Thursday, December 1, 2016

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး - (၄)




“ထ မရပ်နဲ့.. ဒူးထောက်လျက် အတိုင်း သွား..”
“…….”

လက်နောက်ပြန် ကြိုးတုပ်ပြီး ဒူးထောက်လျက်နှင့်ပင် အခန်းထောင့်ရှိ အမှိုက်ခြင်း ရှိရာသို့ရောက်အောင် သွားရသည်။ မိမိ၏ အရှေ့အလည်ပိုင်း အရပ်ဆီမှ တင်းမာမှု ပြဿနာကြောင့် ဘယ်လိုမှ အဆင်မပြေ။ ကို့ယို့ကားယားနှင့်မို့ မှောက်လျက်လဲမကျအောင် မနည်း ထိန်းနေရ၏။ ဗူးခွံပိန်လေးကို ခြင်းထဲပစ်ချပြီး သူမရှေ့ ပြန်ရောက်တော့ ဒူးနှစ်ဘက်က အတော်လေး ကြိမ်းနေပြီ။ ကြမ်းပြင်မှ အမွေးပွ ကော်ဇောက နူးညံ့နေသေး၍သာ တော်တော့သည်။ သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး သူမ မျက်နှာကို မော့ကြည့်လိုက်တော့ လက်ထဲတွင် အခွေလိုက်လေး ကိုင်ထားသည့် ခါးပတ် တစ်ခု။ ခါးပတ်နဲ့များ ထပ်ရိုက်ဦးမလို့လား သခင်မရယ်..။

“ခေါင်း မော့စမ်း..”
“……”

သူမ အလိုကျ ခေါင်းမော့ပေးလိုက်၏။ သူမ မျက်နှာလိုပင် ပျော့ပျော့လေးနှင့် အေးစက်နေသည့် သားရေခါးပတ် အညိုရောင်လေးက လည်ပင်းပေါ် ကျလာသည်။ ခါးပတ်ပျော့လေးက အပေါက် မပါဘဲ ခါးပတ်ခေါင်းမှ အသွားလေးများနှင့် ဖိကာ တပ်ရသည့် အမျိုးအစားဖြစ်၏။ ဖြူဖွေး သွယ်လျသော လက်ချောင်း လှလှလေးများဖြင့် သူ့လည်ပင်းပေါ်တွင် ခါးပတ်လေးကို စွတ်လိုက်သည်။ သေရော.. ငါ့ကို လည်ပတ်ကြိုး ဆင်လိုက်တာပါလား.. လူစင်စစ်က ခွေးဖြစ်ရပါပေါ့..။ သက်ပြင်းချတိုင်းသာ အသက်တိုရမည် ဆိုပါလျှင် စူးရှ ချက်ချင်း သေသွား နိုင်မလားမသိ။ မျက်စိစုံမှိတ်ပြီး သူမ လုပ်သမျှ ငြိမ်ခံနေရသည်ကို စိတ်ပျက်ခြင်း တစ်ဝက်၊ မသိမသာ ပျော်နေမိခြင်းက တစ်ဝက်။ သူမ မျက်နှာလေးကို ခိုးကြည့်မိတော့ လိုချင်တာ ရနေသည့် ကလေး တစ်ယောက်လိုလို၊ တိုက်ပွဲတွင် တစ်ဘက်ရန်သူကို အရှင်ရလိုက်သည့် စစ်သူကြီးတစ်ဦးလိုလို။ လည်ပတ် အနေအထား စိတ်ကြိုက်ရသွားတော့ သူ့ကို ဒူးထောက်စေလျက်ကပင် ဆက်တီခုံနားသို့ ဆွဲခေါ်သွားသည်။ မိန်းကလေးတစ်ယောက်က မိမိကို ခွေးတစ်ကောင် ကြိုးနှင့် ဆွဲသလို ဆွဲခေါ် သွားနေခြင်းသည် ဘာလို့များ စိတ်တိုစရာ မကောင်းဘဲ ရင်ခုန်စရာ ဖြစ်နေရမှန်း သူ လုံးဝ နားမလည်တော့ပါချေ။

ဖွေးတစ်ယောက် ဆက်တီခုံရှည်ကြီးပေါ်တွင် မှီလျှောလျှောလေး ထိုင်လိုက်၏။ ခြေနှစ်ဘက်ကို ဆန့်ထားသည်။ စူးရှက ခြေရင်းဘက်တွင် ဒူးထောက်လျက်။ လက်ထဲတွင် ခါးပတ်ကြိုးစကို ကိုင်ထားသည့် သခင်မလေး၊ သူမ ဘာကို အလိုရှိနေမှန်း သူ ရိပ်မိလိုက်သည်။ ခါးပတ် အရှည်ကလည်း သူ့လည်ပင်းနှင့် သူမ လက်တဆန့် အကြားတွင် အလောတော် ကွက်တိ ဖြစ်နေ၏။ ဖွေးဥ နုဖတ်နေသည့် ခြေဖ၀ါး လေးများက သူ့မျက်နှာနှင့် အနီးဆုံးမှာဖြစ်နေသည်။ သခင်မ ထံမှ အမိန့်တစ်စုံတစ်ရာ မရသေးပါဘဲ သည်တာဝန်ကို နှစ်လိုစွာ စတင်လိုက်မိသည်။ အရင်ဆုံး ခြေဖ၀ါး နုနုလေးများကို ရွှတ်ကနဲ ရွှတ်ကနဲ တလှည့်စီ အနမ်းပေးလိုက်၏။ သည့်နောက် နှုတ်ခမ်းများနှင့် ပြွတ်ကနဲ ပြွတ်ကနဲ နမ်းသည်။

သူမ ခြေဖ၀ါးလေး သိသိသာသာ ကွေးကုပ်သွား၏။ နှစ်ဦးလုံး အသက်ရှုနှုန်းများ မြန်လာကြသည်။ သူ့မျက်လုံးထဲတွင် သခင်မ၏ ခြေဖ၀ါးပြင်လေးက ရှက်သွေးဖြာနေသည့် မိန်းမပျိုလေး၏ ပါးပြင်ကဲ့သို့ ပန်းသွေးရောင် သမ်းနေသည်။ နီတြာတြာ ခြေချောင်းလေးများကို အသာ စုပ်ယူလိုက်၏။ ခြေချောင်း ထိပ်ဖျားလေးများက ဂျယ်လီ ကန်ဒီလေးများလို လုံးဝန်းပျော့အိ နေသည်။ သူ့နှာခေါင်းထဲသို့ သဘာဝဆန်သည့် ရနံ့အီအီလေး ခပ်မျှင်းမျှင်း ၀င်ရောက်လာသည်။ ခြေချောင်းထိပ်လေးကို ငုံခဲရင်း ထိုရနံ့လေးကို မြိုချလိုက်မိ၏။ ရှီးး ကနဲ ညည်းသံ သဲ့သဲ့လေးကြားလိုက်ရသလိုမို့ သည် ခံစားမှုက သူမ အာသီသကို ကောင်းစွာ နှစ်သိမ့်ပေးနိုင်မှန်း သူ သိလိုက်သည်။

ခြေချောင်းလေးများကို စုပ်လိုက်၊ ခြေဖ၀ါး နုနုလေးကို လျက်ပေးလိုက်နှင့် သခင်မကို စိတ်ပါလက်ပါ ပြုစုရင်း သူ မချိမဆန့် ခံစားနေရသည်က ညီတော်မောင် ပေးသော ပြဿနာ။ အတွင်းခံ ကွဲထွက်မတတ် ခက်ထန် တင်းမာနေသည်မို့ အောင့်သက်သက် ဝေဒနာက ပေါ်လာသည်။ ခုနေများ သခင်မလေးကို စိတ်ရှိလက်ရှိ ချစ်ခွင့်ရမည်ဆိုပါလျှင်..။ ဆာလောင် မွတ်သိပ်နေသည့် မိမိအာရုံများ ပျောက်လိုပျောက်ငြား သခင်မ၏ ခြေဖ၀ါးတွင် စိတ်ကို နှစ်ထားပါသော်လည်း မည်သို့မျှ အရာမထင်။ ထိုစဉ် သခင်မလေးက လက်ထဲတွင် ကိုင်ထားသည့် ခါးပတ်ကြိုးစကို ခပ်ဆဆ ဆောင့်ဆွဲသည်။ သူမ ဘာကိုအလိုရှိမှန်း မသိသဖြင့် သခင်မ၏ ရွှေမျက်နှာတော်ကို မော်ဖူးလိုက်ရ၏။ မျက်ခုံးလေး ပင့်ရင်း ခြေဖမိုးဆီ မေးဆတ်ပြ၏။ သခင်မ၏ အသံတိတ် အမိန့်ပေးနည်းကို သူ ကောင်းစွာ သဘောပေါက်လိုက်သည်။ သွေးကြော စိမ်းဖန့်ဖန့်လေးများ ယှက်ဖြာနေသည့် ခြေဖမိုးလှလှလေးကို နမ်းလိုက်သည်။

သခင်မလေး နှင်းဖွေးဖွေး၊ လူကသာ ငြိမ်သက်စွာ ထိုင်နေသော်လည်း နှလုံးသားကတော့ဖြင့် တင်းရစ် မို့မောက်သော ရွှေရင်အစုံကို တွန်းထုတ်နေသလား ထင်ရအောင်ပင် ၀ုန်းဒိုင်းကျဲနေသည်။ ပိပိလေးဆီမှ ချစ်ဝတ်ရည်တို့လည်း စိုရွှဲသည် ဆိုတာထက် အိုင်ထွန်းလာပြီဟု ပြောရမလိုပင်။ နှုးညံ့သည့် လျှာဖျားလေးက မိမိခြေဖ၀ါးကို ထက်အောက် စုံဆန် ကလူကြည်စယ်နေသည် မဟုတ်ပါလား။ ခြေဖ၀ါးဆီမှ ယားကျိကျိ အတွေ့က ခြေသလုံးနှင့် ပေါင်တံ အောက်ပိုင်းမှသည် တင်စိုင်များဆီအထိ မျဉ်းတစ်ကြောင်း ဆွဲလိုက်သလို ကျဉ်တက် လာသည်။ ပထမ တစ်ကြိမ်တုန်းကလည်း သည်ခံစားချက်ကို သူမ အလွန်အမင်း နှစ်သက်မိ၏။ ယားကျိကျိ ဝေဒနာ နုနုလေးကြောင့် တင်စိုင်များကို အလိုလို ရှုံ့ကာ ညှစ်မိတော့ ပိပိလေးအတွင်းမှ ၀တ်ရည်တို့ကိုပါ ညှစ်ချလိုက်သလို ဖြစ်သွား၏။ စိတ်ထဲတွင် တွင်းကလေးအ၀မှ ပူစီဖောင်းလေး ဖတ်ကနဲ ကွဲသွားသလိုတောင် ခံစားမိလိုက်ရသည်။ သည်ကြားထဲ ကျွန်စုတ်ကလေးက မိမိခြေချောင်းများကို တစ်ချောင်းစီ အားရပါးရ ငုံခဲ စုပ်နေပြီး ဘာတွေ မြိုချနေသည်မသိ။

စူးရှ.. ဟူးးး.. တကယ်လို့များလေ.. အဲ့ခြေချောင်းလေးတွေနေရာမှာ ငါ့ ချိုသီးလုံး လေးတွေ ဆိုရင်ရော.. နင် အဲ့လို အားပါးတရ စို့ပေးမှာလား.. နင့် အောက်ကဟာကြီး ဖောင်းကားနေတာ ငါ မြင်နေရတယ် သိလား စူးရှ.. သူများရည်းစား ပိပိထဲကို စည်းမရှိ ကမ်းမရှိ ကျူးကျော် ၀င်ရောက်ခဲ့တဲ့ အကောင်ကြီးလေ.. အခု ငါ ကောင်းကောင်း နှိပ်စက်ပေးနေလို့ ဒင်း တော်တော်လေး ဒုက္ခ များနေပြီသိလား.. ငါ့ကို ပစ်ထားခဲ့တဲ့ နင်လည်း ဒီဒုက္ခကို အံတု နေရတယ်မဟုတ်လား.. နင့် မျက်နှာကြီး ရဲတွတ်နေတယ်.. နင့် မျက်လုံးတွေက ဆေးမိနေတဲ့သူလိုပဲ ကြောင်စီစီ ဖြစ်နေတယ်.. မပူပါနဲ့ နင့်ကို ငါ စိတ်ကြိုက် နှိပ်စက်ပြီးရင် ဆု ကောင်းကောင်းပေးမှာပါ ကျွန်စုတ်လေးရယ်..
သည်လိုအတွေးနှင့် သူ့လှုပ်ရှားမှုများကို ခြေဖျားဆီမှ အပေါ်ဘက်သို့ ရွှေ့လာစေရန် ဖွေး စိတ်ကူး လိုက်သည်။ သို့သော်လည်း နှုတ်ဖျားမှ အမိန့်စကား မခြွေနိုင်တော့။ မိမိ သွေးသားတွေလည်း အဆုံးမဲ့ လှိုက်တက်နေပြီ မဟုတ်ပါလား။ သည်အချိန်တွင် တည်ငြိမ်သည့် အမိန့်စကားတစ်ခွန်း ပြောနိုင်ဘို့ မည်သို့မျှ ဖြစ်နိုင်မည်မထင်။ သောက်ထားသည့် ဘီယာ ရဲဆေးကလည်း အလုပ်သိပ်မဖြစ်။ စူးရှ၏ ပင်ကိုယ်စရိုက် ကိုယ်တိုင်က မိမိအနိုင်ကျင့်သမျှ ခံယူရန် အာသီသ ရှိနေခြင်းကြောင့်သာ ဒီအခြေအနေထိ ရောက်လာရသော်လည်း တကယ်တမ်း တွေးကြည့်လျှင် သူက မိမိဘ၀တွင် ပထမဆုံး ပတ်သက်မိသော ယောင်္ကျားတစ်ဦး မဟုတ်ပါလား။ နောက်ဆုံးတော့ သူ့ အပြုအစုများကြောင့် မိမိစိတ် မတည်ငြိမ် နိုင်တော့သည်ကို ဒင်းကလေး မရိပ်မိစေရန် အသံတိတ် အမိန့် ပေးနည်းကို ဖွေး သုံးလိုက်ခြင်းဖြစ်သည်။

