Thursday, November 17, 2016

"ယူပါ ကို........."



တစ်မနက်ခင်းလုံး ကွန်ပြူတာနဲ့ မျက်နှာ မခွာစတမ်း အလုပ် ထိုင်လုပ်နေမိတဲ့ ကျမ၊ ဗိုက်ဆာလာမှပဲ နေ့လည်စာကို သတိရမိတော့တယ်။ ကို လည်း ဆာလှရောပေါ့။ ရေးလက်စ ရီပို့ လည်း ပြီးပြီမို့ ဖိုင်လေးကို ဆေ့ဖ် လုပ်ပြီး စတစ်ထဲ ကူးထည့်၊ ထမင်းချိုင့် ခြင်းလေးဆွဲပြီး ကို့ အခန်းဘက် ကူးလာခဲ့လိုက်တယ်။ ကို က ကျမရဲ့ ချစ်ရသူဖြစ်သလို အထက်အရာရှိလည်း ဖြစ်တယ်လေ။ ကျမ ကျောင်းပြီး ဘွဲ့ရတော့ အကိုဝမ်းကွဲတစ်ယောက်ရဲ့ အဆက်အသွယ်ကတဆင့် ဒီကုမ္ပဏီမှာ အလုပ် ၀င်ဖြစ်ခဲ့တာ။ ကျောင်းနေဘက် သူငယ်ချင်း ငါးယောက် စုပြီး ထူထောင်ထားတဲ့ ကုမ္ပဏီမှာ ကို က ဒါရိုက်တာ အဖွဲ့ဝင်တစ်ဦးပေါ့။ ဌာနခွဲ အသီးသီးမှာ သက်ဆိုင်ရာ ဌာနမှုးတွေ ရှိပေမယ့် ဒီဌာနမှာ ကို ကိုယ်တိုင် အမြဲတမ်း ရုံးထိုင်တယ်၊ ကြီးကြပ်တယ်ဆိုပါတော့။ ဘာလို့ဆို ကုမ္ပဏီ တစ်ခုလုံးမှာ ဒီဌာနက အရေးအပါဆုံး၊ ၀န်ထမ်းအင်အားလည်း အများဆုံး၊ ကျန်တဲ့ဌာနတွေနဲ့ စာရင် ကုမ္ပဏီ လည်ပတ်ဘို့ အဓိက အသက်သွေးကြောက ဒီဌာနလို့ ပြောလို့ရတယ်လေ။

ကျမတို့ ချစ်သူ ဖြစ်သွားပုံက ပြောရရင် အိပ်မက် ဆန်တယ်။ ကျမ အလုပ်ဝင်တဲ့နေ့က ကို က အလုပ်ကိစ္စနဲ့ ပြည်ပ ခရီးထွက်နေရတယ်လေ။ ကျမကို လူတွေ့စစ်ဆေးတာက ဒီဌာနရဲ့ ဌာနမှုး ဦးလေးကြီးပါ။ ကျမ အလုပ်ဝင်ပြီး သုံးရက်လောက်နေမှ ကို နဲ့ တွေ့ရတာ။ ဒီသုံးရက် အတွင်းမှာ ကို့ရဲ့ စည်းကမ်းကြီးပုံ၊ လုပ်ငန်းသဘော ကျွမ်းကျင်ပုံ ကောင်းသတင်းတွေက မကြားချင်မှ အဆုံး။ ခရီးကနေ ကို ပြန်ရောက်ပြီး နောက်ရက်ပဲ ကျမကို သူ့ အခန်းခေါ်၊ လူတွေ့ ထပ်စစ်တယ်။ အဲဒီအချိန် ကျမက ရုံးမှာ လူအတော်များများနဲ့ ရင်းနှီးနေပြီလေ။ ဒါရိုက်တာကြီး ခေါ်တယ် ဆိုတော့ ကျမကို အင်တာဗျူးခဲ့တဲ့ ဌာနမှုး ဆရာက သမီးကို ဦးဘုန်းမြင့်မိုရ် ကိုယ်တိုင် ဗျူးဦးမှာ သမီးရဲ့ လို့ ပြောတယ်။ ကျမ နည်းနည်း လန့်သွားမိတာ အမှန်ပဲ။ ဦးဘုန်းမြင့်မိုရ်၊ အများ အခေါ် ဦးဘုန်းပေါ့၊ သူ သဘောမကျရင် ကျမ အလုပ် ပြန်ပြုတ်သွားမှာလား။ စိုးရိမ်စိတ်တစ်ဝက် ကိုယ့်ကိုကိုယ် ယုံကြည်စိတ်တစ်ဝက်နဲ့ ကို့ ကိုကျမ မျက်နှာချင်း ဆိုင်ဖြစ်ခဲ့တယ်။

