုတ်ချလိုက်ပြီပဲ။ ကို့ လည်တိုင်အောက် အတင်း ဝင်ပုန်းမိသည်။ “ချစ်လား..” မေးသံလေးက တကယ့်ကိုမှ တိုးတိုးလေး။ “ချစ်တယ် ကိုရယ်.. အရမ်းပဲ..” ရင်ဘတ်ကို မျက်နှာအပ်ပြီး ပြောလိုက်တာပေမယ့် ကို ကြားမှာပါ။ သူမကိုယ်လေးကို ဆွဲချီ မ ကာ ဘေစင် ခုံပေါ် ထိုင်လျှက် တင်လိုက်၏။ ပင်တီလေးထဲ လက်ထိုးသွင်းပြီး ချွတ်ရန် ပြင်နေသည်။ ကို့လည်ပင်းကို တင်းတင်း ခိုထားလျှက်က တင်ပါးလေး ကြွပေးလိုက်မိပြီ။ တကိုယ်လုံးတွင် ထူပိန်းတက်လာသည့် ကြက်သီးမွှေးညင်းများမှာ ဘေစင် ကြွေခုံ၏ အေးစက်မှုကြောင့် ဟုတော့ သူမ မထင်မိချေ။ နှုတ်ခမ်းများ ဆီမှ ကို့ အနမ်းတွေ နေရာ ရွေ့လာပြီ။ လည်တိုင် တလျှောက်.. ထိုမှသည် တင်းရစ်မို့မောက်သော ရွှေရင် အစုံ.. ပန်းနုရောင် သီးလုံးလေးကို လျှာထိပ်နှင့် ကလိပေးနေသည်။ သူမ ခါးလေး အလိုလို ကော့တက်လာသည်။ တိုးညင်းသော ပင့်သက်တို့က စီးလွတ်ဝါးလွတ် ထွက်ပေါ်လာ၏။


         ကို့ လက်တစ်ဘက်က သူမပေါင်တံကို အသာ ဆွဲကားလိုက်၏။ ပေါင်အတွင်းသားများကို ပွတ်သပ်ပေးနေပုံက တယုတယ နိုင်လွန်းလှသည်။ ကို့လက်ချောင်းတွေညီမလေးနှုတ်ခမ်းပေါ် ရောက်လာကြပြီ။ ပိပိလေး အတွင်းမှ ပူနွေးစိုစွတ်ကာ ကျင်တက်လာ သလိုလို.. ကိုရေ.. ငယ် မနေတတ်တော့ဘူး.. မျက်လုံးမှိတ်ကာ အံကျိတ်ထားသည့် ကြားမှပင် ခါးလေးကော့ကာ ကော့ကာနှင့် ထူးဆန်းသော ထိတွေ့မှုများကို အငမ်းမရ ခံစားနေမိတော့သည်။ နို့သီးခေါင်း ထိပ်ကလေးမှ ယားကျိကျိ ခံစားမှုနှင့် ညီမလေး အတွင်းလွှာများ ဆီမှ မက်မပြေနိုင်သော အရသာတစ်မျိုး.. နှုတ်ဖျားမှ ညည်းညူသံများကိုလည်း မည်သို့မှ မထိန်းနိုင်တော့..


“အားး ကို့ ရှူရှူးပေါက်ချင်တယ်.. အရမ်းပဲ.. ဖယ်ပေးပါ.. အ.. ဟင်းး..”

“ပေါက်ချလိုက်လေ ကွာ..”

“ဟင့်အင်း.. ကို့.. အ..”

“ချစ်တယ် ငယ်ရယ်.. အရမ်းပဲ..”

“ကို့.. ရှူးပေါက်ချင်.. အ..ရှီးး.. ကို့..”


         ကို့ လက်ချောင်းများက ပိပိလေး၏ အတွင်းပိုင်း ပွင့်ချပ်များကို စိတ်ကြိုက်မွှေနှောက်နေသည်။ ပန်းနုသွေး ခြေဖျားလေးများ ကွေးတက်သွားပြီး လူက လေထဲမြောက်သွားသလိုလို။ ကို့ကိုလည်း တင်းနေအောင် ဖက်တွယ် ထားမိသွားသည်။ “ရှီးးးး ကိုးးးး… အင်းဟင်းး.. ” ပင့်သက်မောနှင့် အတူ ကို့ကို သိုင်းဖက်ထားသည့် လက်အစုံတို့ ပြေလျော့သွားတော့၏။ ပြိုဆင်းလာသော သူမ ကိုယ်လုံးလေးကို ထိန်းပွေ့ရင်း အနမ်းများနှင့် နှစ်သိမ့်ပေးနေလိုက်သည်။ ရင်ခွင်ထဲတွင် နစ်ဝင်နေသော ချစ်သူလေး.. ချစ်လိုက်တာ ငယ်ရယ်..။ ခဏနေတော့ သူမ အမောပြေသွားသည်။ ရင်ခွင်ထဲတွင် လူးလွန့်ရင်း ကို့ နို့သီးခေါင်း သေးသေးလေးများကို ဆော့ကစားနေမိ၏။ စိတ်ကလည်း တွေးနေမိသည်။ ကို့အတွက် ဘာပြန်လုပ်ပေးရမလဲ။ စဉ်းစားရင်း ကို့လည်တိုင်ကို လျှာလေးနှင့် တို့ထိ ကစားလိုက်သည်။ နို့သီးခေါင်းလေးများကိုလည်း လက်သည်းနှင့် ခပ်ဖွဖွ ကုတ်ခြစ်နေမိ၏။ ကို့ အသက်ရှုသံတို့ အနည်းငယ် ပြင်းထန်လာသည်ဟု သူမ ခံစားမိလာသည်။


        ကို့ အပေါ် ယုံကြည်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုက ချစ်စိတ်ကို ပိုလို့ တွန်းအားပေးနေသည်။ ရင်ထဲတွင် ထိတ်လန့် စိုးကြောက်မှုများလည်း ရှိမနေ။ ခံစားမှုအားလုံးက ချစ်သူနှင့် တစ်သားတည်း ဖြစ်လို့နေသည်။ ကို့ ရင်ဘတ်ကို ပွတ်သပ် ဆော့ကစားနေသည့် လက်များကို ခါးဘက်ဆီသို့ ခရီးဆန့်စေလိုက်၏။ ဘောင်းဘီခါးပါတ်ကို ခပ်ဆတ်ဆတ် ဆွဲဆောင့်ရင်း..


“ကို မကောင်းဘူးကွာ.. ငယ့်ကျ အကုန်..”

“အွန်း.. ဆက်ပြောလေ.. အကုန် ဘာဖြစ်လဲ..”

“သိဘူး..”

“ဟဟ.. ချစ်စရာလေး..”


          ပြောရင်းနှင့် သူမကို တင်းနေအောင်ပွေ့ဖက်ကာ လည်တိုင်ကို အနမ်းတွေ ပေးနေပြန်သည်။ ခဏနေတော့ လူချင်း ခွာလိုက်၏။ သူမစိတ်ထဲ ရုတ်တရက် အကာကွယ်မဲ့သွားသလို ခံစားလိုက်ရသည်။ ပေါင်လေးနှစ်ဘက်ကို ပူးကပ်ကာ ရင်သားများရှေ့တွင် လက်နှစ်ဘက်ကို ကြက်ခြေ သိုင်းကာထားလိုက်၏။ ကို ကလည်း.. ဘာမှန်းလည်း မသိဘူး.. စိတ်ထဲမှ မချင့်မရဲ ရေရွတ်ရင်း စောစောက အသိစိတ်လွတ်သွားသော မိမိဖြစ်အင်ကို ရှက်မိသလိုလို။ မိမိကို ပြုံးစိစိ ကြည့်ရင်းဘောင်းဘီ ခါးပါတ်ကို ခပ်သွက်သွက် ချွတ်နေသော ကို့ကို မျက်စောင်းလှလှလေး ထိုးလိုက်၏။ “သဘာဝပါတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အနေနဲ့ သဘာဝအတိုင်း နေကြမယ်လေကွာ နော..” ပေါက်ပေါက်ရှာရှာပြောလိုက်သည့် ကို့ စကားကြောင့် သူမ ရှက်စိတ်တို့ လွင့်ပြယ်ကာ တခိခိ ရယ်လိုက်မိသည်။ ချစ်သူ၏ ကျွမ်းကျင်သပ်ရပ်သော ဦးဆောင်သွားမှုက အတိတ်ဆိုးကြောင့် လေးလံနေသည့် သူမ စိတ်တို့ကို အထိုက်အလျှောက် ပေါ့ပါးသွားစေသည်အမှန်ပင်။