လက်ထဲမှ ခါးပတ်စကို ဆွဲလိုက်တော့ ကျွန်ကလေး က မိမိကို မော့ကြည့်သည်။ ရီဝေ ငေးငိုင်နေသည့် သူ့အကြည့်များက တစ်စုံတစ်ခုကို တောင်းခံနေသည့် ကလေးတစ်ယောက်လို ဖြစ်နေ၏။ ဘယ်တုန်းကမှ ကြည့်မရခဲ့သော သည်မျက်လုံး ငေးကြောင်ကြောင် များက သည်တစ်ကြိမ်တော့ ဖွေး ရင်ထဲကို မိုးကြိုးပစ်သလို စူးကနဲ လက်သွားသည်။ ထိုအကြည့် ငေးငေးများကြောင့် မျက်နှာတစ်ခုလုံး ပူနွေး တက်လာသည်အထိ ဖွေးရင်တွေ ခုန်သွားခဲ့ရ၏။ မသိစေချင်..။ သူ့ကြောင့် မိမိ သည်လို ခံစားနေရမှန်း၊ မိမိလည်း သူ့ထံမှ တစ်စုံတစ်ရာကို ပြင်းပြစွာ အလိုရှိနေမိမှန်း သူ့ကို မသိစေချင်ပါ။ မျက်ခုံးတစ်ချက်ကို ပင့်တင်လိုက်ပြီး ထီမထင် မျက်နှာထား ဖြစ်အောင် ကြိုးစားလိုက်သည်။ ခြေဖမိုးကို မေးဆတ်ပြလိုက်၏။

နမ်းလိုက်စမ်း ကျွန်စုတ်.. ငါ့မျက်နှာကို မော့ကြည့်နေစရာ ဘာအကြောင်းမှ မရှိဘူး.. တကယ်က နင့်က ငါ့ ခြေထောက်နဲ့ပဲ တန်တဲ့ ကျွန်ကောင်..။ သည်အမိန့်စကားက ရင်ထဲတွင် ပဲ့တင် ထပ်နေသောလည်း နှုတ်ဖျားမှ ထွက်လာနိုင်ခြင်း မရှိပါ။ အလိုက်သိသော ကျွန်ကလေး၏ အနမ်းနုနုများက ခြေဖမိုးနှစ်ဘက်ပေါ် တစ်လှည့်စီ ကျရောက်လာသည်။ သူ့ အနမ်းများကို ခြေသလုံးသားလေးများဆီ အထိ ရောက်လာအောင် လက်ထဲမှ ခါးပတ်လေးကို ခပ်ဖြည်းဖြည်း ဆွဲယူလိုက်၏။ ကျွန်ကောင်လေး၏ အနမ်းများ တဖြည်းဖြည်းခြင်း နေရာရွေ့လာသည်။ တုန်ရီလှိုက်မော နေသည့် မိမိစိတ်ကို ထိန်းရင်း သူ့ အနမ်းများကို စိတ်ကြိုက် နေရာချရတာ အလွန်ပဲ ပျော်စရာ ကောင်းလှသည်။ ကျွန်လိမ္မာလေး၏ အလိုက်သိမှုက မိမိစိတ်ကို ရဲသည်ထက်ရဲအောင် တွန်းတင်ပေးနေသလို ဖြစ်လာ၏။ နှုတ်ခမ်းထူထူများ၏ နွေးထွေးစိုစွတ်သော အနမ်းများက ခြေဖမိုး တလျှောက်မှသည် ခြေကျင်းဝတ်လေးဆီအထိ ကျော် လွန်ရောက်ရှိလာပြီ။ ဖွေး စိတ်ထဲတွင် ကျွန်ကလေးကို ရုတ်တရက် ကြည်စယ် ဆော့ကစားလိုစိတ်လေး ဖြတ်ကနဲ ပေါ်လာ၏။

ကျွန်စုတ်.. နင် ငါ့ ခြေမျက်စိကို မနမ်းပေးရသေးဘူး.. အခု နင့် နှုတ်ခမ်းတွေက ခြေကျင်းဝတ်ကို ကျော်ပြီး ခြေသလုံးပေါ်တောင် ရောက်နေပြီ.. ဒီတော့ အဲ့ဒီ ရွစိစိ အနမ်းစိုစိုလေးတွေ ခြေမျက်စိနား ပြန်ဆင်း သွားအောင်.. ငါ့ ပါးစပ်က ဘာမှ မပြောဘဲ.. နင့် အနမ်းတွေ အောက်ဘက် ပြန်ရောက်သွားအောင်.. အသံတိတ်နည်းနဲ့ ငါ ဘယ်လို အမိန့်ပေးရင် ကောင်းမလဲ စူးရှ.. အိုးးး သိပြီ.. ဟုတ်တယ်.. အဲ့လိုလုပ်ရမယ်.. ကောင်းလိုက်တဲ့ စိတ်ကူး.. တယ်ဟုတ်တဲ့ ငါပါလား.. ခိခိခိ.. အွန်းးး… ဒါပေမယ့် ခုနေ ငါ့ စိတ်ကူးအတိုင်း လုပ်လိုက်ရင် နင် စိတ်ဆိုးသွားမလား.. စိတ်ဆိုးပြီး နင် အခု ထိုးထိုးထောင်ထောင် တက်နေတဲ့ တမ်ပိုတွေများ ကျသွားလေမလား.. ဟွမ့်.. ဒါဆိုရင်တော့ နှမြောစရာပဲ.. ဟီဟိ.. သိလား စူးရှ.. ငါ အခု အရမ်းပျော်နေတယ်.. ဘာပဲဖြစ်ဖြစ် ငါ စမ်းကြည့်ချင်တယ် တစ်ချက်ကလေး သီးခံပေးဟာ.. နော်..


နှစ်ဘက်ယှဉ်ရပ် ဆန့်တန်းထားသည့် ခြေထောက်များကို တစ်လှည့်စီ နမ်းပေးနေသည့် စူးရှ၊ မျက်လုံးများ မှိတ်ထားသည်။ ဖွေး၏ ညာဘက်၊ ဆိုဖာခုံနဘေးတွင် ထိုင်နေခြင်းဖြစ်ပြီး ယခု သူ့အနမ်းများက ဖွေး ဘယ်ခြေပေါ်တွင် အလှည့်ကျနေ၏။ သူ့မေးဖျားအောက်တွင် ရှိနေသည့် မိမိ ညာဘက်ခြေထောက်ကို ခပ်ဖြည်းဖြည်း ဆွဲထုတ်ယူလိုက်သည်။ လက်ထဲမှ သားရေခါးပတ်ကို ခပ်တင်းတင်းလေး မြှောက်ကိုင်လိုက်ပြီး မိမိစိတ်ကူးကို စတင် အကောင်ထည် ဖော်လိုက်သည်နှင့် စိတ်တို့က တလှပ်လှပ် တုန်ရီလာ၏။

လက်သီးတစ်ဘက်ကို ကျစ်နေအောင် ဆုပ်ထားပြီး နှုတ်ခမ်းများကို ဖိကိုက် ထားမိသည်။ ခြေဖ၀ါးလေးကို ကော့ထောင်ကာ သူ့ပါး တည့်တည့်တွင် အသာဖြည်းဖြည်း ဖိကပ်လိုက်၏။ စူးရှ ရုတ်တရက် တန့်သွားသည်။ ဖွေးကို လှည့်ကြည့်ခြင်းတော့မရှိ။ မိမိခြေဖ၀ါးနှင့် ထိနေသည့် နထင်ကြောက ထုတ်ကနဲ တင်းတက်လာသဖြင့် သူ ရုတ်တရက် အံကျိတ်လိုက်ကြောင်း ဖွေး သိလိုက်သည်။ လက်ထဲမှ ခါးပတ်စကို ခပ်တင်းတင်း ဆွဲထားပြီး သူ့မျက်နှာကို ဘေးတိုက် အတိုင်းမှပင် ခြေဖ၀ါးနှင့် ခပ်ဖြည်းဖြည်း တွန်းထုတ်လိုက်သည်။ ခါးပတ်ကို ကိုင်ထားသည့် ဖွေး လက်များ တဆတ်ဆတ် တုန်နေ၏။ စူးရှ မျက်နှာ အလိုက်သင့် ရွေ့သွားသည်။ ဖွေးလိုချင်သည့် ခြေမျက်စေ့လေးနား အရောက်တွင်ခြေထောက်မှ တွန်းအားကို ရပ်လိုက်သည်။

ဖယောင်းသားလို ပြောင်ဝင်း နေသည့် ခြေသလုံးစင်းစင်းလေးကို တမေ့တမော နမ်းနေမိစဉ် သခင်မ၏ ခြေဖ၀ါးတစ်ဘက်က မိမိ မျက်နှာပေါ် ခပ်ရွရွ ထိလာသည်။ လုံးဝ မျှော်လင့်မထားသည့် အပြုအမူမို့ စူးရှ မျက်လုံးထဲ မိုးကြိုးပစ်သလို လင်းထိန်သွား၏။ ယောင်္ကျားတစ်ယောက် အနေနှင့်သာမဟုတ်၊ လူတစ်ယောက် အနေနှင့်ပါ မည်သို့မျှ တွေးမထားမိတာတွေ တစ်ခုပြီးတစ်ခု ခံနေရခြင်း မဟုတ်ပါလား။ သခင်မလေးက လည်ပင်းမှ ကြိုးကို တင်းနေအောင် ဆွဲထားပြီး မျက်နှာကို ခြေဖ၀ါးနှင့် ကန် နေသည်မို့ မိမိ ပါးပြင်က သူမ ခြေဖ၀ါးတွင် အသေအချာကြီး ဆွဲကပ်ထားသလို ဖြစ်နေသည်။ နားလည် ရန်ခက်ခဲသော ခံစားချက်များကို ပြေလိုပြေငြား အံကျိတ်ထားရ၏။ မိမိ ရင်တွင်မှ ဗလောင်ဆူလာခြင်းသည် ဘာကြောင့်မှန်း မသိသော်လည်း သူမ အပေါ် ဒေါသစိတ် မဟုတ်တာတော့ လုံးဝ သေချာနေသည်။

သခင်မလေးက လည်ပတ်ကြိုးနှင့် ခြေဖ၀ါးလှလှလေးကို တပြိုင်နက် အသုံးပြုပြီး မိမိ မျက်နှာကို စိတ်ကြိုက်နေရာ ချ နေသည်။ မိမိ မျက်နှာက သူမ၏ ဘယ်ဘက် ခြေထောက် ခြေကျင်းဝတ်နား ရောက်သွားတော့ လည်ပတ်ကြိုးကို လျှော့ချပေးသည်။ မသိမသာ တုန်နေသည့် ညာဘက် ခြေဖ၀ါး လှလှလေးကတော့ ပါးပြင်တွင် မထိတထိ ကပ်နေဆဲ။ သူ့မျက်နှာကိုလှည့်လိုက်ပြီး ခြေဖ၀ါးလေးကို နမ်းလိုက်မိပြန်သည်။ သူမ ခါးလေး မသိမသာ လှုပ်လာတာကို မျက်လုံးထောင့်မှ မြင်လိုက်ရ၏။ မိမိ၏ အလိုက်တသိ ပြုစုပေးမှုက သခင်မ အလိုကျထက် များစွာ ပိုနေမိပြီလား။ သူမ၏ ခြေဖ၀ါးကို ပါးနှင့် ပွတ်လိုက်၊ နှဖူးဖြင့် ပွတ်လိုက်၊ နှုတ်ခမ်းများနှင့် တဖွဖွ နမ်းလိုက် လုပ်နေမိသည်။

ခြေဖ၀ါးကို ပူစီလေးလို တိုးဝှေ့နေသည့် စူးရှ၏ အပြုမူကြောင့် ဖွေး ရူးသွားမတတ် ကြည်နူးမိသည်။ သူ့မျက်နှာကို ခြေထောက်နှင့် ကန်နေတာတောင် စိတ်ဆိုး စိတ်ကွက်ခြင်း မရှိဘဲ သည်းခံပေးရှာသည့် ယောင်္ကျားတစ်ယောက် အပေါ်တွင် မေတ္တာသက်ဝင်မှုများက တားမရ ဆီးမရ ယိုဖိတ်လာတော့၏။ ခဏ ကြာလာတော့ ထောင်ထားမိသည့် ခြေထောက်က ညောင်းလာသည်။ မိမိ စိတ်ကူးရှိသည့် ခြေမျက်စေ့ နေရာလေးပေါ်သို့ သူ အနမ်းများ ရွေ့သွားအောင် ခြေထောက်နှင့်ပင် တွန်းပို့လိုက်၏။ ကျွန်ကလေး၏ အလိုက်သိမှုများက ဖွေးအတွက် စိတ်ကျေနပ်စရာ ကောင်းလွန်းနေသည်။ တောင့်တင်းတင်းကြီး ဖြစ်နေသည့် စိတ်များကို လျှော့ချရင်း သူ့ အပြုစုများကို အရသာ ခံနေလိုက်၏။

မိမိ ခြေဖ၀ါးစောင်းလေးကို သေသေချာချာ နမ်းပေးနေသည့် ကောင်ကလေး။ စိတ်လိုလက်ရ ရှိလွန်းသော သူ့ အနမ်းများက မိမိရင်ခုန်သံများကို စည်းချက် မှန်လာစေသည်။ သူ့မေးဖျား၏ အောက်ဘက်နားလေးကို ခြေထောက်တစ်ဖက်နှင့် မထိတထိ တိုးဝင်ကာ မေးစေ့အောက်နှင့် လည်ပတ်ကြိုး လွတ်နေသည့် နေရာများကို ခြေဖမိုးနှင့် ပွတ်ပေးနေလိုက်၏။ နားရွက်ဖျားလေးကို ခြေမခြေညှိုးတို့ဖြင့် ညှပ် ဆွဲ ဆော့မိသည်။ တိရိသေသပ်စွာ ပုံသွင်းထားသည့် ဆံပင်တိုတိုများကို ခြေချောင်းများနှင့် ခပ်ဖွဖွ ထိုးဆွ လိုက်၏။ နထင်စပ်ရှိ ဆံပင်တိုတိုလေးများက ကြမ်းရှရှနှင့် မို့ ခြေဖ၀ါးနှင့် ပွတ်လိုက်တိုင်း ယားကျိကျိခံစားချက်ကလေး ပေါ်လာသည်။ ထိုခံစားချက်က မိမိခြေထောက်ကို မရပ်တန့် ချင်လောက်အောင်ပင် ဆွဲဆောင်နိုင်လွန်းသည်။ ခြေဖ၀ါးနုနုလေးဆီမှ ယားကျိကျိ အရသာက ဘာကြောင့်များ ပိပိလေးကို အလွန်အမင်း လှုံ့ဆော်နှိုးဆွနေမှန်းတော့ ဖွေး ဘယ်လိုမှ နားမလည်ပါ။