အသံကြည်ကြည်သြသြနဲ့ စကားကို တစ်လုံးချင်း အေးအေးဆေးဆေး ပြောရင်း ကျမ ကို အကဲခတ်နေတဲ့ ကို့ ပုံစံက ထင်သလောက် ကြောက်ဖို့ မကောင်းခဲ့ပါဘူး။ အားလုံးက ကို့ကို ဦးဘုန်းလို့ ခေါ်ကြပေမယ့် ကျမကတော့ အကို လို့ ခေါ်ဖြစ်ခဲ့တယ်။ ကျမထက် အသက် အများကြီး ကြီးပေမယ့် ကို က ကျမရဲ့ အကြီးဆုံး အကိုဝမ်းကွဲ၊ ကျမကို အလုပ်ပြောပေးတဲ့ အကိုပေါ့၊ အဲ့ဒီအကိုနဲ့ ကျောင်း ဆင်းဘက်တွေလေ။ ကိုယ့် အကိုနဲ့ ရွယ်တူ အမျိုးသား တစ်ယောက်ကို ဦးလို့ခေါ်ရမှာ ကျမ အားနာပါတယ်။ ဒီလိုနဲ့ပဲ သူမေးသမျှ မေးခွန်းတိုင်းကို ဟုတ်ကဲ့ အကို၊ လုပ်နိုင်ပါတယ် အကို၊ ကျမ ကြိုးစားကြည့်ပါ့မယ် အကို၊ သင်လိုက်ရင် တတ်သွားမှာပါ အကို ဆိုပြီး ရင်ထဲရှိတဲ့အတိုင်း ဟန်မဆောင်ဘဲ ကျမ ပြန်ဖြေခဲ့တယ်။ ဒီလိုနဲ့ ကျမ ကို့လက်အောက်မှာ အလုပ် လုပ်ခွင့် ရခဲ့တဲ့ အပြင် သူများနဲ့ မတူတဲ့ အကို ဆိုတဲ့ အခေါ်လေးက ကို့ ရင်ကို နွေးစေ ခဲ့ပါသတဲ့။