          သူ့ကိုပေါ်တွင် အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့၏။ ငယ့်ကြည့်ရတာ တစ်ခုခုကို စိုးထိတ်နေပုံပဲ.. နှစ်ဦးသား အွန်လိုင်း ပေါ်တွင် ချစ်ရေးချစ်ရာများ ဆွေးနွေးဖြစ်ကြတော့ သူမတွင် ချစ်သူ ရှိခဲ့ဖူးကြောင်း.. ထိုချစ်သူနှင့် အတန်အသင့် ခရီးရောက်ခဲ့ဖူးကြောင်း သူ့ကို ပွင့်လင်းစွာ ပြောပြထားသည်။ သို့သော် လက်ရှိအချိန်တွင် သူမပုံစံက အစိမ်းသက်သက် ဆန်လွန်းနေသလိုပင်။ နှဖူးဆံစပ်တွင် သီးစို့နေသော ချွေးစီးလေးများနှင့် ဖြူဖျော့ဖျော့နှုတ်ခမ်းလေးက သူမ၏ အရိုင်းဆန်မှုကို သက်သေပြနေသည်။ ခရီး ပန်းလာလို့များလား။ ဘာပဲဖြစ်ဖြစ် ချစ်သူတို့ဘာဝ မလွဲမသွေ ကြုံရမည့် သည်အရေးတွင် သူ့ဘက်မှ ညှာတာမှုထားကာ ဦးဆောင်သွားရန်လိုကြောင်း မိုးသောက်လင်း ရိပ်မိလိုက်သည်။ “ချစ်တယ်ငယ်ရယ်..” ညင်သာစွာ ပွေ့ဖက်လိုက်ရင်း နားနားကပ်ကာ ပြောလိုက်၏။  ကြက်ခြေခတ် သိုင်းယှက်ထားသည့် သူမလက်များကို အသာ ဆွဲဖယ်လိုက်သည်။ ရင်ခွင်ထဲ ခေါင်းတိုးဝင်လာသည့် ချစ်သူလေး။ သူမလက်လေးများကို သူ့ ခါးဆီသို့ နေရာချပေးလိုက်၏။


          ရှည်သွယ်သော ကို့လက်ချောင်းများက ရင်စိုင်မို့မို့ပေါ်ရောက်လာပြန်ပြီ။ သီးလုံးလေးကို လက်ညှိုး လက်ခလယ်တို့ဖြင့် ညှပ်ကာ ခပ်ရွရွ ချေပေးနေသည်။ ကို့ခါးကို ကိုင်ထားမိသော သူမ လက်တွေကလည်း အတွင်းခံအောက်မှ ခုံးထနေသော ညီလေးဆီသို့ မရဲတရဲ စမ်းမိသွား၏။ ထူးဆန်းသော ခံစားချက်က သူမကို ဖိတ်ခေါ်နေသည်။ ကို့လိုပင် သန်မာထွားကျိုင်းပုံရသော ညီလေးကို အတွင်းခံပေါ်မှပင် တယုတယ ပွတ်သပ်ပေးနေမိသည်။ “ငယ့်.. ကို ချစ်ချင်တယ် ကွာ..” နားနားကပ်ပြီးပြောလိုက်သော ကို့ အသံလေးက မငြင်းရက်ချင်စရာပင်။


“ကို့ သဘော လို့..”

“အာ့ဆို သွားရအောင်လေ.. အိပ်ယာထဲ.. နော်.. သည်တိုင်းကြီးက ငယ်လေး အဆင်မပြေလောက်ဘူး..”


          တိုင်ပင်တာလိုလို တောင်းဆိုတာလိုလို.. မည်သို့ပင်ဆိုစေ သူမ ခေါင်းလေး ညင်သာစွာ ငြိမ့်ပြလိုက်တော့၏။ သေချာပါတယ်.. ကိုက သိပ်ချစ်တတ်တဲ့သူပါ။ သူမ စိတ်ထဲတွင် ကို့အပေါ် တစ်ထပ်တည်းကျသော ခံစားမှုနှင့် ယုံကြည်မှုတို့ အပြည့်ရှိနေတော့သည်။ “ခွထား ကို့ကို..” လည်တိုင်ကို သိုင်းဖက်ရင်း ခါးကို ခွထားလျှက်ကပင် စွေ့ကနဲ ချီပွေ့လိုက်သည်။ ရင်တွေ ခုန်လိုက်တာကိုရယ်.. စိတ်မှ ရေရွတ်ရင်း မျက်စိစုံမှိတ်ကာ ချစ်သူ့ရင်ခွင်တွင် ပုန်းခိုလိုက်ပါသွားမိတော့၏။ ရင်ချင်း အပ်လျက် အနေထားတိုင်း အိပ်ယာထက်ဆီ ချပေးလိုက်တော့ ကို က သူမအပေါ် မှောက်လျက်သား အုပ်မိုးလျှက်။ ကို့ အနမ်းတို့ အနည်းငယ် ပြင်းထန်လာပြီ။ သူမလည်း စိတ်အစဉ်ကို ဟိုးအဝေးသို့ လွှင့်တင်လိုက်တော့၏။ အတွင်းခံကို ချွတ်လိုက်ရင်း ပြုံးပြီး ကြည့်နေသော ကို့ မျက်ဝန်းတို့က ချစ်ခိုးများ ဝေလျှက်။ မာန်တဝင့်ဝင့်နှင့် ချစ်သွေးကြွနေသော ညီတော်မောင်က မိုးယံသို့ ပျံတက်တော့မည့်အလား ခွန်အား ပြည့်နေပြီ။ ထင်ထားသည်ထက်ပို၍ ထွားကျိုင်းနေသော ညီလေးကို မြင်လိုက်တော့ သူမ ရင်ထဲ သိမ့်ကနဲ တုန်သွားပြန်၏။ ထိတ်လန့်ခြင်းတော့ မဟုတ်။ အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ ညီအစ်ကိုနှစ်ယောက်ကို တလှည့်စီ ပြူးကြောင်ကြောင် ကြည့်နေသော သူမကို..


“တွေ့လား ငယ်.. ဒီကောင် စမာန်ထ နေပြီ..”

“အိုးး ကို နော်..”

“ချစ်လား..”

“ဟုတ်.. အရမ်း ချစ်တယ်..”

“ဘယ်သူ့ကိုတုန်း..”

“အွန်.. ဘယ်သူရှိရမလဲ.. ကို့ကိုပေါ့..”

“ကို့ကိုပဲလား.. ကို့ညီလေးကိုကော မချစ်ဘူးလား..”

“ကိုနော်..”

“ငယ့်.. တကယ့် လင်မယားလို မနေရသေးဘူးနော်..”

“အွန်.. ဒီပုံစံနဲ့ အိပ်ယာထဲရောက်နေပြီ.. လင်မယား မဟုတ်လို့ ဘာလဲပြော..”

“အာ့ဆို နေရမလား လင်မယားလို..”

“သဘောပါ ဆိုမှ..”

“အွန်း ပါမစ်ရပြီဆိုရင် ဆွဲပြီနော် အပီအပြင်.. တကယ့်လင်မယားလို..”

“ကိုနော်.. ပြောလိုက်ရင် ပေါက်ကရ..”