ခြေထောက်လေးကို အနမ်းပေးနေရင်း မိမိ ဆံပင်များနှင့် ခြေသုတ်နေသည့် သူမ။ ခြေထောက် နုနုလေးများက နားရွက်ဖျားကို တစ်ချက်ချက် လာလာ ညှပ်သည်။ ကြံကြံဖန်ဖန် ဆော့ချင်တဲ့ကလေးမ၊ စိတ်ရှိလက်ရှိ ချစ်ပစ်ချင်လာသည်။ ခြေဖနောင့် နီတျာရဲလေးကို လျှာအပြားလိုက်နှင့် လျှက်တင်ပေးလိုက်၏။ မိမိခေါင်းကို ခြေသုတ်ခုံလို ကစားနေသည့် သခင်မလေး၏ ခြေထောက်တစ်ဘက် ခေတ္တ ငြိမ်သွားသည်။ မျက်လုံးထောင့်ပြီး မသိမသာ ခိုးကြည့်လိုက်တော့ မိမိ မြင်ကွင်းထဲ မထိတထိ ၀င်လာတာက သခင်မလေး၏ အဘိုးတန် ရတနာလေး။ ဖုံးကွယ်ခြင်းကင်းသည့် ပိပိ လေးက ပေါင်နှစ်ချောင်း ကြားမှနေ၍ မိမိကို ချောင်းကြည့်နေ၏။ သိပ်ကြီး ရှင်းရှင်းလင်းလင်း မြင်ကွင်း မဟုတ်သော်လည်း တံခါးလေးနှစ်ခု စေ့ပိတ်ထားသလို နှုတ်ခမ်းလွှာနှစ်ဘက်က စုပ်နမ်းချင်စရာ ကောင်းလွန်းနေသည်။

သခင်မလေး ဖွေးက ၀တ်ထားသည့် ဒူးဖုံးဂါဝန်လေးနှင့် အောက်တွင်ဘာမှ မရှိသည်ကို မေ့များ နေသလား။ သို့တည်းမှ မဟုတ် မိမိကို နှိပ်စက်ရန် သက်သက် ရည်ရွယ်ချက်ဖြင့် သူမ၏ ရတနာ ရွှေကျုတ်လေးကို မစားရအညှော်ခံ ဖြစ်အောင် တမင်များ ပြနေတာလား။ ဆန့်ထားသည့် ဘယ်ခြေထောက်နှင့် ညာဘက်ခြေက ဒူးထောင်ကာ မိမိခေါင်းပေါ်တင်ထားသည်။ အောက်မှ မထိတထိ မြင်နေရသည့် ရတနာလေးက ချောင်ထဲတွင် ပိပိစိစိလေး။ ခုနေများ သည်နှုတ်ခမ်းလေးနှစ်ဘက်ကို အသာ ဆွဲဟ ပြီး စိတ်ရှိလက်ရှိ နမ်းခွင့်ရပါလျှင်..။ သည်လို တွေးလိုက်တော့ ဟိုနေရာမှ အောင့်သက်သက် ဝေဒနာက ပိုဆိုးလာသည်။ ဘယ်လိုမှ တောင့်မခံနိုင်တော့သည့် အဆုံး ….

“ဖွေး…”
“ဘာ လဲ..”
“ဟိုလေ.. ငါ.. ခဏလေး.. တွိုင်းလက် ၀င်ချင်လို့..”
“၀င်ပြီး ဘာလုပ်မှာလဲ..”
“အင်.. ဟို.. ဟိုဟာလေ..”
“ဘာ ဟိုဟာလဲ.. ငါ စိတ်မရှည်ဘူး မြန်မြန်ပြော..”
“ဟို.. ဘာ ဘာမှ မဟုတ်ပါဘူး..”

သူ ဘာလို့ ခွင့်တောင်းမှန်း ဖွေး တကယ် မသိရိုး အမှန်ပင်။ အပေါ့သွားချင်လို့ပါ ဟု ရိုးရိုး ပြောလိုက်လျှင် ရပါလျှက်နှင့် ဟိုဟို သည်သည် ဖြစ်နေသည့် သူ့ပုံစံကို ကြည့်ပြီးမှ သဘောပေါက်သွား၏။ မိမိတို့ မိန်းမသားများတွင်လည်း လိင်အာသီသ အပေါ် တကိုယ်ရည် ဖြေသိမ့်မှုများ အနည်းနှင့် အများတော့ ရှိသည်မဟုတ်ပါလား။ ခုလည်း မိမိက သည်လောက် မထိတထိ နှိပ်စက်နေမှတော့ သူ ပေါက်ကွဲချင်နေရောပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့မှာ နေမရထိုင်မရ ဖြစ်နေလျက်ကပင် မိမိအပေါ် ပြီးစလွယ် မပြောတတ်သည့် စရိုက်လေးကိုတော့ နင့် နေအောင် ချစ်သွားမိသည်။ မိမိ အနေနှင့်ကကော သည်အခြေနေထိ ရောက်လာပြီးမှ သူ့ဆီက တစ်စုံတစ်ရာကို အလိုမရှိပါဟု ဟန်လုပ်ငြင်းဆန်နေစရာ ဘာအကြောင်းမှ မရှိပါ။  




ဆိုဖာပေါ် လှဲမှီနေလျှက် မှ ညင်သာစွာ ထ လိုက်သည်။ “ခုံပေါ်က ကပ်ကြေး သွားယူလိုက်..” ဖွေး စကား အဆုံးတွင် စူးရှ ခေါင်းတစ်ချက် ငြိမ့်ပြပြီး ထ ရပ်သည်။ လက်ပြန်ကြိုး တုပ်ထားလျှက်မှ ကပ်ကြေး သွားယူရမည် ဆိုတော့ ပါးစပ်နှင့် ကိုက်ရဦးမည်ပေါ့။ မတတ်နိုင်။ သည်အချိန်တွင် တွိုင်းလက်ထဲ အမြန်ဆုံးရောက်ရန်က အသက်တမျှ အရေးကြီးနေသည် မဟုတ်ပါလား။ ဒူးထောက် ထိုင်နေသည့် အချိန်က ကြာလှပြီမို့ လူက ယိုင် သွားသေးသည်။ ခါးလေးဆန့်ကာ ခုံပေါ် ခြေထောက်ချိတ် ထိုင်နေသည့် သခင်မလေးက မျက်စောင်းလှန်ကြည့်၏။ သူ့ ဟိုနေရာကြီး မြင်မကောင်းအောင် ဖောင်းထ နေတာ သခင်မလေး သိသွားပြီ။ တင်းတင်း စေ့ထားသည့် နှုတ်ခမ်းလေးမှ ထီမထင် အပြုံးတစ်ပွင့်ကို လက်ကနဲ မြင်လိုက်ရသည်။ တောင့်တင်းလေးလံနေသည့် ညီတော်မောင် ကြောင့် စားပွဲဆီ လှမ်းရသည့် စူးရှခြေလှမ်းများ ကုန်းကွကွ ဖြစ်နေသလိုလိုပင်။ စားပွဲပေါ်မှ ကပ်ကြေးကို ပါးစပ်နှင့် ကုန်းကိုက် ယူလာပြီး သူမ ထံ ပေးလိုက်သည်။

“လှည့် ဟိုဘက်..” သခင်မ အမိန့်အတိုင်း လှည့်ပေးလိုက်သည်။ မိမိလက်မှ သားရေကြိုးနှင့် တိပ် (ပ်) ကို ညှပ်ပေးတော့မည်ထင်ပါရဲ့။ သက်ပြင်းရှည်တစ်ချက် ချလိုက်ရင်း စိတ် အတန်ငယ်ပေါ့ပါး သွားရ၏။ မိမိ စိတ်ထဲတွင် သူမကို ကျောခိုင်းထားသည့် ခဏလေးက အသက်ရှု ၀ သွားသလို ခံစားလိုက်ရသည်။ အနည်းဆုံးတော့ စမာန်ထ နေသည့် လိင်တံကြီးအတွက် အကာကွယ် ရသွားသည် မဟုတ်ပါလား။ စက္ကန့် အနည်းငယ် ကြာသည်အထိ သူမ ဘက်မှ တစ်စုံတစ်ရာ လှုပ်ရှားခြင်းမရှိ။ သူ ခေါင်းစောင်း ငဲ့ကာ လည်ပြန်ကြည့်လိုက်တော့ ချိုလဲ့ရီဝေနေသည့် ညှို့မျက်ဝန်း လှလှလေးများနှင့် ဆုံလိုက်ရသည်။ သည်တစ်ကြိမ် သူမ၏ အကြည့်က ခါတိုင်းနှင့် လုံးဝ မတူ။ သို့သော် မြင်တွေ့နေကျ စွမ်းအင်တစ်ခုကိုတော့ သူ ခံစားနေရဆဲ။ ညှို့အားပြင်းထန်နေသည့် သူမ မျက်လုံးများတွင် ညင်သာသိမ်မွေ့သော ရောင်စဉ်တန်းလေးများ လက်နေသည်။ ပူလောင် ပြင်းရှခြင်းလည်း မဟုတ်၊ သိမ်မွေ့သော ချစ်ခြင်းလည်း မဟုတ်၊ နားလည်ရန် မလွယ်သည့် ညှို့ဓာတ်တစ်မျိုးက သူ့စိတ် အစဉ်ကို အဝေးတစ်နေရာဆီ ခေါ်ဆောင်သွားနေသလိုလို အနီးဆုံးရောက်အောင် ဆွဲခေါ်နေသလိုလို..။

“ငါ စဉ်း စား နေ တာ ပါ..” တစ်လုံးချင်း ပြောရင်း ဖြည်းဖြည်းလေး ထ ရပ်သည်။ စူးရှ တစ်ယောက် ခေါင်းကို ခပ်စောင်းစောင်း ငုံ့ထားလျက်ကပင် ငြိမ်ပြီး နားထောင်နေမိ၏။ အကြည့်များကိုတော့ ကြမ်းပြင်မှ မွေးပွ ကော်ဇော်ဆီ ပို့ထားမိသည်။ ရောင်စဉ်ဖြာ ညှို့အားများနှင့် သခင်မလေး၏ မျက်ဝန်းများကို သူ ရင်မဆိုင်ရဲပါ။ “နင့် စိတ် ထဲ မှာ…” ပြောနေသည့် စကားသံက တစ်လုံးချင်းနှင့် လေးလံလှသလို သူမ ကိုယ်လေးက မိမိရှေ့တည့်တည့်ကို နေရာ ရွေ့လာသည်။ မိမိနှင့် မျက်နှာချင်းဆိုင် တည့်တည့်တွင် သူမ ရပ်လိုက်၏။ ကြမ်းပြင်ကို စိုက်ကြည့်နေသည့် စူးရ၊ှ မျက်ခုံးတို့ ကျုံ့ထားမိသည်။ ပင့်သက်တစ်ခုကို မသက်မသာ ရှိုက်သွင်းပြီး ပြန်မှုတ်မထုတ်မိ။ စိတ်ထဲမှလည်း ကျွန်တော်မျိုးကြီးကို သနားပါတော့ သခင်မရယ် ဟုသာ အော်ပြောရင်း ကျူကျူပါအောင် ငိုချလိုက်ချင်မိတော့သည်။

“နင့် စိတ် ထဲ မှာ…”
“………”
“တွိုင်းလက် သွားပါရစေ ဆိုတဲ့ စကား အပြင်..”
“………”
“တခြား ပြောချင်တာများ မရှိဘူးလား စူးရှ..”

စူးရှ ဘာ ပြန်ပြောရမှန်း မသိပါ။ အသက်ရှုသံတွေ ကမောက်ကမ ဖြစ်ပြီး တံတွေး မြိုချမိသည်။ ဟိုနေရာက ပိုမိုလေးလံလာပြီး ဒူးများပင် တုန်သလိုလို ခံစားလာရ၏။ “စူးရှ.. ငါ မေးနေရင် ဖြေ လေ..” သိမ်မွေ့ ညင်သာလှသော်လည်း စိုးမိုးမှု များစွာ ပါဝင်နေသည့် သူမ စကားသံတို့က နားထဲသို့ လှိုင်းထ ၀င်ရောက်လာပြန်သည်။ သခင်မ မျက်နှာလေးကို မရဲတရဲ ကြည့်လိုက်မိပြီ။ ပန်းသွေးရောင် မျက်နှာ လှလှလေးနှင့် ကြယ်ရောင်လက်နေသည့် မျက်ဝန်းများ၊ ပြုံးတုန့်တုန့် နှုတ်ခမ်းနှစ်မြွာက သူ့ကို အခွင့်အရေးတစ်ခု ပေးနေတာလား.. သရော် လှောင်ပြောင်နေတာလား.. သေချာတာတော့ သူမလည်း ရင်ခုန်နေပါသည်။ လှပရွှန်းလဲ့နေသည့် မျက်ဝန်းလေးများကို မှေးကျဉ်းလိုက်ရင်း..

“စူး ရှ.. နင်ဟာလေ … ဒီလောက်တောင်မှပဲ..”
“………”
“နင့် စိတ်ထဲမှာ ဘယ်လို ခံစားနေရတယ်.. ဘာတွေ လိုအပ်နေတယ်.. ပြော စမ်း စူးရှ..”

လေပူတစ်ချက်ကို ဟူးကနဲ မှုတ်ထုတ်လိုက်၏။ ခဏ အားယူလိုက်ပြီး စကား စ ရန် ကြိုးစားလိုက်၏။

“ငါ့ စိတ်တွေ တအားလှုပ်ရှားနေလို့ပါ ဖွေး.. နင် ကျေနပ်တဲ့ အထိ ခိုင်းသမျှ အကုန် လုပ်ပေးပါ့မယ်.. ငါ့ကို ခဏလေးပဲ ခွင့်ပြုပေးပါဟာ နော်..”
“ငါ မေးတာ တခြား.. နင်ဖြေနေတာ တခြား..”
“ဟူးးး…”
“စူး ရှ..”
“………”
“နင်က လက်ရှိအခြေနေကို ရှောင်ထွက်ဖို့ ကြိုးစားနေတာပဲ..”
“အာ.. မဟုတ်..”
“ငါ့ စကား မဆုံးသေးဘူးလေ..”
“………..”
“နင် အခု ခံစားနေရတာတွေက ဒီလိုမျိုး ရှောင်ထွက်လိုက်ရုံနဲ့ ပြီးသွားမှာလား..”
“………..”
“နင့် မှာ ပြောစရာတွေရှိမယ်ဆိုတာ ငါသိတယ် စူးရှ.. နင် ငါ့ဆီက တစ်ခုခု လိုချင်နေတယ် မဟုတ်လား.. ပြော စမ်း စူးရှ.. နင် ပြောချင်နေတဲ့ စကားက ဘာပဲဖြစ်ဖြစ် ငါ နားထောင်ချင်တယ်..”
“ငါ နင့်ကို အရမ်း သဘောကျတယ်ဖွေး.. ငါ့ကို အရမ်း လွှမ်းမိုးနိုင်တဲ့ မိန်းကလေး တစ်ယောက်လို့ ငါ့ရင်ထဲမှာ ခံစားမိတယ်.. ငါ… ငါ လေ နင်နဲ့ငါ အတူတူ ရှိနေတဲ့အချိန်.. ဘယ်နေရာပဲဖြစ်ဖြစ် နင့် အသားကို ထိမိတဲ့ အချိန်.. အခုလိုမျိုး နင်နဲ့ ငါ နှစ်ယောက်တည်း ရှိနေတဲ့ အချိန်မျိုးမှာ ငါ အရမ်း… ဟူးးး… အရမ်း ခံစားရတယ်.. အဲဒါက ငါ.. ငါ့ ဘက်က ခံစားမိတာပါ.. ဒါပေမယ့် ငါ.. ငါက နင့်ရဲ့..”
“တော် တော့ စူးရှ.. ဆက် မပြောနဲ့တော့..”
“.....…”
“ငါ ကော နင့်လို ခံစားရမယ်လို့ နင် မတွေးမိဘူးလား..”
“ဟင်…”
“ဟို ဘက် လှည့် ပေး..”