တိုတိုပြောရရင် ကို နဲ့ ကျမ၊ သံယောဇဉ်တွေ အရောင်ပြောင်းပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတယ်ပေါ့ရှင်။ ကိုက ကျမကို လက်ထပ်ကြဘို့ ပြောနေပြီ ဆိုပေမယ့် ဖေဖေနဲ့ မေမေ့ကို ကိုယ်ပိုင် ၀င်ငွေလေးနဲ့ အလုပ်အကျွေး ပြုချင်သေးလို့ ကျမ ကို့ကို အချိန်ဆွဲနေမိတယ်။ အောင်မြင်နေတဲ့ စီးပွားရေးအောက်မှာ နှလုံးသား အိပ်ပျော်နေခဲ့တဲ့ ကိုကတော့ သူဘယ်တုန်းကမှ မလိုလားခဲ့တဲ့ အနှောင်အဖွဲ့ကို ကျမဆီက လိုချင်ပါသတဲ့။ အသက်အားဖြင့် အရွယ်လွန်နေတော့လည်း ချစ်ကြတာ မကြာသေးပေမယ့် ကျမကို လောချင်တာပေါ့လေ။ ဒါပေမယ့် ဒီခေတ်အနေအထားနဲ့ ပြောရင် ကျမ အသက် (၂၀) ကျော်ဆိုတာက အိမ်ထောင်ပြုဘို့ စောသေးတယ် မဟုတ်လား။ နောက်တစ်ခုက ကလေး ကိစ္စပေါ့။ ကိုက ကျမ မွေးပေးမယ့် သူ့မျိုးဆက်ကို အရမ်း မျှော်လင့်နေပြီ။ ကျမက ဒီအတွက် သိပ် အဆင်သင့် မဖြစ်သေးသလိုပဲ။ ဒီလိုနဲ့ပဲ ညှိကြနှိုင်းကြရင်း ကို့ ဆန္ဒတွေကို မလွန်ဆန်နိုင်တဲ့ကျမ၊ အမြန်ဆုံး လက်ထပ်ကြဘို့ သဘော တူညီခဲ့ပါတယ်။ သာမန်ဝန်ထမ်းလေး ဖြစ်တဲ့အပြင် ဒီဌာနကို နောက်ဆုံးမှ ရောက်လာတဲ့ ကျမ၊ ကို နဲ့ ပတ်သက်ရင် အနေထိုင် အများကြီးဆင်ခြင်ရပါတယ်။ အမိဖမ်းတယ်တွေ ချူစားတယ်တွေ အပြောမခံချင်လို့ ကျမတို့ ချစ်နေကြတာကို လက်မထပ်ခင် လူသိအောင် မကြေငြာဖြစ်ဘူး။ တရားဝင် ဇနီး မဖြစ်ခင်ကတည်းက ကို့ ပါတ်ဝန်းကျင်မှာ လူရိုသေရှင်ရိုသေ ဖြစ်အောင် ကျမ ပင်ကိုယ် အရည်အချင်းနဲ့ အရင် ကြိုးစားရတာပေါ့။ ကျမရဲ့ ပျိုမြစ်နုနယ်တဲ့ အလှအပနဲ့ သွေးသားတွေကတော့ ကို့အတွက်ဆို အမြဲ အသင့် ဖြစ်စေခဲ့ပါတယ်။

ထမင်းချိုင့် ခြင်းတောင်းလေးဆွဲပြီး ကို့ အခန်းရှေ့ကျမ ရောက်လာခဲ့တယ်။ နေ့လည်စာကို တစ်ဆိုင်ဆိုင်မှာ သွားစားတတ်တဲ့ ကိုက ကျမနဲ့ ချစ်သူဖြစ်ပြီးနောက်၊ သူ့ရုံးခန်းမှာပဲ စားတော့တယ်လေ။ ဟင်းချက်ကောင်းတဲ့ မေမေ့ဆီက ချက်နည်းပြုတ်နည်းတွေသင်ပြီး ကျမ လက်စွမ်းပြလာတဲ့ နေ့လည်စာ လေးတွေက ကို့အတွက် နတ်သုဒ္ဒါပါ တဲ့။ ခုလို နေ့လည်ခင်းလေးတွေဆို အားလုံးလည်း ကန်တင်းသွား၊ စားကြသောက်ကြပြီလေ။ ကျမက ကို့အတွက် ထမင်းချိုင့်လေး ပို့၊ ခူးခပ်ပြင်ဆင်ပေးပြီး ၀န်ထမ်းတွေအတွက် ထားပေးတဲ့ ရုံးထမင်းစားခန်းမှာပဲ ပြန်လာစားတယ်။ ကိုနဲ့ တူတူလက်ဆုံ စားချင်ပေမယ့် တစ်ယောက်ယောက် ရိပ်မိသွားမှာစိုးလို့ပါ။ ပိတ်ရက်တွေ ဆိုရင်တော့ တစ်ပတ်ခြား တစ်ခါလောက် ကို့အိမ်မှာ တူတူ ချက်စားဖြစ်ကြတယ်။ အွန်းးး.. ဟိုလိုမျိုး ချစ်ရည်လူးကြတာလည်း ပါတာပေါ့။ အလုပ်များတဲ့ ကို့မှာက အေးအေးဆေးဆေး နေရတဲ့ ပိတ်ရက် ရှားပါတယ်။ ဒါပေမယ့် ကျမကို သိပ်ချစ်တဲ့ ကိုက အားရက် ရနိုင်ဘို့ တစ်ပတ်ခြားလောက်တော့ တမင် အချိန်ပေးတတ်တယ်လေ။ အဲ့လို နေ့မျိုးဆို တစ်နေကုန် ကို့နားမှာ နေပြီး ကျမက တကယ်ပဲ ကို့ရဲ့ အိမ်ရှင်မလေးပေါ့နော်။