          သည်အပြောလေးမျှလောက်ဖြင့်ပင် ပန်းနုသွေး ညီမလေးက ရှုံ့မဲ့မဲ့ ဖြစ်လာပြန်တော့သည်။ ကို့လက်များက သူမ တကိုယ်လုံးကို ပွတ်သပ်ရင်း၊ နှုတ်ခမ်းချင်း စုပ်နမ်းနေပြန်၏။ ပေါင်တစ်ဘက်ကို ညင်သာစွာ ဆွဲကားပြီး ညီမလေးကို ပွတ်သပ်နေပြန်သည်။ ချော့တတ်လွန်းတဲ့ ကိုရယ်.. ငယ် မနေတတ်တော့ဘူး.. စိတ်ထဲမှ တောင်းဆိုစကားကို ကြားများသွားသလိုပင် ညီလေးကို စတင် အလုပ်ပေးတော့သည်။ နူးညံ့သော ပွင့်လွှာလေး ကို မထိတထိ တိုးဝင်လာနေသော တစ်စုံတစ်ခု..။ သူမ ရင်ထဲတွင် တငြိမ့်ငြိမ့်ချင်း.. အိုးး ကိုရေ.. တစ်မျိုးပဲ.. တစ်မျိုးလေး ခံစားရတယ်.. နာကျင်မှု မဟုတ်သည့် အောင့်သက်သက် ဝေနာတစ်ခု.. ဟင့်အင်း.. ဝေဒနာဟု ဆိုရမည်မဟုတ်ပါ။ နူးညံ့သိမ့်မွေ့သော ချစ်ခြင်း၏ အရသာ။ ပိပိလေး တစ်ခုလုံး စိုရွှဲအိညက်နေပြီ။ သူမ နှလုံးသားထဲတွင် အတိတ်မှ ဝေဒနာဆိုး သည်လည်းကောင်း လတ်တလော စိုးထိတ်မှုသည်လည်းကောင်း လုံးဝ ကွယ်ပျောက်သွားတော့၏။


          စီးပိုင် ပြည့်ကြပ်နေသော ပိပိလေးအတွင်းသို့ ညီတော်မောင်ကို တစ်ထစ်ချင်း သွင်းလိုက်၏။ နှုတ်ခမ်းများကိုစုပ်နမ်းရင်း လက်မှလည်း နို့သီးခေါင်းလေးကိုချေလိုက် နို့အုံတစ်ခုလုံးကို ဖျစ်ညှစ်လိုက်နှင့် အချစ်၏ အရှိန်ကို မြှင့်တင်ပေးလိုက်သည်။ သူမ ခါးလေး ကော့တက်လာသလို နှုတ်ဖျားဆီမှ သတိလက်လွတ် ညည်းရှိုက်သံများ ခပ်တိုးတိုး ထွက်ပေါ်လာသည်။ သူ့လက်မောင်းကို ဆုပ်ကိုင်ထားသော လက်တို့ ပိုမိုတင်းကြပ်လာ၏။ “အင်းး ဟင်းး အ..” ညီလေးကို အနည်းငယ်ထပ် သွင်းလိုက်စဉ် သူမကလည်း ခါးလေး အကော့.. တစ်ချက်တည်းသော တိုက်ဆိုင်မှုက နှစ်ဦးသားကို မိန်းမောသွားစေသည်။ “ငယ် ရယ်.. ကောင်းလိုက်တာ ကွာ.. ” သန်မာတုတ်ခိုင်သော ညီတော်မောင် တဆုံးထိ ဝင်ရောက်နိုင်ရန် အတော်ပင် စိတ်ရှည်လက်ရှည် ကြိုးစားယူရသည်။ ဆီးခုံနှစ်ခု ဖိကပ်သွားသည်အထိ နှစ်သွင်းလိုက်စဉ်..


“အားး… ကို့.... ဟင်းးး..”

“နာသွားလား ကလေးလေး..ဟင်..”

“ဟင့်အင်းးး.. ရပါတယ်..”

“အွန်းး.. စိတ်ကိုလျှော့ထား.. အသက်မှန်မှန်ရှုလိုက်.. ကို ခဏ နားပေးမယ်လေ.. နော်..”


          သူ့လှုပ်ရှားမှုကို ခေတ္တငြိမ်သက်ကာ မျက်နှာနှင့် လည်တိုင်တစ်လျှောက် အနမ်းများပေးလိုက်သည်။ ပိပိလေးထဲ နစ်ဝင်နေသော ညီတော်မောင်က သွေးဆာ တုန်ရီနေပြီ။ လှိုင်းထနေသည့် စိတ်ရိုင်းတို့အား ချစ်သူလေးကိုသနားသည့်စိတ်ဖြင့်မနည်း ချွန်းအုပ်နေရ၏။ အသွင်း အထုတ်မလုပ်ပဲ လှုပ်သည်ဆိုရုံ နှဲ့ပေး နေလိုက်သည်။ လက်တစ်ဘက်မှလည်း ရသာဖု အစိလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးနေလိုက်သည်။ သူမ အပြောအရ သည်ကိစ္စကို ကြုံတွေ့ဖူးသည် ဆိုသော်ငြား လက်တွေ့ သူ့အမြင်မှာ တစ်ခုခုလိုနေသယောင်ပင်။ ချစ်သူဟောင်းနှင့် စေ့စပ်ရန် စီစဉ်ပြီးမှ လမ်းခွဲခဲ့ကြသည်ဟု သူမပြောဖူးသည်။ ထိုသူနှင့် အတူနေခဲ့ဖူးကြောင်းလည်း သူသိထားသည်။ ခုတော့ သူမကြည့်ရတာ တစ်စုံတစ်ခုကို အထိတ်တလန့်ဖြစ်နေတာ သိသာလွန်းနေ၏။ ရည်းစားဟောင်းနှင့် အတူနေခဲ့ဖူးတာကြောင့် သူ့အပေါ် ရှိန်နေခြင်းတော့ မဖြစ်စေချင်။ (၂၁)ရာစုတွင် သည်ကိစ္စလောက်က စကားထဲထည့်နေဖို့တောင် မလိုကြတော့ဘူး မဟုတ်လား။ ပုံမှန်မဟုတ်သည့် သူမ စိတ် အခက်အခဲကို သတိထားမိသောကြောင့် သက်တောင့်သက်သာ ဖြစ်စေရန် ပို ကြိုးစားပေးနေမိသည်။


          နှဖူးမှ ချွေးစေးလေးများကို တယုတယ သုတ်ပေးရင်း ပိပိလေးထဲတွင် နှစ်စိမ်ထားသော ညီလေးကို လှုပ်သည်ဆိုရုံ နှဲ့ပေးနေလိုက်သည်။ ပေါင်တံလေးတစ်ဘက်ကို အသာဆွဲမပြီး ပွတ်သပ်ပေးနေလိုက်၏။ နို့သီးခေါင်း ထိပ်လေးများကို ခပ်ဖွဖွပွတ်ချေပေးသည်။ ခဏနေတော့ သူမ လည်တိုင်လေး မော့တက် လာပြီး ခါးလေးလည်း ကော့လာသည်။ သူ့ဘက်မှ လှုပ်ရှားမှုကို တဖြေးဖြေးချင်း ပြန် စ လိုက်၏။ ယိုစိမ့်လာသော ချစ်ဝတ်ရည်တို့က ခံစားချက်ကို သိမ်မွေ့ညင်သာအောင် ပံ့ပိုးပေးနေသည်။ အပေးအယူ မျှတသွားသော ချစ်သူနှစ်ဦး ခရီးဝေးသို့ အတူတူ ရွက်လွှင့်ခဲ့ကြသည်။ နှစ်ဦးသား သတိလက်လွတ် ဖြစ်သွားကြပြီ။ ပန်းနုသွေး ကိုယ်တိုင်လည်း ကြုံခဲ့ဘူးသော ကြမ်းတမ်းမှုများနှင့် ဘာမှ မဆိုင်သည့် ချစ်ချင်း၏ အရသာကို မက်မောစွာ ခံစားလိုက်ရသည်။ ညီလေး၏ အဝင်အထွက်တွေ သွက်လာသည်။တရှိုက်မက်မက်ညီးတွားသံများနှင့် အင်္ဂါစပ်နှစ်ခု၏ ထိတွေ့သံများက တိတ်ဆိတ်သော ညဦးယံ၏ ချစ်သံစဉ် တေးတစ်ပုဒ်ပင်။


“အင်း.. ရှီးး.. ကို့..”