သည်တစ်ကြိမ်တော့ သူမ အမိန့်ကို သူ ချက်ချင်း မလိုက်နာမိ။ သူ့ နှောင့်နှေးမှုကိုလည်း သူမ ဘက်မှ တစ်စုံတစ်ရာ မပြော။ နှစ်ဦးသား ရီဝေ ချိုမြိန်စွာ စိုက်ကြည့်နေမိသည်။ တစ်ယောက်ကိုတစ်ယောက် ပြင်းရှစွာ လိုအပ်နေကြပြီ မဟုတ်ပါလား။ တိတ်ဆိတ်နေသည့် အခန်းထဲတွင် ဂယက်ထ နေသည့် အသက်ရှုသံနှစ်ခုက စီးချက်ချင်း ဖလှယ်နေကြပြီ။ သူမ မေးဆတ်ပြ၏။ ဟိုဘက်လှည့် ဆိုသည့် သဘော..။ စူးရှ ကိုယ်ကို လှည့်ပေးလိုက်၏။ မျက်စိ စုံမှိတ်ပြီး ခေါင်းငိုက်စိုက် ချထားမိသည်။ အေးစက်နေသည့် လက်ချောင်းလေးတစ်ခုက ဘောင်းဘီ သားရေကြိုးကို နောက်တည့်တည့်မှ ဆွဲကားလိုက်၏။ သူ ရုတ်တရက် ထူပူ သွားသည်။ နောက်ကို ခေါင်းလှည့်ကြည့်လိုက်တော့ သူကို မော့ကြည့်နေသည့် သခင်မလေး၏ မျက်ဝန်းများက ချစ်ရည်တို့ ရွှန်းလဲ့ ပြည့်အိုင်နေသလို နှုတ်ခမ်းလေးများက လည်း တစ်စုံတစ်ရာ ပြောနေသလိုလို။ ထို့နောက် သူ ခါးဆီမှ အေးစက်စက် အထိအတွေ့တစ်ခု ရလိုက်သည်။

ဖွေးလက်တို့ တဆတ်ဆတ် တုန်နေသည်။ မိမိ တစ်သက်တာတွင် ယောင်္ကျားတစ်ယောက်ကို ခုလို ပုံစံမျိုးဖြင့် ခုလောက်ထိ ပါတ်သက်မိမည်ဟု ယောင်၍ပင် မတွေးခဲ့မိ။ သို့သော် အခြေအနေ ကြောင့်လား၊ မိမိ ပင်ကိုယ် စိတ်ကြောင့်လား၊ ရမ္မက်လှိုင်း ထန်နေသည့် သူ့ အကြည့်များကြောင့်လား၊ ဘာကြောင့်မှန်း မသိပေမယ့် မိမိ စိတ်ထဲတွင် ထူးဆန်းသည့် အာသီသများ ဖြစ်လာသည်တော့ အမှန်ပင်။ နောက်လည်း မဆုတ်ချင်၊ ရပ်လည်း မရပ်တန့်ချင်။ ခုချိန်မှာ မိမိ သွေးသားက တောင့်တနေသည့် အရာမှာ သာမန် ဖြေသိမ့်မှုလောက်မျှဖြင့် ရပ်တန့်သွားမည် မဟုတ်မှန်း ဖွေး ကောင်းစွာ သိနေသည်။ မိမိဘ၀တွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် အရာတစ်ခုကို ဖွေး အရမ်းလိုချင်သည်။ ခု လတ်တလောပင် ဆာလောင်မွတ်သိပ်စွာ လိုချင်နေသည်။ သည့် အတွက် တာဝန်ရှိသူမှာ စူးရှမှလွဲ၍ တခြားတစ်ယောက် မဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်စေချင်။ အတွင်းခံ ဘောင်းဘီခါးကို နောက်တည့်တည့်မှ ဆွဲကိုင်လိုက်ပြီး ကပ်ကြေးနှင့် ထိုးခွဲကာ ညှပ်ချလိုက်သည်။ အလွန်အမင်း ပေါ့ပါး သွက်လက်စွာ လုပ်ချလိုက်သည့် မိမိ လက်များကို မိမိ ကိုယ်တိုင်ပင် မယုံချင်။ ပြီးတော့ လူက ယိုင်နွဲ့ အိကျကာ လဲတော့မလို ဖြစ်သွားသည်။

“ဖွေးးး…” စူးရှ ခေါင်းထဲ ဒိန်းကနဲ လျှပ်စီး လက်သွားသည်။ အောက်ပိုင်းမှ လွတ်ထွက်သွားသည့် အတွက် ကုန်းထရန် တာစူနေသည့် ညီတော်မောင်က တွန်းထိုးရုန်းကန်လာသည်။ ပေါင်နှစ်ဘက်ကို လိမ်ထားပြီး ဘောင်းဘီပြဲကို ရလိုရငြား ထိန်းထားမိသော်လည်း ထိုးထိုးထောင်ထောင်ကြီးက ထိန်းမရသိမ်းမရ။ “ဖွေးး.. ဖွေး.. သတိထားလေ..” လက်ရဲဇက်ရဲနှင့် ထင်ရာလုပ်ပြီး ကိုယ်လေး သိသိသာသာ ယိုင်နဲ့သွားသည့် သူမကိုလည်း စိတ်ပူသွားမိသည်။ ဖွေး လဲကျသွားရင် ဒုက္ခပဲ။ မိမိလက်တွေက လှုပ်မရသေး။ “ဖွေး.. ငါ့ကို ကြိုးဖြည်ပေးတော့ နော်.. ဖွေး.. ဖွေး.. ငါ ပြောတာ ကြားတယ် မဟုတ်လားဟင်.. သတိထားလေ နော်.. မြန်မြန်လေး.. ငါ့ကို မြန်မြန်လေး ကြိုးဖြေပေးလေ နော်..”

တဆတ်ဆတ် တုန်နေသော လက်လေးတစ်ဘက်က သူ့လက်မောင်းကို လာကိုင်သည်။ ကျန်လက်တစ်ဘက်က ကပ်ကြေးကို သားရေကြိုးနှင့် တိပ်များကြားထဲ မရမက ထိုးထည့်၏။ သူမလက်တွေ ထိန်းမရအောင် တုန်နေပြီမို့ ကပ်ကြေး ထိပ်ချွန်က မိမိ လက်ဖျံကို လာ စိုက်မိသွားသည်။ သူမ လဲကျသွားမည်ကို စိုးရိမ်နေမိ၍ နာကျင်မှုဆီ စိတ်က မရောက်နိုင်တော့။ “ငါ့ ခါးကို ဖက်လိုက်ဖွေး.. ခဏ မှီလိုက်နော်.. ခေါင်းမူးနေလား ဟုတ်လား..” ဖြူဖွေးနေသည့် သူမ မျက်နှာလေးကို ကြည့်ပြီး သူ အရမ်း စိုးရိမ်လာသည်။ သည်တစ်ကြိမ်တော့ သခင်မလေးက သူ့ စကားကို ပြန်နားထောင်သွားသည်။ သူ့ခါးကို ဘေးမှ ခပ်စောင်းစောင်း ဖက်ကာ လက်မှ အတုပ်အနှောင်များကို ခက်ခက်ခဲခဲ ညှပ်ထုတ်လိုက်၏။ စိတ်ရှိလက်ရှိနှင့် အထပ်ထပ် စည်းနှောင်ထားသည့် သားရေကြိုးနှင့် တိပ်(ပ်)က နောက်ဆုံးတော့ အပိုင်းပိုင်း ပြတ်သွားသည်။ ဖွေးလက်ထဲမှ ကပ်ကြေးလည်း လွတ်ကျသွားပြီ။ စူးရှတစ်ယောက် ထုံကျဉ်နေသည့် လက်ဖျံနှစ်ခုမှ တို့လို့တန်းလန်း တိပ်များကို ခပ်သွက်သွက်ပင် ဆွဲဆောင့် ခွာလိုက်၏။ မိမိလက်မောင်းကိုကိုင်ကာ မှီသယောင်ယာင် အားပြုထားရှာသည့် သခင်မလေး လဲကျသွားမှာကိုလည်း အလွန်အမင်း စိုးရိမ်လှပြီ။

“ဖွေး.. သတိထားလေ.. အဆင်ပြေရဲ့လား..” စိုးရိမ်တကြီး မေးရင်း လွတ်လပ်သွားသော လက်များနှင့် သူမ ပခုံးလေးကို ခပ်ဖွဖွ ထိန်းကိုင်လိုက်သည်။ ဘီယာအရှိန်နှင့် စိတ်လှုပ်ရှားမှုများ ရောနှောကာ ပင်ပန်းသွားဟန်ရှိသည့် သခင်မလေးက မိမိရင်ခွင်နှင့် မထိတထိတွင် မိန်းမောရီဝေလျှက်။ တင်းရစ်ပြည့်ဖြိုးသည့် ကိုယ်လုံး အိအိလေးကို သူ မသိမသာမှ သိသိသာသာ ပွေ့ဖက်လိုက်မိပြီ။ နောက်တည့်တည့်မှ နှစ်ခြမ်းခွဲခံလိုက်ရသည့် ဘောင်းဘီ လျှောကျမသွားစေရန် လိမ်ကျစ်ထားမိသည့် ခြေနှစ်ဘက်ကိုလည်း မေ့သွားသည်။ အဆီးအတားမဲ့သွားသည့် ညီတော်မောင်က သခင်မလေး၏ ဗိုက်သားပြင်လေးကို ထောက်မိလျှက်သား ဖြစ်နေသည်။ စူးရှ မျက်နှာကို ရီဝေေ၀လေး မော့ကြည့်နေသည့် ဖွေး မျက်လုံးလေး မှေးစင်းသွား၏။ ကိုယ်လုံးလေးမှာလည်း ရင်ခွင်ထဲ သိသိသာသာ ပြိုဆင်းကျလာသည်။ ဖားဖိုကြီးတစ်ခုလို နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည့် သူမ ရင်အုံများအောက်မှ နှလုံးခုန်သံကို အတိုင်းသား ကြားနေရသည်။

ဖွေးရယ်.. နင် အရမ်း ပင်ပန်းနေပြီ.. စိတ်ထဲမှ ရေရွတ်ရင်း သူမမျက်နှာ နုနုလေးကို ငုံ့ကြည့်မိသည်။ စိတ်ထင်တိုင်း လျှောက်လုပ်နေသည့် မိန်းကလေးတစ်ဦး။ တကယ်တမ်း ကာမနှင့် ထိတွေ့ဖူးခြင်း မရှိသေးသည့် သူမ၏ အရိုင်းဆန်ဆန် စိတ်လှုပ်ရှားမှုများကို သိသိသာသာ ဖုံးဖိနိုင်ခြင်း မရှိခဲ့။ မိမိရင်ခွင်ထဲတွင် မှီနွဲ့နေသည့် သူမ ကိုယ်လုံးလေးကို ပန်းစည်းလေး တစ်ခုလို ညင်သာစွာ ပွေ့လိုက်မိသည်။ သူမ ငြင်းဆန်ခြင်း မရှိဘဲ အလိုက်သင့်လေး ပါလာ၏။ အိပ်ရာထက်သို့ ဖြည်းညင်းစွာ ချပေးလိုက်သည်။ မျက်လုံးလေး မှိတ်ထားသည့် သူမ မျက်နှာလေးက ငုံ့နမ်းချင်စရာ။ တစ်ခုခု ဖြစ်သွားမှာစိုးသဖြင့် သူမနဘေးတွင် ထိုင်ကာ ခေတ္တစောင့်ကြည့်မိသည်။ ညှင်းသွဲ့သွဲ့ အသက်ရှုသံလေး မှန်မှန်ကြားရမှ စိတ်အေးသွားရ၏။ အောက်က ထိုးထိုးထောင်ထောင် ညီတော်မောင်က အလိုက်သိ လွန်နေတာလား.. အရိပ်သုံးပါး နားမလည်တာလား.. စမာန်ထကာ ပါးပြင်း ထောင်သည်ထက် ထောင်နေဆဲ။ ချစ်စရာ မိန်းကလေးကို အိပ်ရာပေါ် ချပေးပြီး သည်ပြဿနာကို ဖြေရှင်းဘို့ တွိုင်းလက် ၀င်ရန် ထ အထွက်..။


“ဟင့်အင်း..”
“အင်..”

လေသံသဲ့သဲ့လေးနှင့်အတူ မိမိ လက်ကောက်ဝတ်ကို လှမ်း ဆုပ်ကိုင်လိုက်သည့် သူမ လက်များ တဆတ်ဆတ် တုန်နေသည်။ “ဖွေး..” ညင်သာစွာ ခေါ်လိုက်မိရင်း မျက်နှာနုနုလေးပေါ်မှ ကပိုကယို ဖြစ်နေသည့် ဆံစများကို အသာအယာ သပ်တင်ပေးလိုက်၏။ ပန်းနုရောင် ပါးပြင်လေးက ပန်းသီးလေးတစ်လုံးလို ပြောင်တင်းနေသည်။ နှုတ်ခမ်း ဖူးဖူးလေးများကို သူ့လက်မနှင့် ခပ်ရွရွ ပွတ်လိုက်မိသည်။ သူမ နှုတ်ခမ်းလွှာလေး မသိမသာ ပွင့်အာသွားကာ မျက်လုံးရွဲလေးများတွင် နှစ်လိုသည့် အရိပ်အရောင်များ ယှက်သန်းလာ၏။ နထင်ဘေးမှ ပါးပြင်တစ်လျှောက် လက်ထိပ်ကလေးနှင့် ထိတို့ ကြည်စယ် လိုက်သည်။ မိမိအပြုအမူများကို မငြင်းဆန်လိုသည့်အပြင် သူမ ကိုယ်တိုင်လည်း တစ်စုံတစ်ရာကို လိုအပ်နေမှန်း သတိထားလိုက်မိ၏။ နှုတ်ခမ်းများမှ မည်သည့်အသံမျှ ထွက်မလာသော်လည်း ညှို့မျက်ဝန်းများက သူမကို ချစ်ပေးရန် အမိန့် ပေးနေသယောင်။ စူးရှ ရင်ထဲတွင် အမည်ဖော်ရန် ခက်သော ခံစားချက်များ လှိုက်တက်လာသည်။ မျက်ဝန်းများ ရီဝေလေးလံကာ သတိလက်လွတ်ဖြစ်သွားရပြီ။