အခန်းရှေ့ရောက်တော့ ကျမရဲ့ ကိုက လက်ပ်တော့ပ် တစ်လုံးနဲ့ အလုပ်တွေ ရှုပ်နေလေရဲ့။ ကျမ ချက်ချင်း မ၀င်သေးဘဲ ခဏ ချောင်းကြည့်နေတုန်း ဖုန်းမြည်သံ ကြားပြီး ကို ဖုန်းကိုင်တယ်။ ခုံကနေ ထ ရပ်ပြီး နံရံဘက် လှည့် ပြောနေတော့ ကျမ တိတ်တိတ်လေး ၀င်လာတာ ကို မသိလိုက်ဘူး။ ကျမ ပြုံးလိုက်မိတယ်။ ကို့ကို စ ဦးမှ။ ကျမရဲ့ ပျော်ပျော်နေတတ်တဲ့ စရိုက်လေးက ကို့ကို အမောပြေစေတယ်၊ ကျမပြောတတ်တဲ့ ကြံကြံဖန်ဖန် စကားအဆန်းလေးတွေက ကို့ကို ကြည်နူးစေတယ်၊ ကျမရဲ့ တီတီတာတာ အချွဲအနွဲ့လေးတွေက ကို့ စိတ်ကို နုပျိုစေတယ်တဲ့လေ။ ကျမရဲ့ အပြုအမူလေးတွေကို ကို ချစ်တတ်မှန်းသိတော့ ကျမ ခေါင်းထဲမှာလည်း ဒီနေ့ ကို့ကို ဘယ်လို ကြည်စယ် ရမလဲ ဆိုတာပဲ အမြဲ တွေးနေမိတော့တာ။ ခုလည်း ဖုန်းပြောပြီးသွားလို့ စားပွဲစွန်းကို တင်ပါးမှီပြီး ရပ်နေတဲ့ ကို့နောက်ကို တိတ်တိတ်လေး တိုးကပ် သွားလိုက်တယ်။ ခြင်းတောင်းလေးကို စားပွဲပေါ် ချပြီးတဲ့အထိ ကျမရောက်နေတာ ကို မသိသေးဘူး။ ဦးလေးကြီး ဘာတွေ စဉ်းစားနေပါလိမ့်။ ကျမ ကို့ကို နောက်ချင်လို့ စားပွဲရဲ့ တစ်ဘက်ကနေ ကို့ ခါးကို လှမ်းတို့ပြီး ၀ါးးးး ကနဲ အော်လိုက်တယ်။ ကိုက အေးအေးဆေးဆေးပဲ ကျမကို ပြန်လှည့်ကြည့်ပြီး ပြုံးနေတယ်လေ။ ကျမ အသည်းယား သွားတာပေါ့။ နှုတ်ခမ်းလေး စူ ပြီး..

“ကို့ လန့်လေ ကွာ.. ဘာလို့ မလန့်တာလဲ..”
“ခင်ဗျားလေး အပြင်က လာချောင်းနေကတည်းက ကျုပ်က တွေ့နေတာ.. ဘာကို လန့်ရမှာတုန်း..”
“ကျန်းး.. အာ့ဆို မသိချင်ယောင် ဆောင်နေတာပေါ့လေ..”
“ဟဟ..”
“မရဘူး.. လန့်ဆို လန့်ရမယ်.. ပြန်လုပ်မယ်.. လှည့် ဟိုဘက်..”
“အမ်.. ဘာလုပ်မလို့လဲ ညို ရဲ့..”
“ခြောက်မလို့လေ.. ညိုက စောစောကလို ၀ါးး ဆို ခြောက်မယ်.. ကို က လန့်..”
“အာ..”
“အာ နဲ့.. ခိုင်းတာမလုပ်ရင် ထမင်း မကျွေးဘူး နော်.. ဟွန်းး..”
“ဟဟ.. ထမင်း မကျွေးဘဲတော့ မထားပါနဲ့ အိမ်ရှင်မရယ်.. လန့် ဆို လန့်ပါ့မယ်..”
“အွန်းး.. အာ့လိုမှပေါ့.. လှည့် ဟိုဘက်..”
“အိုကီ.. လန့်ရတော့မယ်ဆို ပြောနော်.. ဒီလိုလုပ်.. နံပါတ်ရေမယ်.. ၃ ထိ..”
“ခိခိ.. ရေ အာ့ဆို..”
“၁..”
“….”
“၂..”
“၀ါးးးး…”
“အောင်မလေး ဗျ..”
“ခိခိခိခိ..”
“ဟဟ.. အရူးမလေး.. လာ ခဲ့..”
“အိုးး ကို့.. တစ်ယောက်ယောက်တွေ့..”