“ငယ် ရယ်.. ဟူးး.. ချစ်တယ်.. အရမ်းကောင်းတာပဲ ငယ်ရယ်..”

“အင်းး ဟင်းး..”

“ငယ့် ပိပိလေးက စီးနေတာပဲ..”

“အင်းး..”

“ငယ်.. ကို ပြီးချင်လာပြီ.. ငယ့် ပိပိလေးထဲ ကို့ အရည်တွေ ထည့်လိုက်မယ်ကွာနော်..”

“အင်းး.. ဟင်းး.. ကို့ သဘော..ရှီး အ.. ကို့.. မြန်မြန်..အ..”

“ချစ်တယ် မိန်းမရယ်.. ဟူးး..”

“အ.. အ.. ကိုးး…ဟင်းးး…”


          မိမိကိုယ်ပေါ် မှောက်ချပြီး အမောဖြေနေသည့် ကို့ ကျောပြင်ကို ပွတ်သပ်ပေးနေမိသည်။ ပိပိလေးအတွင်းမှ ရှုံ့ပွပွ ခံစားချက်က မပြေသေး။ ကြက်သီးထကာ လူက တဆတ်ဆတ် တုန်နေသည်။ ကို့ အနမ်းနုနုများက မျက်နှာပြင် အနှံ့ နှင့် လည်တိုင်များဆီသို့ တဖွဲဖွဲ ကျရောက်လာပြန်သည်။ “မိန်းမ..” နားရွက်ဖျားလေးကို ငုံခဲကာ ခေါ်လိုက်သောအသံ။


“ဘာ မိန်းမလည်း ဟွန်းး..”

“မယ်.. မဟုတ်လို့လား..”

“ကိုနော်..”

“ဟုတ်တယ်လေ.. နေ့လည်က အထိ ငယ်က ကို့ချစ်သူ.. ခု ကို့မိန်းမ..”

“ကြည့်ပါလား.. ပြောလေကဲလေ..”

“မဟုတ်လို့လား ကဲ.. အခု ဟိုဒင်းပြု ပြီးသွား ပြီ လေ.. ခင်ဗျားလေး ကျုပ်မိန်းမ ဖြစ်သွားပြီ..”

“ဘာ လည်း.. ကိုနော်.. သွား..”

“အပီအပြင် လင်မယားဖြစ်သွားပြီလေ.. ခေါ်ရဘူးလား မိန်းမ လို့.. ”

“ခေါ်ပါတော်.. ခေါ်တော်မူပါ.. ကဲ ကျေနပ်ပြီလား..”

“ကျေနပ်သေးဘူး.. ငယ်လည်း ကို့ ကို ပြန်ခေါ် ယောင်္ကျား လို့..”

“ဘာ.. ယောင်္ကျားလည်း.. ခေါ်ဘူး.. အူယားတယ်..”

“အူပဲ ယားတာလား.. ကိုက ဒါလေးပါ ယားစေချင်တာ.. ဟေးဟေး..”

“ဘာ ဟေးဟေး လည်း အသံကြီး ကိုက.. ထမင်းလေးဘာလေး မစားတော့ဘူးလား ဆရာကြီးရဲ့..”

“စားဘူး ကွာ.. ထမင်းက စားရတာ ရိုးနေပြီ.. မိန်းမ ပိပိ လေးပဲ စားမယ်..”

“အယ်.. ကျန်းး ကဲဟယ် ပြောဦး ပေါက်ကရ..”

“အားး.. တကယ် လုပ်တယ်ဗျ..”

“ခိခိခိခိ..”

“အွန်းး.. လာခဲ့ လူဆိုးမလေး.. ဒီတစ်ခါ လုံးဝ မညှာတော့ဘူး..”

“အိုးး.. ကိုရယ်.. အ အ..”

        မြူခိုးလိုလို နှင်းလိုလို မပီဝိုးတဝါး ရှုခင်းတစ်ခု။ ခပ်လှမ်းလှမ်းတွင် မိမိကို ကျောခိုင်းကာ ရပ်နေသည့် သူမ။ “ငယ်…” လှမ်းခေါ်လိုက်ကာမှ အဝေးသို့ တရွေ့ရွေ့ ထွက်သွားနေသည်။ “ငယ်ရေးး… ” ခေါ်သံကို အတန်ငယ် မြှင့်ရင်း အနားသို့ ခပ်သွက်သွက် ပြေးသွားလိုက်၏။ ထိုစဉ် လေရူးက ခပ်ကြမ်းကြမ်း တိုက်ခတ်သွားသည်။ လေနှင့် အတူ ပါလာသည်က နှင်းမှုန်တွေလား.. သဲတွေလား.. မျက်နှာရှေ့သို့ လက်နှင့် ရုတ်တရက် ကာလိုက်၏။ လေငြိမ်သွားသည့် ခဏ၊ မြင်ကွင်းလည်း ကြည်လင် သွားသည်။ သို့သော် သူမ မရှိတော့ချေ။ “ငယ် ရေးးး…” အရူးတစ်ယောက်လို အော်ခေါ်ရင်း အပြေးအလွှား လိုက်ရှာမိသည်။ တွေ့ပြီ.. ချောက်ကမ်းပါး ထိပ်တွင် ရပ်နေသည့် ချစ်သူ။ သူ့ကို တစ်ချက် လည်ပြန်လှည့်ကြည့်ရင်း ချောက်ထဲသို့ ဝုန်းကနဲ.. “ဟားးး ငယ့် မလုပ်နဲ့လေ.. ငယ်လေးး…”။


          အာကွာ.. မက်ပြန်ပြီ သည်အိပ်မက်.. စိတ်ပျက်ဘို့ ကောင်းလိုက်တာ..။ ပက်လက်လှဲနေရာမှ ဝုန်းကနဲ ထ ထိုင်လိုက်သည်။ သည်အိပ်မက်ဆိုးက ဒါပါနဲ့ ဆို သုံးကြိမ်မြောက်။ ချောင်းသာမှာတုန်းက လည်း တစ်ခါ မက်သေးသည်။ ငယ့် ကိုပြောပြတော့.. “ကိုယ်တုံးလုံးကြီးနဲ့ ပက်လက်ကြီး အိပ်တာကိုးး.. မက်မှာပေါ့ အိပ်မက်ဆိုး..” ဟု ပြောရင်း ခပ်ပေါ့ပေါ့ ရယ်၏။ သူ့စိတ်ထဲတော့ ဘယ်လိုမှ မကျေနပ်။ ဘယ်လောက်ပဲ သွေးလေ ချောက်ချားဦးတော့ မက်သည့် အိပ်မက်က တစ်ပုံစံတည်း သုံးကြိမ် တိတိ။ ဇာတ်ဝင်ခန်းတစ်ခုကို သုံးခါ ပြန်ကြည့်နေရသလိုပင်။ ဒေါသ ထွက်ထွက်နှင့် အနားရှိ ခေါင်းအုံးကို ကောက်လွှင့်ပစ်လိုက်တော့.. ခေါင်းအုံးအောက်တွင် မမ်မိုရီ စတစ်ကလေး တစ်ခု။ ဘယ်တုန်းကတည်းက ရှိနေတာပါလိမ့်..။ မနေ့က ညနေစောင်း ချောင်းသာမှ ပြန်ရောက်သည်။ ငယ်က သူ့ကို သည်အခန်းလေးသို့ ပြန်လိုက်ပို့ပေး၏။ သူမအိမ်သို့ မပြန်ခင် ချစ်သူနှစ်ဦး ရေတူတူချိုးရင်း ချစ်ရည်လူးခဲ့ကြသေးသည်။ ဘေစင်ခုံကို လက်လေးထောက်ရင်း ခါးလေး ကော့ပေးထားသော သူမ။ တင်ပါးဝိုင်းဝိုင်းလေးကို စိမ်ပြေနပြေ ကြည့်ကာ နောက်မှ တစ်ချက်ချင်း ဆောင့်သွင်း ခဲ့ပုံများကို ပြန်စဉ်းစားတော့ အငယ်ကောင် ခေါင်းထောင်လာပြန်သည်။