လက်မောင်းဆီ နစ်ဝင်လာသည့် လက်သည်း ချွန်ချွန်လေးများကြောင့် သတိ ပြန်ဝင်လာချိန် မိမိ ခန္ဓာကိုယ်က အိပ်ယာထက်တွင် လှဲလျှက်၊ မွေ့ယာပေါ် တတောင်တစ်ဘက် ထောက်ကာ သူမ ကိုယ်လုံး အိအိလေးပေါ်တွင် ခပ်ဖွဖွ ထပ်လျှက်သား ဖြစ်နေပြီ။ လက်မောင်းပေါ်မှ ကြက်သီး မွှေးညင်း ကြမ်းကြမ်း ကလေးများကို လက်ဖ၀ါးဖြင့် ထက်အောက် စုံဆန် ပွတ်သပ်နေမိသည်။ မေးဖျားလုံးလုံးလေးကို ခွင့်မတောင်းဘဲ အနမ်းတစ်ချက်ပေးလိုက်မိ၏။ ပါးပြင်ချင်း ခပ်ဖွဖွလေး ပွတ်သပ်ပေးမိသည်။ မျက်လုံးလေး မှေးစင်းထားသည့် သူမမျက်နှာလေးက ပန်းဆီရောင် စိုလဲ့ကာ ကြည်နူးနှစ်သက်သည့် အရိပ်ရောင်များ ယှက်သန်းနေ၏။ မိမိနှုတ်ခမ်းများကို သူမ နှုတ်ခမ်းလေးနှစ်မြွှာနှင့် ထိတယ်ဆိုယုံလေး တေ့ထားကြည့်၏။ ဘီယာနံ့နှင့် သဘာဝရနံ့လေး ရောနေသည့် သူမ နှုတ်ခမ်း ဖူးဖူးလေးက သူ့ ရမ္မက်သွေးတို့ကို ပိုမိုဆူပွက်လာစေသည်။

ပူနွေးနေသည့် နှုတ်ခမ်းလေးပေါ်သို့ မိမိနှုတ်ခမ်းနှင့် ခပ်ဖွဖွ ဖိထားမိသည်။ ဖွေး မျက်လုံးလေး မှိတ်ထား၏။ နှုတ်ခမ်းဖူးဖူးလေးကို လျှာဖျားနှင့် တို့ထိကြည်စယ်လိုက်မိသည်။ ခပ်ဖွဖွလေး စုပ်နမ်းလိုက်တော့ သူမ ကိုယ်လုံးလေး တစ်ချက် လွန့်သွားသည်။ တုန့်ပြန်အနမ်း မပေးသော်လည်း သူ့ အနမ်းတို့ကို ကြည်ဖြူစွာ လက်ခံနေသည့် သူမ။ ခပ်ရွရွ အနမ်းတို့ကို နားရွက်ဖျားလေး၏ အောက်ခြေနား ဆီသို့ ရွှေ့လိုက်၏။ လက်မောင်း အိအိကလေးကို ညင်သာစွာ ပွတ်သပ်နေသည့် လက်များက တင်းရစ်မို့မောက်သော ရင်မြွှာထက်ဆီ မသိမသာလေး နယ်ကျော်လိုက်မိသည်။ လည်တိုင် ကျော့ကျော့လေးဆီမှ ချိုအီယစ်မူးဖွယ် ရနံ့က သူ့စိတ်တို့ကို အထူးပင် ညှို့ငင်နေ၏။ ကြွက်သား အသင့်အတင့်နှင့် သန်မာထွားကြိုင်းသည့် သူ့ရင်ခွင်ထဲတွင် ချစ်စရာ မိန်းကလေးတစ်ဦး။ သူ့လက်တွေက ထိုမိန်းကလေး၏ ခန္ဓာကိုယ် နေရာ အနှံ့ကို မြွေတစ်ကောင်လို ရစ်ပတ်ရင်း ခပ်ရွရွလေး ပွတ်သပ်နေပေးမိသည်။

ယောင်္ကျားတစ်ယောက်၏ အထိအတွေ့နှင့် ကိုယ်ရနံ့က သည်လောက်ကြီး မိန်းမောဖွယ်ကောင်းမှန်း ဖွေး ခုမှ ခံစားဖူးသည်။ မျက်နှာအနှံ့ ကျရောက်နေသည့် သူ့အနမ်းများက ချိုအီ တမ်းမက်ဖွယ် ကောင်းလွန်း၏။ မိမိနှုတ်ခမ်း နှစ်မြွှာကို တလှည့်စီ ခပ်ဖွဖွ စုပ်ပြီး နမ်းသည်။ မိမိ အတွေး အာရုံထဲတွင် လွန်ခဲ့သည့် ရက် အနည်းငယ်မှ အသိတရားများသည်လည်းကောင်း၊ မကြာမှီ လျှောက်လှမ်းရမည့် အနာဂတ် အရေးသည်လည်းကောင်း လေနှင်ရာပါသွားသော တိမ်စိုင်များလို လွင့်ကနဲ၊ လွင့်ကနဲ မျောပါသွားကြသည်။ တိတ်ဆိတ်နေသည့် အိပ်ခန်း၏ အနေအထားက ရင်ခုန်သံနှစ်ခု၏ စီးချက်များကို အမြင့်ဆုံး ရောက်အောင် ပင့်တင်ပေးနေ၏။ ခန္ဓာကိုယ် အနှံ့သို့ ခပ်ဖြည်းဖြည်း ပွတ်သပ်ပေးနေသည့် သူ့လက်များက ဖွေး၏ ခါးအောက်သို့ လျှောဆင်းလာသည်။ ဒူးဖုံးရုံ သာသာလေးဖြစ်သည့် အိမ်နေရင်းဂါဝန်လေးကို မသိမသာ လိပ်တင်ရန် ကြိုးစား၏။

ပေါင်လေးနှစ်ဘက်ကို တင်းနေအောင် လိမ်ကျစ်ရင်း စေ့ထားမိသော်လည်း ဖွေး လက်များက စူးရှ လည်ပင်းကို ပြန်ဖက်ထားမိသည်။ မိမိဗိုက်သားပြင်ပေါ်တွင် သူ့အတံကြီးက ခိုးလိုးခုလုနှင့် မြောင်းကြီးတစ်ခုလို ဖြစ်နေသည်။ မျက်လုံးများကို တင်းသထက် တင်းအောင် မှိတ်ထားမိသော်လည်း မိမိ အမြင်အာရုံတွင် ပြိုးပြိုးပြက်ပြက် အလင်းများ မြင်နေရသည်။ စောစောက သောက်ထားမိသည့် ဘီယာအရှိန်ကြောင့် မူးနောက်နေခြင်းဖြစ်မည်။ စူးရှက ဖွေးကိုယ်ပေါ်မှောက်အိပ်နေလျှက်မှ ဘေးသို့ အနည်းငယ် လှိမ့်ချလိုက်သည်။ ညင်သာသိမ်မွေ့သည့် သူ့လှုပ်ရှားမှုတွင် ဖွေး ကိုယ်လုံး အိအိလေးပါ အလိုက်သင့် စောင်းလှည့်သွား၏။ မျက်နှာပေါ် ခပ်ဖွဲဖွဲကျနေသည့် အနမ်းမိုးတို့ကလည်း မစဲ။ သူ့လက်များက ဂါဝန်နောက်ကျောမှ ဇစ်ကို ကျွမ်းကျင်စွာပဲ ဆွဲချလိုက်သည်။

ဖွေးလည်း ကတုန်ကရီနှင့် သူ့လည်ပင်းများကို ဖက်ထားရင်း ပခုံးကို ကုတ်ဆွဲထားမိ၏။ ရင်ထဲတွင် လျှပ်စီးမိုးကြိုးများ ၀ုန်းဒိုင်းကျဲနေပြီ။ မကြာမီအချိန်တစ်ခုအတွင်း မိမိဘ၀အတွက် အရေးကြီးသော ပြောင်းလဲမှုတစ်ခု ဖြစ်လာတော့မည်ကို ဖွေး အသိစိတ်က သတိပေးနေပါသော်လည်း ရမ္မက် မီးတောက်တို့၏ လောင်မြိုက်မှုကို မည်သို့မျှ မတွန်းလှန်နိုင်ခဲ့ပါ။ တကယ်တမ်း ဖွေး အခြေအနေက ယခုလို လုံးဝ မဖြစ်သင့်ဘူး မဟုတ်ပါလား။ ဂုဏ်သရေရှိ အသိုင်းဝိုင်းကြီးတစ်ခု၏ သတို့သမီးလောင်း ဖြစ်ရမည့်မိမိက နံမည်မှလွဲ၍ သူ့အကြောင်း ဘာမှ မည်မည်ရရ မသိသည့် ယောင်္ကျားတစ်ယောက်၏ ရင်ခွင်ထဲမှာ..။ သင်္ဂီရွှေခွက်နှင့်သာ ထိုက်တန်ရမည့် ကေသရာဇာခြင်္သေ့၏ အဆီအသွေးတို့က..။

အို.. ဒီအချိန်မှာ ဒါတွေ တွေးနေရဦးမှာလား.. စူးရှရယ်.. ငါ နင့်ကို ချစ်မိနေပြီ.. သိပ်မကြာခင်မှာ အိမ်ထောင်ရေးဆိုတဲ့ မပြန်လမ်းကြီးကို ငါ လျှောက်ရတော့မှာ.. ငါ့မိသားစုဘ၀ ရှေ့ရေးအတွက် ငါ့ဘ၀ကြီးကို ရောင်းစားသလို ပေးလိုက်ရတော့မှာ.. ဒီအချိန်မှာ အချစ်ဆိုတဲ့ အရသာကို ငါ တကယ် ချစ်မိတဲ့သူဆီက တစ်ကြိမ်လေးတော့ ခံစားခွင့် ရသင့်တာပေါ့.. ငါ မမှားဘူး… ငါ လုံးဝ မမှားဘူး စူးရှ.. တကယ်ဆို ငါ့ဘ၀ကိုသူများလက်ထဲ ထည့်ဘို့ ကတိပေးလိုက်ရတာ နင့်ကြောင့်လို့လည်း ပြောလို့ရတယ် သိလား.. ငါ အရမ်း ခက်ခဲနေတဲ့အချိန် နင်ပျောက်သွားလို့.. ငါ့နားမှာ နင် ရှိမနေပေးလို့ ဒီဆုံးဖြတ်ချက်ကို ငါ ချလိုက်မိတာ..


ဖွေး၏ အတွေးအာရုံများက ရှုပ်ယှက်ခတ် နေခဲ့သော်လည်း ၀င်းမွတ်ဖြူစင်နေသည့် ကျောပြင် ကလေးကမူ ဟင်းလင်း ပွင့်သွားခဲ့ပြီ။ စူးရှ လက်များက ဂါဝန် အောက်နားစလေးကို လိပ်တင်ရန် ကြိုးပမ်းနေ၏။ ဖွေး ရင်ခေါင်းအတွင်းမှ တုန်ရီမှုများက ဆိုးဆိုးဝါးဝါး လှိုက်တက်လာသည်။ စူးရှ လက်များက ဂါဝန် အောက်နားစအတွင်း လျှိုသွင်းကာ တင်စိုင်များဆီ အရောက်..။ ကိုယ်လုံးလေး ပုကွေးကာ စူးရှကို တိုး၍ ဖက်ထားမိသည်။ အိုးးး… ဒုက္ခပါပဲ.. သူ့ လက်က ငါ့ ဖင်ကို ထိ.. ထိ လာပြီ.. အမလေး.. ရှီးး… ဗိုက်ထဲမှ အူကလီစာများ အခွေလိုက် အလိပ်လိုက် တွန့်တက်လာသလို ခံစားလိုက်ရသည်။ တင်စိုင်သားလေးများကိုလည်း အားရှိသလောက် ကျုံ့ထားလိုက်မိ၏။

သူရှိုက်နမ်းနေကျ ပင်တီလှလှလေးပိုင်ရှင် သခင်မလေး၏ တင်စိုင်များက အိတုန်တင်းရင်းနေသည်။ လက်ချောင်းထိပ်များနှင့် မရဲတရဲ တို့ထိကြည့်လိုက်၏။ ကြက်သီးထသလို တစ်ချက် တွန့်သွားပြီး ချောမွတ်နေသည့် တင်သားလေးများ သိသိသာသာ တင်းတက်လာ၏။ ပုခုံးထက်ဆီ နစ်ဝင်လာသော လက်သည်းချွန်ချွန်များနှင့် မိမိလည်ပင်းကို ကလေးတစ်ယောက်လို တအားကုပ်တွယ်လိုက်သည်။ သူမ၏ ချစ်စရာလှုပ်ရှားမှုလေးက သူ့ရင်ကို ရဲဆေး တင်ပေးသလို ဖြစ်သွား၏။ ကြက်သီး အလိပ်လိုက်ဖြင့် အဖုလေးများ သိသိသာသာ ထ နေသည့် တင်သားလုံးလုံးလေးကို ခပ်ရဲရဲ အုပ်ကိုင်လိုက်သည်။ တင်စိုင်နှစ်ခု အလယ်မှ မြောင်းကလေးအတွင်းသို့ လက်ခလယ်ကို အလျားလိုက်အတိုင်း ညှပ်ထည့်ထားလိုက်သည်။ ဒိုင်းမွန်းခွက်လေးကို လက်ဖနောင့်နှင့် ဖွဖွလေး ပွတ်ပေးနေမိ၏။ သူ့ဘ၀တွင် လိင်မှုရေးရာနှင့် ပတ်သက်၍ ဖွေးက ပထမဆုံး မိန်းကလေး မဟုတ်သော်လည်း ယခုလို တယုတယ အထိအတွေ့များကတော့ သူမသည်သာ ပထမဆုံး၊ ပထမဆုံး ဆိုသည်ထက် သူမတစ်ယောက်တည်း အတွက်သာဟု ပြောရမည်ပင်။

ချစ်တယ် ဖွေးရယ်.. နင်.. နင်လည်း ငါ့ကို ချစ်နေမှာပါ.. ဟုတ်တယ် မဟုတ်လား.. ဒီအခြေနေထိ ရောက်လာနေမှ.. ဒီစကားကို ပြောရင် အလိုက်မသိသလိုများ ဖြစ်သွားမလား.. ဒါမှမဟုတ် ဒါက ပြောကိုပြောရမယ့် စကားလား.. ငါ.. ငါ နင့်ကို အရမ်းကြီး ချစ်မိနေပြီ.. နင် စိတ်မဆိုးဘူး မဟုတ်လားဖွေး.. ငါ ရဲရဲကြီး အာမခံပါတယ်ဟာ.. ဒီနေ့အတွက် နင် ဘယ်တော့မှ နောင်တ မရစေရပါဘူး..