ကျမ စကားဆုံးအောင် မပြောလိုက်ရမပါဘူး။ ကျမ နှုတ်ခမ်းတွေကို ကို ငုံခဲပြီး အားပါးတရ စုပ်နမ်း ပစ်လိုက်တယ်လေ။ တင်းနေအောင် ဖက်ထားလိုက်တာလည်း ကျမ အရိုးတွေ ကျေမတတ်ပဲ။ ဒီလို အနမ်းမျိုးက ကို နဲ့ ကျမ ကြားမှာ မဆန်းပေမယ့် ခုလို ကို့ ရုံးခန်းမှာ နမ်းတာ ဒါ ပထမဆုံးပဲ။ ကျမ လန့်သွားမိတယ်။ အခန်းက တံခါး ပိတ်မထားဘူးလေ။ ထမင်းစားချိန် ဆိုပေမယ့် ကန်တင်း မသွားပဲ ရုံး ထမင်းစားခန်းမှာ စားတဲ့ ၀န်ထမ်းတွေလည်း ရှိတာကိုး။ ခုနေများ တစ်ယောက်ယောက် ၀င်လာရင်။ ကျမ ဆန္ဒက ကိုနဲ့ ကျမ ချစ်နေကြတာ ဘယ်သူ့ကိုမှ မသိစေချင်ဘူး။ တကယ်က ကျမလို သာမန် မိန်းကလေး တစ်ယောက်အတွက် ကုမ္ပဏီ ဒါရိုက်တာတစ်ယောက်ရဲ့ ဇနီးလောင်း ဖြစ်ရတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ဘာလို့မှန်း မသိ၊ ဒီကိစ္စကို အခြား ၀န်ထမ်းတွေ သိမှာ ကျမ အရမ်းကြောက်တယ်။ ကို ကျမကို သိပ်ချစ်မှန်း ယုံကြည်ပေမယ့် ကျမထက် အသက်၊ ဂုဏ်ဝါ၊ ပညာ၊ ငွေကြေး အများကြီးသာတဲ့ မိန်းမတွေ ကို့နားမှာ တစ်ပုံကြီးလေ။ ကျမ မယုံရဲတာ မမြင်နိုင်တဲ့ ကံကြမ္မာကိုပါ။ ကို့ အသက်အရွယ်၊ ကို့ အနေအထားနဲ့ တကယ်တမ်း ရွေးချယ်စရာ ကြုံလာရင် ကို့ ရွေးချယ်မှုက ကျမ ဖြစ်ပါ့မလား။ ကျမ ဒီလို မေးခဲ့မိလို့ ကို စိတ်ဆိုးသွားဖူးတယ်။ နောက်ထပ် မမေးဖြစ်ပေမယ့် ဒီမေးခွန်းက ကျမ ရင်ထဲက ထွက်မသွားခဲ့ပါဘူး။ ခုလို လက်ထပ်ဘို့ တိုင်ပင်ပြီးကြတဲ့ အချိန်ထိဆိုပါတော့။ အနမ်းမိုးစဲလို့ ကိုယ်ချင်း ခွာလိုက်ပြီးမှ..