         ချောင်းသာမှာတုန်းကလည်း ချစ်ခဲ့ကြတာ ထမင်းပင် နပ်မမှန်။ ပထမဆုံး အကြိမ်က သူ့ဘက်မှ စိတ်ရှည်လက်ရှည် ဆွဲခေါ်ခဲ့ရသော်လည်း နောက်ပိုင်း သူတို့နှစ်ဦး လက်ရည်ညီခဲ့ကြသည်။ လူကျဲသော ကျောက်ဆောင်လေးများကြားတွင် ခရုကောက်ချင်ယောင်ဆောင်ရင်း ကဲခဲ့ကြသေး၏။ ရေမကူးတတ်သော ချစ်သူလေးကို ရေထဲတွင်ပေါက်ကရလုပ်ရင်း ကြည်နူးသာယာ ခဲ့ရပြန်သေးသည်။ ပင်လယ် ထဲက အမှတ်တရချစ်ပွဲလို့ သူ ပြောတော့ တခိခိရယ်၏။ ပင်လယ်ရေထဲတွင် နှစ်ဦးသား ခရီးဆုံးရောက်သွားတော့.. “ကြည့်လုပ်နော် ဆရာကြီး.. တော်ကြာ ချစ်ရေစင်တွေ ပင်လယ်ထဲ ဖိတ်ကုန်လို့ ဝေလငါးမတွေ ငါးမန်းမတွေ ကလေးလက်ဆွဲပြီး လိုက်လာနေဦးမယ်..” ဟု ကတ်သီးကတ်သတ် ပြောသေးသည်။ ဤသို့နှယ် တီတီတာတာ စကားလေးများကို ရွှန်းရွှန်းဝေအောင် ပြောတတ်သော ချစ်စရာ ကောင်မလေးကို သူ အသက်တမျှ မြတ်နိုးမိသည်အမှန်ပင်။ မျက်နှာ မမြင်ဖူးခင်ကတည်းက ချစ်ရသူမို့ သူငယ်ချင်း အချို့ကပင် “ကြည့်လည်း လုပ်ဦးငါ့ကောင်.. တော်ကြာ နှဖူး တစ်တောင်လောက်ပြောင်ပြီး မျက်လုံးက တောင်တစ်လုံး မြောက်တစ်လုံး ဆိုမှ မင်း အဖတ်တင်နေမယ်နော်..” ဟု နောက်ကြသေး၏။ ခုတော့ ပြစ်မျိုး မှည့်မထင် လှလွန်းသော ချစ်သူလေးကို သည်ကောင်တွေ ရှေ့ ခပ်ကြွားကြွား ခေါ်သွားလိုက်ဦးမည်။ ပြောသာ ပြောရသည် ချစ်သူကပ်စီးနဲက အပန်းဖြေ ခရီးတွင် ဓါတ်ပုံလေး တစ်ပုံ မျှပင် ရိုက်ခွင့်မပြု။ သူငယ်ချင်းများကို ကြွားရန်ဟု ပြောမိကာမှ ဖုန်းပါ အသိမ်း ခံလိုက်ရသေး၏။


          စဉ်းစားရင်း စိတ်က ထိန်းမရတော့။ နံရံမှ နာရီကိုကြည့်လိုက်တော့ မနက် ငါးနာရီ။ သူမ နိုးနေကျ အချိန်မဟုတ်သေး။ သို့သော် မတတ်နိုင်။ အသံလေးမျှ မကြားရလျှင် သူ ဘယ်လိုမှ နေနိုင်တော့မည် မဟုတ်။ အမှန်တော့ သည်နေ့က သူမ မိဘများနှင့် မိတ်ဆက်ပေးရန် တိုင်ပင် ထားပြီးသား။ မနက်ကိုးနာရီ လာခေါ်မည်ဟု ညက ပြောသွား၏။ ကိုးနာရီထိုးရန် အဝေးကြီး လိုနေသေးသည်ပဲ။ မြန်မာပြည်ပြန်ရောက်လျှင် အသင့်သုံးရန် သူမ စီစဉ်ပေးထားသည့် ဖုန်းလေးကို ယူလိုက်၏။ Contact List တွင် သူမ နံပါတ် တစ်ခုတည်းသာရှိသည်။ ရောက်ရောက်ချင်းညနှင့် မနေ့ညက သူမထံ ဆက်ခဲ့သည်မှလွဲ၍ နောက်ထပ် ဖြစ်ဖြစ်မြောက်မြောက်ပင် ကိုင်မကြည့်ရသေး။ ရတော့ဘူး ငယ်ရေ.. ကိုတော့ အရမ်းကြီး ရူးနေပြီ။ အိပ်တုန်းဆိုလည်း အခုထပြီး ကို့ဆီလာဘို့ ပြင်ဆင်တော့ကွာ..။ စိတ်ကတွေးရင်း ဖုန်းနံပါတ်ကို နှိပ်လိုက်တော့.. “လူကြီးမင်း ခေါ်ဆိုသော..” အာာ.. ငယ်ကွာ.. ဖုန်းဖွင့်ပေးထားပါ ဆိုတာကို.. ဟူးးး..။ သည်ချိန်ထိ နားလည်ရခက်နေသော ချစ်သူကို အားမလို အားမရ ဖြစ်မိသည်။ သည်တိုင်းဆို ကိုးနာရီ မထိုးမချင်း ငုတ်တုတ်ထိုင်နေရမည့်ကိန်း။ မှုန်ကုတ်ကုတ် မျက်နှာဖြင့် ပြန်မှောက်အိပ်ရန် လှဲချလိုက်တော့ မမ်မိုရီ စတစ်လေးကို ပြန်သတိထားမိသွားသည်။ ဖွင့်ကြည့်လိုက်ရ ကောင်းမလား။ ငယ့် ပစ္စည်း မဟုတ်ပါက သူများကိစ္စကို စပ်စုသလို ဖြစ်သွားမလား။ စဉ်းစားရင်း စတစ်လေးကို ပြန်ချကာ မှောက်အိပ် နေလိုက်တော့သည်။

        မှေးကနဲ ပြန်အိပ်ပျော်သွားပြီး နိုးလာတော့ နေမြင့်နေပြီ။ ပြတင်းပေါက် ခန်းဆီးများကြားမှ အလင်းရောင်က အချိနိမနည်းတော့ပြီမှန်း သက်သေပြနေ၏။ အိပ်နေရာမှ တစ်ချက်လွန့်ရင်း ဖုန်းမှ နာရီကို ကြည့်လိုက်တော့ ဆယ့်တစ်နာရီ..။ ဗုဒ္ဓေါ.. ငါ တကယ်ကြီး အိပ်ပျော်သွားတာပဲ.. ငယ်ရောက်နေပြီလား..။ ကုတင်ပေါ်မှ ဝုန်းကနဲ ဆင်းကာ အိမ်ရှေ့ခန်း.. မီးဖိုခန်း.. ဘုရားခန်း.. လသာဆောင် ဝရန်တာလေး အထိ ထွက်ကြည့်မိ၏။ ငယ် မရောက်သေးတာလား..။ ဖုန်း ဆက်ကြည့်ပြန်တော့ တစ်ခါ.. “လူကြီးမင်း ခေါ်ဆိုသော..” အာာ.. ဘာလည်းကွာ။ ကြမ်းပြင်ပေါ် ငူငူကြီး ထိုင်ချရင်း ကိုယ့် အဖြစ် ကိုယ် ရယ်ရမလို ငိုရမလို။ ယောင်္ကျားရင့်မာကြီး တစ်ယောက်ဖြစ်ပြီး ချစ်သူ မိန်းကလေးကို ငုတ်တုတ်မျှော်နေရသည့် ဘဝ ပါလား။ စဉ်းစားရင်း နားလည်ရခက်လာသော သူမကို အသည်းယား လာမိသည်။ ဘာလေးလည်း ကွာ..။ ဗိုက်ထဲမှ ဆာလောင်သလိုလို ဖြစ်လာသဖြင့် မီးဖိုချောင်ဘက် ဝင်ကာ ရေအေးအေးတစ်ခွက် မော့သောက်လိုက်၏။ အရန်သင့် အစားအစာများ ရှိနေသော်လည်း စားချင်စိတ် မရှိ။ လူက ဒေါသထွက်သလိုလို အော်ပဲ ငိုရမလိုလို။ သည်လိုနှင့် အချိန်သာ ကုန်ပြီ။ မျှော်နေသော ချစ်သူလေးက လူမပြောနှင့် ဖုန်းပင် မလာ။ ကိုယ်က ဆက်လိုက်တိုင်းလည်း လူကြီးမင်းနှင့်သာ တိုးနေသည်မို့ ဖုန်းကိုပါ စိတ်ပေါက်ပေါက်နှင့် ပစ်ထားလိုက်တော့သည်။