ကျောပြင် ပြောင်ချောချောလေးပေါ်တွင် ကန့်လန့် ခံနေသည့် ဘရာ ကြိုးကို သူ စိတ်မရှည်တော့။ ချိတ်ကလေးကို ခပ်သွက်သွက်ပဲ ဖြုတ်လိုက်မိသည်။ မိမိကိုယ်ထဲ နစ်ဝင်နေသည့် သူမ ကိုယ်လုံးလေး တွန့် သွားပြန်၏။ တင်းမာပြတ်သားသော အမိန့်စကားများနှင့် သူ့ရင်ကို စိုးမိုးခဲ့သည့် မိန်းမငယ်လေးက ယခုတော့လည်း ယုန်လေးတစ်ကောင်လို ချစ်စရာ ကောင်းလွန်းနေသည်။ ဘရာချိတ်လေး ပြုတ်သွားပြီး အကျီကိုပါ ပုခုံးမှ ဆွဲချလိုက်တော့ ၀င်းဝါနေသည့် ရင်သားလုံးလုံးလေးက မခို့တယို့လေး ပေါ်ထွက်လာ၏။ ဖွေးတစ်ယောက် ပုခုံးလေး သိသိသာသာ ကျုံ့ကာ ရှက်သွေး ဖြာနေသည်။ ရင်စိုင်မို့မို့များမှာ လက်မောင်းနှင့် တွန်းညှစ် တင်ပေးထားသလို ဖြစ်နေ၏။ ပန်းသွေးရောင် သန်းနေသည့် သီးလုံးလေးက ပေါ်သည်ဆိုရုံ သေးသေးလေး။ စူးရှ ကိုယ်ကို အောက်လျှောဆင်းကာ နို့အုံလေးကို နမ်းလိုက်သည်။

အိုးးး… ဘုရားဘုရား.. စူးရှ.. နင်.. နင် တကယ်ကြီးကိုပဲ..။ သူ့ပုခုံးများကို ဆုပ်ကိုင်ထားရင်း ဖွေး အံကျိတ်ထားမိသည်။ မိမိခြေထောက်တွေ ခြေချောင်းလေးတွေကို တယုတယ စုပ်နမ်းခဲ့သည့် သူ့နှုတ်ခမ်းတွေက ခုတော့ မိမိ နို့အုံတွေပေါ်မှာ။ ဒါ.. တအားကြီး စည်းတွေ ကျော်ကုန်ပြီပဲ စူးရှ.. နင်.. အခု ငါ့ နို့တွေကို နမ်းနေတယ်ပေါ့.. အိုးး… ရှီးး…။ စိတ်တွေကို အဝေးခဏရောက်အောင် မောင်းထုတ်ဘို့ ကြိုးစားလိုက်ရမလား..။ ယောင်္ကျားတစ်ယောက်၏ မထိတထိ အတွေ့များက မိမိ အသွေးအသားများကို တရိပ်ရိပ်တက်လာအောင် နှိုးဆော်နေသည်။ ပိပိလေးဆီမှ တဆစ်ဆစ် ကျင်တက်လာသည့် ဒဏ်ကို ဖွေး အံတု၍ မလွယ်တော့။ တင်းတင်းစေ့ထားသည့် ပေါင်တံနှစ်ဘက်က သူ့အလိုလို မသိမသာ ဟ သွားသည်။ နှစ်ဦးသားက ကိုယ်တစ်စောင်းလှဲ၍ မျက်နှာချင်းဆိုင် ဖက်လျှက် အနေအထား။

ဖွေး ပေါင်တံလေး အနည်းငယ် ဟ သွားတော့ စူးရှ လက်တစ်ဘက်က ပေါင်တွင်းသားများဆီ ရောက်လာ၏။ ဖြည်းဖြည့်ချင်း လူးလွန့်လိုက်ပြီး ဖွေးက ပက်လက် အနေထား ပြန်ရောက်သွားသည်။ နောက်ကျောကွဲ ဂါဝန်လေး၏ ပုခုံးနှစ်ဘက်က ဖွေးလက်မောင်းများကို အလယ်မှ မသိမသာ တုတ်နှောင် ပေးထားသလို ဖြစ်နေသည်။ လုံးဝနီးပါး ဟင်းလင်းဖြစ်သွားရှာသည့် ရင်သား လှလှလေးတွေကတော့ စူးရှလက်တစ်ဘက်၏ တစ်လှည့်စီ ခပ်ဖွဖွချေမွခြင်းကို ခံနေရပြီ။ ပေါင်တံလေး တစ်ဘက်ကိုလည်း သိသိသာသာပင် ဆွဲကား ထောင်လိုက်၏။ ချိုသီးလုံး သေးသေးလေးများကို ဖွဖွလေး စုပ်ပြီး လျှာဖျားနှင့် ကလိပေးနေသည်။ ဖွေး စိတ်တွေ မုန်တိုင်း ထန်လာ၏။ သူ့ဆံပင်များကို ပြုတ်ထွက်သွားမတတ်ပင် ဆုပ်ဆွဲ ကိုင်ထားမိတော့သည်။ ငြိမ့်ညောင်း ညင်သာသော အထိအတွေ့၏ နိုးဆော်မှုက လူတစ်ကိုယ်လုံးကို လေထဲ မြောက်တက်သွားသလား ထင်မှတ်ရလောက်အောင်ပင်။

စူးရှက ကိုယ်ကို မှောက်လျက်နှင့်ပင် အောက်ဘက်သို့ တရွေ့ချင်း လျှောဆင်းသွားသည်။ ဖွေး ၀တ်ထားသည့် အိမ်နေရင်း ဂါဝန် ကလေးနှင့် ကြိုးပျော့ ဘရာလေးက သူ့ လက်နှစ်ဘက်တွင် အလိုက်သင့် လုံးထွေးလျှက် ပါသွားသည်။ ဖွေး တစ်ကိုယ်လုံးလည်း ထူပူနေပြီ။ စူးရှက မိမိ ပေါင်တွင်းသားလေးများကို ခပ်ဖွဖွ စုပ်နမ်းပေးနေ၏။ သတိလက်လွတ် ဖြစ်စေသော အထိအတွေ့ ဆန်းများ၏ ဦးဆောင်ရာနောက်သို့ အလိုက်သင့် မျောသွားမိပြီ။ ခြေဖနောင့်လေးကို အားပြုပြီး ခါးလေးတစ်ချက် ကော့တင်ပေးလိုက်၏။ ကြွ တက်လာသည့် တင်စိုင်များ အောက်မှ ဂါဝန်ကလေး လွတ်ထွက် သွားသည်။ ယောင်္ကျား တစ်ယောက် ရှေ့တွင် မိမိ၏ အလှတရား အားလုံး အကာအကွယ် မဲ့သွား၏။ မိမိကို စိုက်ငေးကြည့်နေသည့် သူ့မျက်ဝန်းများကို အကြည့် လွှဲဖယ်လိုက်မိသည်။ ထို့နောက် မြင်ကွင်းထဲ သိသိသာသာ ၀င်ရောက်လာသည့် ပုံရိပ်က မြွေကြီးတစ်ကောင် ပါးပြင်း ထောင်နေသလို လှုပ်ယမ်းနေသည့် သူ့ အတံကြီး။ ဖွေး ဖတ်ဖူးသလောက်တော့ အမျိုးသား တစ်ယောက်၏ လိင်တံဆိုတာ ကြွက်သားစိုင် သက်သက်သာ ဖြစ်သည်။ ခု မြင်နေရသည့် ပုံစံကြီးက နူးညံ့သော ကြွက်သားချောင်း တစ်ခုနှင့် မတူဘဲ အင်အားကြီးလွန်းနေ၏။

သူ.. ငါ့ ကို …။ ဒီ.. ဒီ အတံကြီးကို ငါ့ ဟိုဟာလေးထဲကို ထိုးထည့်ပြီး… အိုးး…။ ဘယ်လို နေမလဲ.. ငါ့ ငါ့ ဟာလေးက လက်ညှိုးလေး တစ်ချောင်းစာ.. ဒီလက်ညှိုးလေးတောင် ရဲရဲ မထည့်ခဲ့ဖူးတဲ့ ငါ့ဟာလေးထဲကို သူ့ ဟိုဒင်းကြီး ထိုးထည့်လိုက်ရင် ဘယ်လို.. ငါ.. ငါ ဘယ်လို ခံစားရမှာလဲ..

အချိန်အားဖြင့် တဒင်္ဂလေးသာ ဖြစ်သော်လည်း လူတစ်ကိုယ်လုံး လောင်မြိုက်လာသလို ခံစားရသည်။ အရွယ်ရောက်ပြီးသော မိန်းကလေး တစ်ဦးအနေနှင့် တကိုယ်ရေ ဖြေဖျောက်မှု သက်သက်များ ရှိခဲ့ပါသော်လည်း သည်ပိပိ နုနုလေးကို ခပ်သွက်သွက် ပွတ်သပ်မှုများလောက်သာ အပြင်းထန်ဆုံး လုပ်ကြည့်ဖူးသည်။ ထိုအချိန်များတွင် ခံစားမှု အမြင့်ဆုံးရောက်လာတိုင်း ဖွေး အားမလိုအားမရ ဖြစ်တတ်၏။ အထူးသဖြင့် မွှေးနှင့် ကောင်းမြတ် မီးဖိုခန်းတွင် အချစ်ပလူးနေသည့် မြင်ကွင်းကို တွေ့ပြီးနောက်ပိုင်း ဖွေး၏ အာသီသတို့ လောဘ တက်လာသည်။ သို့သော် ဘွားလေး၏ ရှေးရိုးဆန်ဆန် ဆုံးမစကားများကြောင့် ဖွေး ဘာကိုမှ မစမ်းသပ်ရဲ။ မွှေးနှင့် ကောင်းမြတ် ခရီးလွန်ကြတာက မကြာမီ လက်ထပ်တော့မည်မို့ ပြဿနာမရှိ။ နောက်ပြီး သူတို့နှစ်ဦးက နှစ်ဘက်မိဘများ တရားဝင် အသိမှတ်ပြုထားသည့် ချစ်သူတွေ။ အခု မိမိက ရော.. မိမိက လက်ထပ်ရမည့် ခင်ပွန်းလောင်း ရှိပါလျက် မိမိဘ၀တွင် သူစိမ်း သက်သက်သာ ဖြစ်သွားမည့် ယောင်္ကျားတစ်ယောက်၏ ရင်ခွင်မှာ..။

ဟင့်အင်း.. နင်က ငါ့အတွက် သူစိမ်း သက်သက် မဟုတ်ပါဘူး.. ငါ ချစ်မိနေတဲ့သူ..။ မဟုတ်ဘူး.. ဒါလည်း မဟုတ်သေးဘူး..။ နင်က ငါ့ အလိုမှန်သမျှ ဖြည့်ရမယ့်သူ..
တစ်ယောက်တည်း ယောက်ယက်ခတ်နေသည့် အတွေးများကို သူ့ အနမ်းများက အနိုင်ယူ သွားပြန်သည်။ အ၀တ်အစား ကင်းမဲ့သွားသော ကိုယ်လုံး လှလှလေးပေါ်သို့ နေရာ မလပ် အနမ်းမိုးများ ကျဲချနေသည်။ ဖွေး စိတ်ကို အဆုံးထိ လျှော့ချပြီး သာယာမှုကို ခံစားလိုက်၏။ ထူနွေးနွေး နှုတ်ခမ်းတစ်စုံက မိမိ ဆီးခုံ မို့မို့လေး ပေါ် ခပ်ဖွဖွ ရောက်လာသည်။ အမလေး.. ရှီးး အိုး.. စူးရှ.. နင်.. တကယ်ပဲ..။ မျက်လုံးထဲတွင် လျှပ်စီးလက်သွားသလို လင်းသွားလိုက် မိုက်ကနဲ ဖြစ်သွားလိုက်။ စူးရှ လျှာဖျား ချွန်ချွန်လေးက တနေရာတည်းကို ခပ်သွက်သွက် လျက်ပေးနေ၏။ ဖွေး၏ ဆီးခုံလေး ပေါ်မှ မှဲ့နက် ကလေး။ အမွေးအမျှင် ကင်းစင်ပြီး ၀င်းမွတ်ပြောင်ချောနေသည့် ပိပိလေးပေါ်တွင် မှဲ့နက် ထူထူလေးက ထင်းနေသည်။ စူးရှ အပြုစု ကောင်းမှုကြောင့် ပိပိလေး အတွင်းမှလည်း တဆစ်ဆစ် ဆူပွက်နေပြီ။

နှစ်သက်စရာ ကောင်းသော အထိတွေ့ကို ယစ်မူးနေမိစဉ် သူ့ လက်တစ်ဘက်က ပိပိလေးကို ခပ်ဖွဖွ တို့ထိလာသည်။ ဖွေး သူ့ကို အမှတ်တမဲ့ ငုံ့ကြည့်လိုက်မိ၏။ မိမိကို မျက်လုံး လှန်ကြည့်ရင်း လက်ချောင်းကို ပိပိလေးအတွင်း ထိတယ် ဆိုရုံလေး ထိုးသွင်းသည်။ သူ့လှုပ်ရှားမှုများက သိမ်မွေ့ ညင်သာလွန်းသော်လည်း မိမိ ရင်အစုံက ကွဲထွက် မတတ် ဗြောင်းဆန်နေပြီ။ ပေါင်နှစ်ဘက်ကို မသိမသာလေး ပို ကားပေးလိုက်မိ၏။ လုပ်လေ စူးရှ.. ငါ့ကို တစ်သက် မမေ့နိုင်တဲ့ အမှတ်တရ ခံစားမှုတွေ လုပ်ပေး.. စိတ်ထဲမှ စကားတို့က အမိန့်သံလား တောင်းဆိုမှုလား ဖွေးကိုယ်တိုင် မဝေခွဲနိုင်ခဲ့ပါ။ မျက်စိလေး ခေတ္တ မှေးစင်း မိသည့်ခဏအတွင်း ပိပိလေးဆီမှ ထူးဆန်းသော မက်မောဖွယ်ရာ အတွေ့ကို ရလိုက်သည်။ အစောပိုင်းကတည်းက တစိမ့်စိမ့် ယိုစီးနေသည့် ၀တ်ရည်တို့ကို အငမ်းမရ စုပ်ယူလိုက်သည့် စူးရှ။

ဖွေး ရင်ထဲတွင် အံသြမိသည်။ ထိတ်လန့် တုန်လှုပ်မိသည်။ သာယာ ကြည်နူးမိသည်။ သဘောကျ နှစ်သက်သည်။ သူ့လျှာဖျား ချွန်ချွန်လေးက နူးညံ့သော ပွင့်လွှာ နှစ်ဖတ်၏ အတွင်းပိုင်းထိ အတင်း တွန်းထိုး ၀င်လာသည်။ ယားကျိကျိ ခံစားမှုလေးက ကိုယ်တွင်း ကလီစာများ အထိ လှိုက်တက်လာ၏။ မရပ်နဲ့ စူးရှ.. မရပ်လိုက်ပါနဲ့.. ငါ အရမ်း သဘောကျလို့.. ကြိုက်တယ်.. အရမ်းပဲ..။ စိတ်ထဲမှ အလုအယက် ပြောလိုက်ကာမှ ပိပိ တွင်းဝလေးတစ်ခုလုံးကို တအားကြီး စုပ်ဆွဲလိုက်သော ခံစားချက်..။ အားးး.. ရှီးး… စူးရှရယ်.. ဘာ နဲ့မှ မတူ.. တကယ်ပဲ ဘာနဲ့မှ မတူပါလား..။ လျှာဖျားလေး၏ စွမ်းဆောင်ချက်ကြောင့် ခံစားချက် အမြင့်ဆုံးကို ရောက်သွားရသည့် ဖွေး။ ကျေနပ်ပီတိ ဖြစ်ရင်း သည့်ထက် ပို လိုချင်လာပြန်သည်။ ထိုစဉ် ဖွေး စိတ်ထဲ ရုတ်တရက် ၀င်လာသည့် အတွေးက မြတ် ဆိုသော မိန်းကလေး။