“ဆာပြီလား ကို..”
“ဆာနေတာမှ တအားပဲ..”
“ဟွန်းး..”
“ဘာ ဟွန်းလဲ.. ညို့.. ချစ်ချင်တယ်ကွာ.. ဒီနေ့ ဘာဖြစ်နေလဲ မသိဘူး.. အလုပ်ထဲလည်း စိတ်မပါဘူး..”
“အယ်.. ကို ရယ်..”
“ကို ရယ်ဘူး.. တူနေချင်ပြီ ကွာ.. မနက် မိုးလင်းတာနဲ့ နှစ်ယောက်တူတူ အိပ်ရာနိုးခွင့် ဘယ်တော့များမှ ရမလဲ..”
“ဘယ်လောက်များ လိုတော့လို့လဲ ကို ကလည်း..”
“လာခဲ့..”

ကျမ ခါးလေးကို ဆွဲဖက်ပြီး ကို့ ခုံပေါ် ထိုင်ခိုင်းတယ်။ ခါတိုင်းဆို ထမင်းပြင်ပေးပြီး အာမွလေး တစ်ချက်လောက်နဲ့ ကျမတို့ရဲ့ နေ့လည် အချိန်လေးက ရိုးရှင်းပါတယ်။ ဆန်းပြားတဲ့ ချစ်ခြင်းတွေ ရုံးခန်းထဲမှာ လုပ်လေ့ မရှိဘူးလေ။ ဒီနေ့ ကို ဘာတွေ ဖြစ်နေမှန်း ကျမ မစဉ်းစားတတ်တော့ဘူး။ တစ်ခါမှ မထိုင်ဘူးတဲ့ ကို့ ထိုင်ခုံကြီးပေါ် ကျမ ထိုင်လိုက်ရတယ်။ စိတ်ထဲမှာ တစ်မျိုးကြီးပဲ။ ကို က ကျမကို အုပ်မိုးပြီး သူ့ ကွန်ပြူတာမှာ မီနီမိုက်ဇ် လုပ်ထားတဲ့ ဗွီဒီယို ဖိုင်ကို ဖွင့်လိုက်ပါလေရော..။ အိုးး.. ကျမ လက်ဖျားတွေ အေးစက်သွားတာပေါ့။ ကျမက သွက်သွက်လက်လက် နေတတ်တဲ့ ခေတ်လူငယ်ပါ။ ကို နဲ့လည်း သာမန် သမီးရည်းစားအဆင့်ကို ကျော်ခဲ့ပြီးပြီလေ။ ဒါပေမယ့် ခုလို ယောင်္ကျားနဲ့ မိန်းမ လိင်ဆက်ဆံနေတဲ့ မူဗွီ တစ်ခုကို ကိုနဲ့အတူ တစ်ခါမှ ထိုင် မကြည့်ဖူးဘူး။ ကျမတို့ နှစ်ယောက်ကြားက ရင်းနှီးမှုကို ကို ကိုယ်တိုင်ပဲ အဆင့်ဆင့် ဖန်တီးသွားခဲ့တာ။ ခုလို မူဗွီတွေ ဘာတွေ ဘာမှ မလိုခဲ့ပါဘူး။ ကို့ရင်ခွင်ထဲ ၀င်လိုက်တိုင်း လှိုက်ဖိုလာတဲ့ ကျမ နှလုံးသားက ကို ဘာလုပ်လုပ် လိုက်လျောဘို့ အသင့်ဖြစ်ပြီးသားလေ။ မော်နီတာမှာ ပေါ်နေတဲ့ ဇာတ်လမ်းကလည်း ခုလို ရုံးခန်းထဲမှာပဲ။ ကို.. တကယ့် လူဆိုးပဲ။ လက်စသတ်တော့ စောစောက ဒါတွေ ထိုင်ကြည့်နေတာကိုး။ သည်ကိစ္စက ကိုနဲ့ ကျမကြားမှာ မဆန်းပေမယ့် နေရာနဲ့ အချိန်က ကျမ အတွက် နည်းနည်း အနေခက်စေတာအမှန်ပါ။

“ထမင်း မစားဘူးလား ကိုရဲ့..”
“စားဘူး ကွာ..”
“အယ်.. ဗိုက် ဆာနေဦးမယ် လို့..”
“ဆာတာက တခြား.. ငြိမ်ငြိမ်နေ အဲ့တိုင်း..”
“အိုးး.. ကို့ ဘာလုပ်မို့..”
“ရှုးး… အသံ လုံးဝ မထွက်နဲ့..”