         ကောင်းကင်ယံတွင် နေဝန်းနီက လိမ္မော်ရောင် သမ်းလုပြီ။ ထိုင်မရ ထမရနှင့် လူက ရူးချင်ချင် ဖြစ်လာ၏။ ငယ်လေး တစ်ခုခုများ ဖြစ်နေပြီလား။ စိတ်ကလည်း ထူပူလာသည်။ ချစ်သူကို အလိုလိုက်မိတာ မှားပြီ။ အိမ်လိပ်စာ မရမက မေးခဲ့ရမှာ။ ဒါမှ မဟုတ် မနေ့ ကတည်းက သူမ အိမ်အပြန် တက်ဆီနဲ့ ဖြစ်ဖြစ် နောက်က လိုက်သွားမိခဲ့ရင် အကောင်းသား။ တကယ်တမ်း တွေးကြည့်တော့ သူ့ အခြေအနေက သူမ နှင့် ပါတ်သက်၍ ဘာမှ ရေရေရာရာ မသိ။ ငယ်ရေ.. ကို ဘာလုပ်ရမလဲ.. ကို့ကို ပြောပါဦးငယ်ရယ်.. ကို ရူးနေပြီ.. သိပ်ချစ်လို့ပါ.. မင်းလေးကို သိပ်ချစ် လွန်းလို့ပါ ကွာ..။ ဝရန်တာလေးဆီသို့ ထွက်ကာ လမ်းမဘက် မျှော်ငေးမိ၏။ စဉ်းစားစမ်း မိုးသောက်လင်း.. မင်း လုပ်လို့ရတာ ဘာရှိမလဲ.. ဂယောက်ဂယက်ဖြစ်နေသော စိတ်တို့ကို ထိန်းရင်း တွေးကြည့်လိုက်သည်။ မျက်လုံး အကြည့်တို့က ခပ်လှမ်းလှမ်းမှ အင်တာနက် ကဖေးတစ်ခုကို သွားမြင်လိုက်၏။ ဂျီမေးလ်.. အာ ဟုတ်သားပဲ ညံ့လိုက်တဲ့ငါ.. တကယ်ဆို ဒါကို အရင်ဆုံး သတိရသင့်တာ..။ အိမ်ထဲ ပြန်ဝင်ပြီး ပိုက်ဆံအိတ်ကို ခါးကြားထိုးကာ ခပ်သွက်သွက်ထွက်လာခဲ့သည်။ အရေးထဲ ဓါတ်လှေကားက မအားပြန်။ ဘာကိုမှ စောင့်မနေချင်တော့ပြီမို့ လှေကားထစ်များအတိုင်း ကျော်လွှား ပြေးဆင်းခဲ့တော့သည်။


         အင်တာနက်ဆိုင်ရောက်တော့ လူပင် မရှိ။ “ကျနော် မေးလ်စစ် ချင်လို့ဗျ..” ပြောလိုက်တော့ ကောင်တာမှာ ထိုင်နေသော ချာတိတ်က အူကြောင်ကြောင်ကြည့်သည်။ ခုမှ ပြန်သတိထားမိတာ သည်နေ့ အဖို့ သူ မျက်နှာတောင် မသစ်ရသေးဘူးပဲ။ ညအိပ် ဝတ်စုံနှင့် ခေါင်းစုတ်ဖွား ဖြစ်နေမည် ဖြစ်သော သူ့ကို အရူး ဟုများ ထင်သွားသလား။ “ညီကို.. ကျနော် ပြောတာ ကြားလား မသိဘူး..” စိတ်တိုတို နှင့် ဘုသံထွက်သွား မိသည်။ “အော်.. ဟုတ်.. စောရီး အကို.. ကျနော်တို့ ဆိုင်မှာက လပေး ယူသုံးတဲ့သူတွေများလာတော့ နာရီပိုင်း အသုံးသမား မရှိတော့တာကြာပြီလေ.. ခုက ဖုန်းလိုင်းတွေမှာ အင်တာနက်ပါပြီးသား ဆိုတော့..” အာ.. ဟုတ်သားပဲ။ ဟူးး.. သက်ပျင်းချရင်း ခေါင်းကို တွင်တွင် ကုတ်လိုက်မိသည်။ ခါးကြား ကို ယောင်ယမ်းပြီး စမ်းလိုက်တော့ ဖုန်းက ပါမလာပြန်။ ဆိုင်ရှင်ကောင်လေးက အသက် (၂ဝ) ဝန်းကျင်အရွယ်.. တတ်နိုင်ဘူး.. မိမိ အတွက် အသက်လောက် အရေးကြီးနေသည်ပဲ။ ပွင့်ပွင့်လင်းလင်းပဲ အကူညီတောင်းလိုက်တော့သည်။


“ကိုယ်က မြန်မာပြည်နဲ့ဝေးနေတာ ကြာပြီညီရ.. ဒီက အခြေနေတွေ ဘာမှ သိပ်မသိတော့ဘူး..”

“အိုကေပါ အကို.. ရောက်လက်စနဲ့ ထိုင်လိုက်ပါ.. လာ ကျနော့် စက်ကိုပဲ..”

“ကျေးဇူးကွာ.. အရေးကြီးလို့ပါ..”

       
         G-mail ထဲသို့ Login လုပ်လိုက်သည်။ Inbox တွင် 5 ဟု မြင်လိုက်၍ အားတက်သွား၏။ သို့သော် တစ်ခုမှ ငယ့်ဆီက မဟုတ်။ Chat ထဲ ဝင်ကြည့်ပြန်တော့လည်း ဘန်ကောက်မှာတုန်းက ပြောထားပြီးနောက်ပိုင်း မရှိ။ နောက်ဆုံး Hangout ထဲ Signin လုပ်လိုက်တော့လည်း ငယ့် အကောင့်လေး Offline ဖြစ်နေသည်။ ငယ်ရယ်.. ကို ဘာဆက်လုပ်ရမလဲ။ စိတ်ပျက်လက်ပျက်နှင့် Logout လုပ်ပြီး ထပြန်ရန် ပြင်လိုက်တော့သည်ပေါ့။


“ဘယ်လောက် ကျလဲ ညီ..”

“ရတယ် အကို.. မပေးပါနဲ့ နေပါ.. နောက်လည်း လိုအပ်ရင် လာသုံးလေ.. ဧည့်သည်ဆိုတော့ တခြား အကူညီလည်း လိုကောင်းလိုမှာပဲ.. ဒါနဲ့ စကားမစပ် အကိုက ဘယ်မှာ တည်းတာလဲ..”

“ဟိုက လှမ်းမြင်နေရတဲ့ (….) ကွန်ဒို မှာပါ..”

“အော်.. အိမ်ရှင် မရှိဘူးလား.. အကိုတစ်ယောက်ထဲလားဗျ..”

“အင်း.. ဆိုပါတော့ကွာ..”

“စောရီး အကို.. ကျနော် စပ်စုသလို ဖြစ်သွားတယ်.. အကို့ ကြည့်ရတာ သည်နေရာနဲ့ စိမ်းလွန်းနေလို့ပါ.. ကျနော့် နံမည် အောင်ဇော်.. ဖိုးဇော်လို့ ခေါ်လို့ရတယ်အကို.. ဘာလိုလို ပြောပါ.. ခင်ခင်မင်မင်ပေါ့ဗျာ..”

“ကျေးဇူးပဲ ငါ့ညီရာ.. ကိုယ်က မိုးသောက်လင်းပါ.. မြန်မာပြည်မှာ မင်းက ပထမဆုံး မိတ်ဆွေပဲ..”