မြတ် နဲ့တုန်းကရော.. နင် ခုလိုပဲ တယုတယ ဆက်ဆံခဲ့တာလား စူးရှ.. နင် မြတ် ကို ဘာတွေ လုပ်ပေးခဲ့လဲ.. ဘယ်လောက်အထိ သာယာမှုတွေ ပေးခဲ့လဲ.. နင်ကိုယ်တိုင်ရော ဘယ်လောက်ထိ ကျေနပ် ပျော်ရွှင်ခဲ့လဲ.. မြတ် ဗိုက်ထဲမှာ ကလေးတစ်ယောက် ဖြစ်သွားတဲ့အထိလား ဟုတ်လား.. အခု ငါ့မျက်စိရှေ့မှာ တယမ်းယမ်း ဖြစ်နေတဲ့ နင့် ဟာကြီးနဲ့ မြတ်ကို နင်.. ….။ ဒီလို တွေးလိုက်တော့ ငါက နောက်လု ဖြစ်သွားတာပေါ့.. ဒါပေမယ့် ဒီအတွက် ငါ စိတ် မဆိုးတော့ပါဘူး.. နင်နဲ့ ငါ့ကြားမှာ အချိန် မကျန်တော့ဘူး စူးရှ.. ငါနဲ့ ဘာမှ မဆိုင်တဲ့ နင့်ကိုယ်ရေးကိုယ်တာကို အကျပ်ကိုင်ပြီး အသားလွတ်ကြီး အနိုင်ကျင့်ခဲ့ ပြီးပြီ.. ငါ ထင်ရာမြင်ရာ လုပ်ခဲ့သမျှ နင် ခံပေးခဲ့တာရယ်.. ငါ့အနားကို နင် ပြန်လာတာရယ်.. ဒီနေ့အဘို့ နင့် အပြုစုတွေရယ်.. ငါ အရမ်း ကျေနပ်တယ်.. ဒီတော့ နင့်ကို ငါ ဆု ချသင့်တာပေါ့.. ဟုတ်တယ် မဟုတ်လား စူးရှ.. ငါ နင့်ကို ဆု ချ သင့်တယ် မဟုတ်လား.. 



လူတစ်ဦးတစ်ယောက်အဘို့ မိမိဘ၀တွင် တစ်ကြိမ်တစ်ခါတော့ အနည်းဆုံး မိုက်မဲခွင့် ရှိပါလိမ့်မည်။ ဖွေး အသိစိတ်အာရုံထဲတွင် မိမိမျက်နှာကို ခပ်ငေးငေး ကြည့်နေသည့် မျက်ဝန်းများမှ လွဲ၍ ဘာမျှ မမြင်တော့။ ညီမလေးကို စိတ်ကြိုက် အနမ်းပေးပြီး မိမိထံမှ တစ်စုံတစ်ရာ မျှော်လင့်နေသည့် စူးရှ။ မိမိလည်း သူ့ကို အလိုရှိနေကြောင်း မျက်ဝန်းမှ တဆင့်ပင် စကားဆိုလိုက်သည်။ သူ့ အနမ်းများက ဗိုက်သားပြင်ကလေးမှသည် မိမိ ခန္ဓာကိုယ် အပေါ်ပိုင်းသို့ တရွေ့ရွေ့ တက်လာ၏။ ချိုမြိန်ခြင်း၏ အရသာက စက္ကန့်များနှင့် အပြိုင် နှလုံးသားထဲသို့ ရောက်လာသည်။ ရင်ချင်း အပ်မိသွားသည့် အနေထား ရောက်လာတော့ ပေါင်ကြားရှိ တောင်ပူစာ မို့မို့လေးပေါ်တွင် ချစ်တမန်တော်လေးက ခိုအောင်းရန် နေရာ ရှာတော့၏။ စိုရွှဲ ချွဲကျိနေသည့် တွင်းဝလေးကို အသာ တေ့မိချိန် ရင်သားပေါ်မှ ပန်းသွေးရောင် သီးလုံး မာတောင်တောင်လေးများက သူ့ရင်ဘတ်နှင့် ထိ တချက်၊ မထိတချက်။

ဖွေး မျက်လုံးများကို စုံမှိတ် ထားလိုက်သည်။ လည်တိုင်ပေါ် ကျရောက်လာနေသည့် သူ့ပင့်သက်များက နွေး နေ၏။ တောင့်တင်း သန်မာလှသည့် အတံကြီးက ကိုယ်ထဲသို့ တရစ်ချင်း တိုးဝင်လာနေသည်။ နာကျင်သလိုလို အောင့်မျက်မျက် ဖြစ်သလိုလို ခံစားလာရခြင်းက ပထမဆုံး အတွေ့ကြုံမို့လား၊ သတ္တ၀ါနှင့် လက်နက် မမျှခြင်းပဲလား။ မည်သို့ပင်ဆိုစေ ထို ခံစားချက်ကို ဖွေး နှစ်ခြိုက်မိသည်။ သူ့လက်များက ရင်စိုင်ထက်မှ သီးလုံးလေးကို အဆက်မပြတ် ချေပေးနေသည်။ ပိပိလေးအတွင်းမှ နာကျင်မှုအနည်းငယ်ကို အာရုံ ပြောင်းလိုက်နိုင်၏။ ခဏနေတော့ အောက်ပိုင်းမှ အတံကြီး၏ လှုပ်ရှားမှု ရုတ်တရက် ရပ် သွားသည်။ သူ့မျက်နှာကို မရဲတရဲ ကြည့်လိုက်မိ၏။

“နာ သွားမှာ စိုးလို့…” နှုတ်ခမ်းလေး မထိတထိကိုက်ကာ မိမိကိုကြည့်လာသည့် ချစ်စရာ မိန်းကလေးကို တိုးတိုးလေး ပြောလိုက်မိသည်။ သူ့ဘ၀တွင် အရင့်အရင် ကြုံခဲ့ဖူးသည်က ကြေးစား မိန်းကလေးများ အပြင် မြတ် တစ်ဦးတည်းသာ။ သူတို့အားလုံးနှင့် မတူသည်က ဖွေး အတွက် သူက ပထမဆုံးလူ ဖြစ်နေခြင်း၊ နောက်တစ်ခုက သူမ အပေါ် သက်ရောက် နေမိသည့် ချစ်ခြင်း။ အများပြောစကားအရ ကြားယုံသာ ကြားဖူးသည့် အပျိုစင် ကညှာမှေး ဆိုသော အလွှာပါးလေးက ညီတော်မောင်ကို ရှေ့ဆက်ရ ခက်အောင် တားဆီးထားသည်။ ဖွေးရယ်.. ချစ်တယ်.. အရမ်းပဲ.. ချစ်ခြင်းတရားနှင့် ရောယှက်နေသည့် ကာမ၏ အာသီသတို့က ကြည်နူးစရာ ကောင်းလွန်း၏။ တစ်ဦးမျက်နှာ တစ်ဦး ကြည့်ရင်း သူမ နှဖူးထက်မှ ဆံစလေးများကို သပ်တင်ပေးနေမိသည်။ ပူနွေး အိစိုနေသည့် တွင်းကလေးထဲ နှစ်စိမ်ထားသည့် ညီတော်မောင်ကတော့ ရှေ့ဆက်တိုးရန် မာန်ပြင်နေဆဲ။

အိပ်ယာခင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည့် လက်ကလေးတစ်ဘက်က သူ့ခါးပေါ် ခပ်ဖွဖွ ရောက်လာသည်။ ပန်းနုရောင် နှုတ်ခမ်း ဖူးဖူးလေးကို ငုံ့ နမ်းလိုက်လိုပါသော်လည်း မိမိနှုတ်ခမ်းများက သူမ လည်တိုင် ကျော့ကျော့လေးဆီသို့ပဲ ဦးတည်မိသွားပြန်၏။ ညင်သာသော အနမ်းများအောက်တွင် ညည်းသံ သဲ့သဲ့လေး ကြားလိုက်ရသည်။ သူ ရုတ်တရက် စိတ် လွတ်သွားပြီး ခါးကို နည်းနည်း ဖိ အချ..

“အ… ရှီးးး…”
“အာ.. ဖွေး.. ဖွေး နာသွားလား.. ငါ..”
“ဟင့်အင်း.. ရတယ်.. ကျွတ် ကျွတ်..”
“ဖွေး ရယ်.. ချစ် တယ်..”

ဖွေးတစ်ယောက် စိတ်လိုလက်ရပင် စူရှခါးကို တင်းတင်း ကိုင်လိုက်ပြီး တင်ပါးကို ဆတ်ကနဲ ကြွပေး လိုက်သည်။ စူးကနဲတစ်ချက် နာကျင်ခြင်းက ဖွေး မျက်လုံးများကို ပြာဝေသွားစေ၏။ ဖတ်ဖူး မှတ်ဖူးသမျှ မိန်းကလေးတစ်ယောက် အနေနှင့် ထိန်းသိမ်းအပ်ပါသည် ဆိုသော ကညှာမှေး.. သည် အလွှာပါးပါးလေးက သူ့အတွက် ဖွေး၏ အမှတ်တရလက်ဆောင် ဖြစ်စေချင်သည်။ သည့်အတွက် သူမ ဘယ်သောအခါမျှ နောင်တ ရမည်မဟုတ်။ အသည်းခိုက်လုနီးပါး နာကျင်မှုနောက်မှာ ညင်သာသော အနမ်းများနှင့် ချော့မြှူခံလိုက်ရ၏။ ချစ်ခြင်း၏ သိမ်မွေ့သော အတွေ့က ဖြည်းဖြည်းချင်း တပါတ် ပြန်လည်လာသည်။

တူနှစ်ကိုယ် ဖန်တီးရသည့် ချိုမြိန်သော ချစ်ခြင်း၏အရသာက တကိုယ်ရည် ပုံဖော်ခဲ့ဖူးသည့် အတွေ့အကြုံများနှင့်ယှဉ်လျှင် ဘာမှ မဆိုင်လောက်အောင် ထူးကဲ သာလွန်လှ၏။ လှိုက်ဖို တက်မက်ဖွယ် အတွေ့အထိကို သူ့ထံမှ ရရှိခွင့် ရသည့်အတွက် ဖွေး ကြည်နူးမိသည်။ မိမိအတွက်တော့ သည် အချိန် ခဏတာလေးက တစ်သက်တာ မေ့နိုင်ဘွယ်မရှိသည့် အမှတ်တရတစ်ခု မဟုတ်ပါလား။ စီးပိုင် ပြည့်ကျပ်နေသည့် နေရာလေးတွင် ရှေ့တိုးနောက်ဆုတ် ဆော့ကစားနေသည့် အတံထွားထွားကြီး။  ခံစားမှုများက အတံကြီးနှင့်အတူ လိုက်ပါ ထွက်သွားလိုက်၊ နင့်ကနဲ နင့်ကနဲ အသစ်တဖန် ပြန်ဝင်လာလိုက်။ ရင်ခုန်သံနှစ်ခု၏ စည်းချက်များ ညင်သာစွာ ချိန်ကိုက်မိကြပြီး မကြာမီ..။

“အင်းး ဟင်းးး… စူး.. စူးရှ.. ရှီးး … ငါ.. ငါ..”
“အင်းး.. တူတူ.. ငါ တို့ တူတူနော် ဖွေး..”

ဖွေး ကိုယ်လုံးလေးပေါ် စူးရှ မှောက်လျက်သား ကျသွားသည်။ ဖွေးတစ်ယောက် စုံမှိတ်ထားမိသည့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သော်လည်း အမြင်အာရုံများက မပီပြင်။ အရင်ဦးဆုံး မိမိကိုယ်ပေါ် တ၀က်တပိုင်း အုပ်မိုးနေသည့် သူ့ကိုယ်လုံးအောက်မှ ရုန်းထွက်လိုက်သည်။ စူးရှ ကိုယ်ကို စောင်းလှဲ့ပြီး ဖယ်ပေး၏။ ချွေးစို့ နေသော သူမျက်နှာက တည့်တည့် မကြည့်မိပါဘဲ ဖွေး မျက်ဝန်းထောင့်တွင် အရိပ် လာထင်နေသည်။ သူ့ကို ကျောခိုင်းလျက် စောင်းလိုက်ပြီး မွှေ့ယာအောက် ညှပ်သွင်းထားသည့် အိပ်ယာခင်းစကို မရမက ဆွဲထုတ်မိသည်။ အသိစိတ်တို့ကို ပျောက်ဆုံးသွားစေသည့် ကာမ မီးတောက်များ ချုပ်ငြိမ်းသွားပြီ။ အကာအကွယ် မဲ့နေသည့် မိမိ ခန္ဓာကိုယ်ပေါ် တစ်ခုခုနှင့် အမြန်ဆုံး အုပ်ထားနိုင်ရန် ကြိုးစားမိ၏။ စူးရှ အသာအယာ ထ ထိုင်ပြီး ခြေရင်းဘက်မှ စောင်လေး ယူကာ ခြုံပေးသည်။

ခုနေ နင်သာ ငါ့ ချစ်သူဆို ဘယ်လောက် ကောင်းလိုက်မလဲ စူးရှ.. ငါ့ကို အကြင်နာ အနမ်းလေးတွေနဲ့ ချော့.. ငါပေးလိုက်တဲ့ အပျိုစင် ပန်းကလေးကို တယုတယလေး နမ်း.. တစ်သက်လုံး တန်းဘိုးထား မြတ်နိုးသွားပါ့မယ့်လို့ ကတိလေးပေး.. ဒီလိုများသာ ဆိုရင် ငါ ဘယ်လောက်ထိ ကြည်နူးရမလဲ.. ငါ နင့်ကို ဘယ်လောက်ထိ..



“ထွက် သွား..”
“ဖွေး..”
“ထွက်သွားလို့ ငါ ပြောနေတယ်လေ..”
“ဖွေးရယ်.. ငါ့ကို စိတ်ဆိုးသွားပြီလား.. ငါ ငါ တောင်းပန်..”
“ထွက်သွား စူးရှ.. နင် .. နင် တကယ့် အခွင့်အရေးသမား.. မိန်းကလေးတွေဆီက အားနည်းချက်ကို အသားယူပြီး.. မိန်းကလေးတွေကို အသိပျောက်အောင် ပြုစားပြီး.. အခွင့်.. အခွင့်အရေး လိုက်ယူနေတဲ့ကောင်.. နင့်ကို ငါ မုန်းတယ်.. အရမ်းမုန်းတယ် စူးရှ.. နင် ငါ့မျက်စိရှေ့ကို ဘယ်တော့မှ ပြန်မလာနဲ့..”
“ဖွေးရယ်.. ငါ ငါ ပြောပါရစေဦး..”
“တော်တော့.. တော် တော့ စူးရှ.. နင့်ရှေ့မှာ ငါ အသက်ထွက်သွားမှ နင်ကျေနပ်မှာလား ဟုတ်လား..”
“အာာာာ…”
“ထွက် သွားးးး….”