“ဖုန်းတစ်လုံးလောက် ဝယ်ထားလေ အကို.. လိုလိုမည်မည်ပေါ့.. ကျနော် လုပ်ပေးရမလား..”

“ရှိတယ် ညီရ.. ဒါမယ့် သေချာ မသုံးဖြစ်သေးတော့ကွာ.. ကိုယ့်ကိစ္စကလည်း ရှင်းပြရမှာ ခက်နေတယ်.. ဘာပဲဖြစ်ဖြစ် ကျေးဇူးပဲညီရေ.. နောက်ပိုင်း လိုအပ်ရင် မင်းကိုပဲ ဒုက္ခ ပေးရတော့မယ်ထင်တယ်..”

“အေးဆေးပါ အကို.. ဒါကျနော့် ဖုန်းနံပါတ်.. ချိန်မရွေး ဆက်.. ကျနော်သည်မှာ ၂၄ နာရီ ရှိတယ်..

    ကဒ်ပြားလေးကို ယူလိုက်ကာ သဘောကောင်းသော ချာတိတ်ကို နှုတ်ဆက်ပြီး အခန်းသို့ ပြန်လာခဲ့လိုက်၏။ ခေါင်းအေးအေးထားပြီး တွေးကြည့်တော့ ငယ်လေး သူ့ကို တမင်ထားသွားတာများလား။ မည်သို့ပင် တွေးတွေး သူတို့နှစ်ဦး ချစ်ခြင်းက သာမန်ထက် များစွာ နက်ရှိုင်းခဲ့သည်ပဲလေ။ မနေ့ညက သူ့နှုတ်ခမ်းများကို သူမ တရှိုက်မက်မက် နမ်းခဲ့သည်။ အိမ်ပြန်ခါနီး ရင်ခွင်ထဲ တိုးဝင်ကာ သူ့ကို တင်းကြပ်နေအောင် အကြာကြီး ဖက်ထားသေးသည်။ ကားပေါ်တက်ပြီး မောင်းထွက် ခါနီး နောက်ဆုံး ပြောသွားသော စကားက “ငယ်လေ.. ကို့ကို အသက်လောက် ချစ်ပါတယ်.. ဘာပဲဖြစ်ဖြစ် သည်တစ်ခုတော့ သေသေချာချာ ယုံကြည်ပေးနော် ကို..” တဲ့။ သေချာပြန်တွေးကြည့်မှ သူမ စကားတွင် အဓိပ္ပါယ် များစွာ ပျော်ဝင်နေသလို ခံစားမိလိုက်သည်။ ဒါတွေ အားလုံးက ငယ် အကွက်ကျကျ စီစဉ်ခဲ့တာလား။


          သူမကို ပြောထားသည့် အချိန်ထက်စောပြီး မြန်မာပြည်ကို သူ ပြန်လာဖြစ်ခဲ့သည်။ သူမက ကြိုတင် တိုင်ပင်ထားကြသည့်အတိုင်း သူ့အတွက် နေရေးထိုင်ရေးမှ အစ အသေးစိတ် ပြင်ဆင်ထားပေးနှင့်သည်။ ချစ်ခရီးတစ်ခု တူတူ ထွက်ကြသည်။ သူမ ထံမှ ချစ်ခြင်း၏ အရသာကို သူ အပြည့်အ၀ ခံစားခွင့်ရခဲ့သည်။ နှစ်ဦးသား အသက်မွေးဝမ်းကြောင်း လုပ်ငန်းနှင့် ၀ါသနာချင်းကလည်း ညှိစရာမလိုအောင် တစ်ထပ်တည်း ကျပြီးသား။ သူမနှင့် တူသည့် ချစ်စရာ သမီးလေး မွေးပေးရမည်ဟု သူပြောတော့ ပြုံးပြီး ခေါင်းငြိမ့်ပြ၏။ မိဘများထံ ခွင့်တောင်းပြီး မိသားစုဘ၀တစ်ခု အမြန်ဆုံး တည်ဆောက်ကြရန် နှစ်ဦးသဘောတူခဲ့ကြသည်။ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့သော သူ့အဘို့ ကိုယ်ပိုင်မိသားစု အသိုက်မြုံလေး သူမလက်နှင့် ဖန်ဆင်းပေးမှာကို တွေးကာ အပျော်ကြီး ပျော်ခဲ့ရ၏။ ယခုသူ့အနားမှ ချက်ချင်းကြီး ပျောက်ကွယ်သွားသည်။ ဘာတွေလဲ ငယ်ရယ်.. ကို ဘယ်လို နားလည်ရမှာလဲ။ စိတ်ထဲတွင် အချစ်နှင့် အတူ ခံစားရခက်သော ဝေဒနာတစ်ရပ် တွဲပါလာတော့သည်။ သို့သော် သူမ အချစ်ကိုတော့ဖြင့် အကြွင်းမဲ့ ယုံကြည်ဆဲ။


          အိပ်ရာပေါ်မှ မမ်မိုရီ စတစ်လေးကို ကိုင်ကြည့်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူ ဖွင့်ကြည့်မှ ရတော့မည်ကိုး။ နောက်ထပ် တွေးမိသည်က သည် အခန်း၏ ပိုင်ရှင်။ ဒါကို စုံစမ်းနိုင်လျှင် ငယ့် ကို သူ ရှာလို့ လွယ်သွားနိုင်သည်။ မျက်ဝန်းထဲတွင် အပြစ်ကင်းစင်သည့် သူမ မျက်နှာလေးကို တရေးရေး မြင်နေမိသည်။ သူမ သည်လို လုပ်ရခြင်း၏နောက်တွင် လေးနက်သော အခက်ခဲတစ်ခု ရှိမည် မလွဲချေ။ ငယ်ရယ်.. ကို့ အချစ်ကို မယုံကြည်တာလား.. သည်လိုတွေးတော့လည်း မဖြစ်နိုင်ပြန်။ သူ့ကို ယုံကြည်မှုကြောင့်သာ ဘဝတစ်ခုလုံး ကြည်ဖြူစွာ ပေးအပ်ခဲ့ပြီ မဟုတ်ပါလား။ သေချာတာတော့ သူမ သည် ပေါ့ပျက်ပျက် နိုင်သော မိန်းကလေး မဟုတ်။ ငယ်ရယ်.. ငယ့်မှာ ဘာအခက်ခဲတွေ ရှိနေလဲ.. ငယ် ရှောင်ထွက်သွားရလောက်အောင် ဘယ်လောက်များ ကြီးတဲ့ ကိစ္စ မို့လဲ ငယ်ရယ်.. ဘာပဲဖြစ်ဖြစ် ကို ငယ့်ကို သည်တိုင်း မလွှတ်လိုက်နိုင်ဘူး.. ဆုံးရှုံးလည်း မခံနိုင်ဘူးလေ. မဆိုစကောင်း ငယ်က အိမ်ထောင်သည် မိန်းကလေး တစ်ယောက်များလား.. ဒါလည်း မဖြစ်နိုင်.. သူမနှင့် ချစ်ခဲ့ကြသမျှ အချိန်အတွင်း သူမ အခြေနေကို သူကောင်းစွာ သိသည်ပဲ။


          အိတ်ထဲမှ ကွန်ပြူတာကို စားပွဲပေါ်တင်ကာ စတစ်လေးကို ထိုးဖွင့်လိုက်တော့ အထဲမှာ Folder လေးတစ်ခု။ ထပ်ဖွင့်လိုက်တော့ Word File တစ်ခုနှင့် ဓါတ်ပုံလေးများ။ ချစ်စဖွယ် အမူအရာများနှင့် သူမ ပုံလေးတွေ။ Word File ကို ဖွင့်လိုက်တော့ သူ ဖတ်လိုက်ရသည့်စာတန်းလေးက.. “ကို… ငယ့်ကို ဘယ်တော့မှ မမုန်းပါနဲ့နော်.. ” တဲ့။ သူ့ရင်ထဲတွင် နင့်နေအောင် ခံစားလိုက်ရသည်။ ငယ်ရယ်.. ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေတာလဲကွာ..။ ငုတ်တုတ်ထိုင် ကျေကွဲနေရမည့် အချိန် မဟုတ်တော့မှန်း သူ ကောင်းစွာ သတိကပ်လိုက်မိ၏။ ရအောင်ရှာမယ် ငယ်..။ ကို မင်းကို ချစ်ခဲ့တာ သုံးလေးရက်လောက် အတူနေရဘို့ မဟုတ်ဘူး.. ကို တို့ အချစ်ကို သည်ပုံစံနဲ့လည်း အဆုံး သတ်မခံနိုင်ဘူး..။