မျက်စိ စုံမှိတ်ပြီး နားနှစ်ဘက်ကို အုပ်ပိတ်ကာ အော်ပစ်လိုက်သည်။ တကယ်တမ်း သည့်ထက်ပို နင့်သီးစေသည့် စကားလုံးများ ရှိလျှင် ပြောချင်ပါသေးသည်။ သို့သော် နှလုံးသားနှင့် ဆန့်ကျင်ဘက် ဖြစ်သည့် စကားများကို ထိထိရောက်ရောက် ပြောနိုင်လောက်အောင် ဖွေး ကိုယ်တိုင်က ခံနိုင်ရည်အား မရှိခဲ့။ ကိုယ်တော်ချောက ကုတင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေသေးသည်။ ဖွေး တစ်ယောက် စောင်လေးကို ရင်ဘတ်ရှေ့ ဆွဲကိုင်ထားရင်း သူ့မျက်နှာကို ခပ်စိန်းစိန်း စိုက်ကြည့်လိုက်၏။ မျက်လုံးများက မီးတောက် နေသော်လည်း ထိုမီးတောက်များက ဒေါသမီး မဟုတ်မှန်း ကြည့်တတ်လျှင် မြင်ပါလိမ့်မည်။

“ငါ နှင် တာတောင် နင်က ပေကပ်နေသေးတယ်ပေါ့ ဟုတ်လား စူးရှ..”
“…….”
“ငါ့အမိန့်မှန်သမျှ နာခံမယ် ဆို.. ဘာလဲ.. နင်က နင်လုပ်ချင်တာ လုပ်ပြီးသွားလို့ ငါ့ကို အာခံမယ်ပေါ့ ဟုတ်လား..”
“ဖွေး ရယ်..”
“ငါ ဂရုစိုက်မယ် ထင်လို့လား.. ဟမ် စူးရှ.. ဒီလောက်လေးကို ငါ ဂရုစိုက်မယ် ထင်လို့လား..”
“ဟူးးးး…”
“ငါ မူးနေလို့ သိလား.. နင် ခွေးကျင့်ခွေးကြံ ကြံတာကို ငါ မငြင်းနိုင်ခဲ့တာ.. နင် သိလား.. အခု ငါ အသိစိတ် ပြန်ဝင်လာပြီ.. နင် ခုချက်ချင်း ထွက်သွားမလား.. မုဒိန်းမှုနဲ့ ထောင်ထဲ ၀င်မလား ပြော..”
“အာ.. ဖွေး.. မဟုတ်သေးဘူးလေ..”
“ပိတ်ထား နင့်ပါးစပ်.. ဘာလဲ.. နင်က ငါ့ကို မြတ်လို အူတိအူလည် မိန်းကလေး ထင်နေတာလား ဟုတ်လား.. ဟမ်.. နင် ယုတ်မာချင်တိုင်း ယုတ်မာသမျှ ကျိတ်ခံမယ့် မိန်းမ ထင်နေလား ဟုတ်လား.. ထွက် သွားး.. နင် နင် ငါ့ မျက်စိရှေ့က ……… …… ……..”

ငါ့ မျက်စိရှေ့ကနေ အမြန်ဆုံး ထွက်သွားပါတော့ စူးရှ ရယ်..။ တိုးတိတ် တိမ်ဝင်သွားသော အသံများက နှလုံးသားထဲတွင်တော့ ဆက်လက် မြည်ဟီး နေပါသေးသည်။ လူတစ်ကိုယ်လုံး စောင်ထဲ ပုကွေးပြီး ပုန်းကွယ် ထားမိ၏။ လှိုက်တက်လာသော ရှိုက်သံများကို အံကျိတ် ထိန်းထားမိသည်။ မိမိဘ၀တွင် သည်လို ကျိတ်ငို ခဲ့ရသည့် အဖြစ်ပေါင်း မနည်းလှသော်လည်း သည်တစ်ခေါက်က အပင်ပန်းဆုံး ဖြစ်မည်ထင်သည်။ သို့သော် ဖွေး ကျေနပ်သည်။ လိုချင်တာ အားလုံး ရလိုက်ပြီးသော ကလေးငယ် တစ်ဦးလို ကျေနပ်မိသည်။

စောင်ထဲ တိုးဝင်လုံးထွေးပြီး တသိမ့်သိမ့် တုန်ခါနေသည့် ကိုယ်လုံးလေး။ သည်ကိုယ်လုံးလေး၏ နောက်ကျောဘက် အိပ်ယာခင်း ဖြူဖြူလေးပေါ်တွင် သွေးစက်တို့ စွန်းထင်းနေသည်။ ဖော်မပြတတ်သည့် ခံစားမှုက ပီတိလား၊ စိတ်မကောင်း ဖြစ်မိတာလား၊ သူမလေးကို သနား သွားမိတာလား၊ သို့တည်းမဟုတ် သခင်မတစ်ပါးလို မြတ်နိုးမိသူတစ်ဦးအပေါ် လွန်ကျူးမိလို့ တုန်လှုပ်တာလား။ ဘာပဲပြောပြော လောလောဆယ် အားဖြင့်တော့ သူမကို အနားပေးသင့်သည် မဟုတ်ပါလား။ စောင်ခြုံထဲ လုံးထွေးနေသည့် ပုခုံးလေး နှစ်ဘက်ကို ညင်သာစွာ ဆုပ်ကိုင် လိုက်သည်။ နင် ငါ့ကို ကျေနပ်တဲ့ အထိ အပြစ်ပေးပါ ဖွေးရယ်။ ထွက်သွား ဆိုတဲ့ စကားက လွဲရင် ကြိုက်တာ ပြောပါ။

ဖြန်းးးးး…. ဖြန်းးးးး..
ဆတ်ကနဲ ထ ထိုင်ပြီး ဘယ်ပြန်ညာပြန် ရိုက်လိုက်သည့် ရိုက်ချက်က ထင်မထားသည့် အပြုမူမို့ သူ့မျက်လုံးထဲ မီး ပွင့် သွားရသည်။
“နင်က ငါ့ကိုေ_ာက်ဂရု မစိုက်ဘူး ဆိုတဲ့သဘောလား.. ဟုတ်လား စူးရှ.. ဒီလောက် မျက်နှာပြောင် တိုက်ရဲတဲ့ကောင်.. ထွီ.. ထွီ..”
“အာ ဟာ…”

မုန်းစရာ ငေးကြောင်ကြောင် မျက်ဝန်းများကို တံတွေးနှင့် ပိတ်ထွေးပစ်လိုက်သည်။ စူးရှတစ်ယောက် တံတွေးတို့ဖြင့် စိုရွှဲ ပေကျံ သွားသည့် မျက်နှာကို ချက်ချင်း သုတ်မပစ်သေးဘဲ မျက်စိမှိတ် ခေါင်းငုံ့ကာ သက်ပြင်း ချ၏။ စက္ကန့် အနည်းငယ် ကြာပြီးမှ မျက်နှာကို ပုခုံးနှင့် သုတ်လိုက်ပြီး ဖွေးကို ခပ်ငေးငေး ကြည့်သည်။ မုန်းတယ်.. စူးရှ နင်က တကယ် အသုံးမကျတဲ့ကောင်.. ငါ ဒေါသထွက်လာတိုင်း ငုံ့ခံတတ်တဲ့ အလကားကောင်။

“နင် ထွက်သွား မလား.. ငါ ခုချက်ချင်း ရဲကို ဖုန်းဆက်ရမလား ပြော.. ဟမ် စူးရှ.. နင်နဲ့ငါ တူတူ မှားခဲ့တာပဲ.. အရှက် ကွဲလည်း တူတူပေါ့ဟာ.. နော့..”
“အာ မဟုတ်ဘူး ဖွေး.. ငါ အဲ့ သဘော မဟုတ်ရပါဘူးဟာ..”
“မဟုတ်ရင် ထွက်သွား.. ဆက် ထိုင်နေရင်တော့ နင် ငါ့ကို စိန်ခေါ်တာပဲ..”
“ဖွေး ရယ်..”
“ဟုတ်တယ်.. ငါက ဖွေး.. နင် သိထားဘို့က နှင်းဖွေးဖွေး ဆိုတာ အမှားလုပ်ပြီးရင် လူသိမှာ ကြောက်လို့ ငြိမ်ကုပ်နေတတ်တဲ့ မိန်းမ မဟုတ်ဘူး.. ”

ဖွေး မျက်ဝန်းများက မီးဝင်းဝင်း တောက်မတတ် ပြင်းထန်နေသည်။ မျက်ရည်ကြည်တို့ အိုင်ထွန်း နေသော်လည်း ပါးပြင်ပေါ်သို့ လုံးဝ ကျဆင်းမလာခဲ့။ နီထွေးနေသည့် နှုတ်ခမ်းလေးနှစ်မွှာက တဆတ်ဆတ် တုန်နေ၏။ သည်အချိန်မှာ သူမကို တစ်ယောက်တည်း ထားပေးခြင်းက အသင့်တော်ဆုံးဟု သူ ရင်နင့်စွာပဲ ဆုံးဖြတ်လိုက်မိသည်။ တိတ်ဆိတ်နေသော အခန်းကလေးထဲတွင် မျက်ဝန်းနှစ်ခု အားပြိုင် နေကြသည်။ စူးရှ ခေါင်းကို ငုံ့ရင်း သက်ပြင်း ချလိုက်၏။ တကယ်တမ်း သူမ အနား ပြန်ရောက်လာခြင်းက သူ့တွင် ပြောစရာစကား များစွာနှင့်။ အထူးသဖြင့် မြတ်၏ ကိုယ်ဝန်ကိစ္စ မိမိနှင့် မသက်ဆိုင်ကြောင်း မကြာမီကမှ သူသိခဲ့ရခြင်း အကြောင်း၊ နောက်တစ်ခု သည့်ထက် အရေးကြီးသည်က သူမထံပါးတွင် ထာဝရ ခစားခွင့် (တနည်း) သူမ၏ ချစ်သူ ဖြစ်ခွင့်။ သည်စကား နှစ်ခုကို လက်ရှိ အခြေအနေနှင့်ပင် သူမအား သိစေ ကြားစေချင်ပါသည်။ သို့သော် သူ့ကို စ တွေ့သည်နှင့် သူမ ဘက်မှ ဦးဆောင်သွားပြန်သည့် အခြေအနေကြောင့် ရည်ရွယ်ချက် အားလုံး လွဲချော် ခဲ့ရသည်။ ချိုမြိန်သော နေ့ တစ်နေ့ကို သည်ပုံစံ သည်အနေအထားဖြင့် နိဂုံး မချုပ်လိုပါသော်လည်း သူမ ပင်ပန်း လွန်းနေပြီမှန်း ကောင်းစွာ နားလည်မိသည်။

အရှက် ကွဲလည်း တူတူပေါ့ဟာ တဲ့လား.. ဘယ် ဖြစ်မလဲ ဖွေးရယ်.. နင်ပြောသလိုပဲ ငါက လမ်းဘေးက ကလေကချေ ဆိုရင်တောင် ငါ နဲ့အတူ အရှက်ကွဲ ခံရလိုက်ရင် နင့် တန်ဘိုးတွေ ကျသွားမှာပေါ့.. တကယ်လည်း ငါ့ကြောင့် နင် အရှက်ကွဲရစရာ ကိစ္စမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး.. ဒါကို ငါ့ဘက်က သိပ်သေချာပေမယ့် ခု ချိန်မှာ နင့်နား ငါ ဆက်ရှိနေလို့ ဒီပြဿနာ ပြေလည်သွားမယ်လို့ ငါ မထင်ဘူး.. နင် တအား ဒေါသထွက်ပြီး တခုခု ဖြစ်သွားမှာ ငါ အရမ်း စိုးရိမ်တယ်.. နင့်ကို ငါ တင်းနေအောင် ဖက်ထားပြီး စကားတွေ ပြောလိုက်ချင်ပေမယ့်..  နင့်ကို ငါ စိန်စီထားတဲ့ အနာဂတ်တွေပဲ ပေးချင်ပါတယ်ဟာ.. ငါ့ရင်ထဲမှာ နင့်အတွက် ပြောစရာ စကားတွေ အများကြီးပေမယ့် လောလောဆယ် ငါ ထွက်သွားပေးမှ နင် စိတ်သက်သာမယ် ဆိုရင်..

“ငါ.. သွားပါ့မယ်.. ဒါမယ့် နင် နဲ့ အနီးဆုံးနေရာမှာ ငါ ရှိနေမယ် ဖွေး.. ဘာကြောင့်ပဲ ဖြစ်ဖြစ် နင် လိုအပ်လာရင် ငါ့ကို ခေါ်လိုက်.. နော်..”
“………….”
“နားလိုက် နော်.. ဖွေး..”

သူ့စကား ဆုံးသည်နှင့် စောင်ခေါင်းမြီးခြုံကာ မျက်လုံးများ မှိတ်ချလိုက်သည်။ ပင့်သက်ကို စောင်ထူထူထဲ မှုတ်ထုတ်လိုက်၏။ ကုတင်ခြေရင်းဘက်မှ လှုပ်ရှားသံ သဲ့သဲ့ ကြားနေရသည်။ နားထင်စောင်း ဆီသို့ စီးကျလာသည့် မျက်ရည်ပူတို့က တားဆီးမရတော့။ ရှိုက်သံမထွက်အောင် စောင်စကို ပါးစပ်ထဲ လုံးထွေး ထိုးထည့်ထားလိုက်သည်။ ခဏနေတော့ လေးကန်သော ခြေသံတစ်ခုက အခန်းပေါက်ဘက်ဆီ ရွေ့သွား၏။ တံခါး ဖွင့် ပိတ်သံ သဲ့သဲ့ ကြားလိုက်ရပြီး ခဏ စောင်ဖယ်ပြီး ကြည့်လိုက်မိသည်။ အေးစက်မာကြောနေသည့် ကျွန်းတံခါးကြီးက မိမိကို ပမာမခန့် ကြည့်နေသည်။

တိတ်ဆိတ် သွားပြီပဲ.. ငါ့ အခန်းတစ်ခုလုံးရော.. ငါ့ ရင်ထဲက နှလုံးသားရော.. ငါ့ ဘ၀ကြီး တစ်ခုလုံးရော.. လုံးဝ တိတ်ဆိတ်သွားခဲ့ပြီပဲ..



    

No comments:

Post a Comment