          အရင်ဆုံး သည် အခန်း၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အရင် စုံစမ်းရမည်။ ရပ်ကွက်ရုံးတွင် မေးလျှင်ရနိုင်၏။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ရပ်ကွက်ရုံးကတော့ ရှိဦးမည်ပင်။ နက်ကဖေးမှ ချာတိတ်ကို အကူညီတောင်းရန် တွေးလိုက်မိသည်။ ချာတိတ်ထံ ဖုန်းဆက်ရန် တွေးရင်း နံရံထောင့်တွင် ကျနေသည့် ဖုန်းလေးကို ကိုင်လိုက်တော့ သူမသိသော နံပါတ်နှင့် Miss call များ တန်းစီနေ၏။ ငယ်များလား.. သူ့ ရင်တွေ ဒိုင်းကနဲ ခုန်သွားရသည်။ စောစောက အောက်ဆင်းသွားတုန်း လာထားသည့် ဖုန်းတွေ။ သူ ချက်ချင်းပင် Call back ပြန်လုပ်လိုက်၏။ ခေါ်သံ နှစ်ချက် အဆုံးတွင်ပင် တစ်ဘက်မှ ချက်ချင်း ပြန်ထူးသည်။

“ဟလို.. .. ”

“ဘယ်သူပါလဲ ခင်ဗျာ.. ကျနော့်ဖုန်းကို ခေါ်ထားတာတွေ့လို့ပါ..”

“ကိုမိုးသောက်လင်း ဟုတ်ပါတယ်နော်..”

“ဟုတ်ပါတယ်.. ကျနော် မိုးသောက်လင်းပါ.. ခင်ဗျားက..”

“အမလေး တော်ပါသေးရဲ့ရှင်.. ကျမ ရည်ရည်မွန်ပါ.. သွေးသွေး သူငယ်ချင်း ရည်ရည်မွန်..”

         
          ကြားလိုက်ရသော စကားကြောင့် ထ ခုန်မိမတတ်ပင် ပျော်သွားတော့သည်။ စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း ပြန်မေးလိုက်၏။ ငယ်လေး ဘာဖြစ်နေမှန်း မသိသေးသမျှ သူ့ဘက်က စကားကို တတ်နိုင်သလောက် ထိန်းရမည် မဟုတ်ပါလား။


“ဟုတ်ကဲ့ ပြောပါ မရည်ရည်မွန်..”

“သွေးသွေး ရှင်နဲ့ အတူ ရှိမနေဘူး မဟုတ်လား ကိုမိုးသောက်လင်း..”

“ဟုတ်တယ် ဗျ.. ကျနော်လည်း သူ့ကို စိတ်ပူနေတာ.. သည်မနက် ချိန်းထားပြီး သူ ရောက်မလာဘူး..”

“ကျမ ရှင်နဲ့ အေးအေးဆေးဆေး တွေ့ချင်တယ် ကိုမိုးသောက်လင်း..မနက်ဖြန် မနက် ရှင်အားလား..”

“အခု တွေ့လို့ မရဘူးလား မရည်ရည်မွန်.. ကျနော် တအား စိတ်ပူနေလို့ပါ.. အားတော့ နာပါတယ်ဗျာ..”

“အင်း.. ကျမ နေ့လည်ကတည်းက ဆက်နေတာလေ..”

“ကျနော် ဖုန်းမယူဘဲ အပြင်သွားလိုက်မိလို့ပါ ခင်ဗျ..”

“အင်းပါ.. ဒါဆိုလည်း အခုပဲ တွေ့လိုက်ကြမလား..”

“ဟုတ်ကဲ့ခင်ဗျ.. ကျနော် ဘယ်ကိုလာခဲ့ရမလဲ ပြောပါ..”

“အခု ရှင်က ဘယ်မှာလဲ..”

“အဲ.. မြေနီကုန်း ဘက်က (…) ကွန်ဒိုမှာ မရည်ရည်မွန်..”

“အော.. ဒါဆို တက်ဆီ တစ်စီးငှားပြီး မြေနီကုန်း ဒဂုန်စင်တာကို ပို့ခိုင်းလိုက်.. ကျမ အဲ့က စောင့်နေမယ်..”

“ဟုတ်ကဲ့..  ဒဂုံစင်တာနော်.. ကျနော် မရည်ရည်မွန်ကို ဘယ်လို သိနိုင်မလဲ ခင်ဗျ..”

“ဝင်ပေါက်တည့်တည့်မှာ ကျမ စောင့်နေပါ့မယ်.. ကျမက အရင်ရောက်ဘို့များတယ်လေ.. နောက်ပြီး ကျမကို ရှင် ရှာဘို့ မလိုလောက်ဘူး ကိုမိုးသောက်လင်း.. ရှင့်ကို မြင်ရင် ကျမ သိပါတယ်..”

“အော်.. ဟုတ်ကဲ့.. ဒါဆို ကျနော် ခုပဲ ထွက်ခဲ့လိုက်ပြီနော်..”

“အိုကေ.. See you..”


         ချက်ချင်းပင်ထထွက်ရန်ပြင်ပြီးမှ မိမိပုံစံကိုငုံ့ကြည့်မိတော့ ညအိပ်ဝတ်စုံကြီးနှင့်။ မဖြစ်သေးပါဘူး။ လူပျိုပေါက် အရွယ်ကတည်းက မြန်မာနှင့် အလှမ်းကွာခဲ့တာမို့ အချို့နေရာများက သူ့စိတ်တွင် ရေးတေးတေး။ ဒဂုံစင်တာကိုလည်း သိသလိုလို မသိသလိုလို။ ဘာပဲပြောပြော စင်တာဆိုသည့်နောက် လူသူဝေးသော နေရာတော့မဟုတ်ဘူးပဲ။ နောက်ပြီး သွားတွေ့ရမှာက ကိုယ့်ချစ်သူ၏ သူငယ်ချင်း မိန်းမပျိုလေးတစ်ဦး။ လူ့မြင်မဆိုးမယ့် အဝတ်တော့လဲဦးမှ..။ ခုမှပဲ တောသားမြို့ရောက် ဖြစ်နေသော မိမိဘဝကို ပြန်တွေးကာ စိတ်တိုရမလို.. ရယ်ရမလို.. ငိုရမလို..။ ခရီးဆောင်အိတ်အတွင်းမှ ရှပ်အကျီနှင့် ဂျင်းဘောင်းဘီတစ်ထည်ကို ကြုံသလို ကောက်စွတ်ပြီး ထွက်လာခဲ့သည်။ မျက်နှာပေါ်က နှမ်းစေ့ တစ်ဝက်စာလောက် ပါးသိုင်းမွေး ငုတ်စိများကတော့ ရှိစေတော့။ မနက်ကတည်းက မသစ်ရသေးသော မျက်နှာကို အသင့်ရှိနေသည့် စနိုးတာဝယ်လ်တစ်ခုနှင့် ခပ်မြန်မြန် ကောက်ပွတ်လိုက်သည်။ Money changer တစ်ခုတွင် ငွေဝင်လဲတော့ လူကို ပြူးကြောင်ကြောင် ကြည့်ကြတာ ခံရပြန်သေး၏။ ကို့အဖြစ်က အရူးနဲ့တူနေပြီထင်ပါရဲ့ငယ်လေးရေ.. ချစ်သူစွန့်ပစ်သွားတဲ့အရူး.. အချစ်ပျောက်နေတဲ့အရူးပေါ့ကွာ..။
..
အပိုင်း ၃ ဆက်လက်ဖတ်ရှုပါရန်

No comments:

Post a Comment