ကျမ အရမ်းကို ထူပူသွားတယ်။ ကိုက သူ့ကိုယ်ကို ကိုင်းပြီး ကျမ လည်တိုင်တွေကို နောက်ကနေ နမ်းနေပြီလေ။ ဒုက္ခပဲ.. ခုနေ တစ်ယောက်ယောက် ၀င်လာရင် ဒုက္ခပါပဲ ကိုရယ်။ ကျမ နားရွက် အောက်နားလေးကို လျှာဖျားနဲ့ ဖွဖွ လျှက်ပေးနေတယ်။ အဲ့လို လုပ်ရင် ကျမ ဘယ်လိုမှ မနေနိုင်တာလေ။ ရှေ့တည့်တည့်က မော်နီတာကိုလည်း မကြည့်ရဲတော့ဘူး။ အခန်းဝမှာ တစ်ယောက်ယောက်ပေါ်လာရင် ဆိုတဲ့ အသိရယ်၊ တရွရွ တက်လာတဲ့ ကြက်သီးမွေးညင်းတွေရယ်။ ပိုဆိုးတာက ကို့ လက်တွေပေါ့။ ကျမ ၀တ်ထားတဲ့ စကပ်ထမီက ချိတ်ကို ဖြုတ်ဘို့ ကြိုးစားနေတယ်။ ထမီက ခုခေတ်မိန်းကလေးတွေ ၀တ်နေကျ ချိတ်ထမီ ဆိုတာမျိုးတွေပေါ့။ ဘေးတစ်ဘက်ဆီက ချိတ်နှစ်ခုကို ဖြုတ်ချလိုက်ရင် ရိုးရိုး ထမီတစ်ထည်လို ကွင်းလုံး ပြေကျသွားတာ။ အခု ကို့လက်တွေက ကျွမ်းကျင်စွာနဲ့ပဲ ကျမ ထမီချိတ်တစ်ဘက်ကို ဖြုတ်ချလိုက်ပါလေရော။ ကျမက ဘယ်ဖုံးထမီကို ၀တ်လေ့ရှိတာလေ။ ဖုံးထားတဲ့ချိတ်ပြုတ်သွားတော့ ညာဘက်မှာ အတွင်းချိတ်တစ်ခု ရှိနေသေးတာ ကို သိသွားတယ်။ ပိတ်ရက်တွေ သူ့အိမ်မှာ တွေ့ဖြစ်ကျရင် ကျမက ပေါ့ပေါ့ပါးပါး ဂါဝန်လေးတွေနဲ့ ဆိုတော့ ကတ်သီးကတ်သတ်နိုင်တဲ့ ချိတ်ထမီကို ကို စိတ်ရှည်တော့ပုံ မရဘူး။

“ညိုလေး.. ဖြုတ်ပေးကွာ..”
“ကိုရယ်.. ဟိုမှာ တံခါးကြီးက ပွင့်လို့.. မတော် တစ်ယောက်ယောက်..”
“အာ..”

ဆတ်ကနဲ ထွက်သွားပြီး တံခါးတွေရော ပြတင်းကန့်လန့်ကာတွေရောအပြင် အခန်းမီးပါ ပိတ်ပစ်လိုက်ပါလေရော။ ကျမ သိလိုက်ပြီ။ ဒီနေ့အဖို့တော့ ကို့ကို အလိုလိုက်မှ ရတော့မှာ။ တကယ်တမ်း ကျမ က ကို့အတွက်ဆို အမြဲ အသင့်ပါ။ ဒါပေမယ့် လောလောဆယ် ကျမ စိတ်ထင့်နေတာက နေရာပေါ့။ ဒီနေရာက ကျမအတွက် ဘယ်လိုမှ သက်တောင့်သက်သာ မဖြစ်ဘူး။ အခန်းထဲမှာ အဲကွန်းက မြည်နေတဲ့ အသံ ခပ်တိုးတိုးကလွဲပြီး ကျမတို့ အသက်ရှုသံပဲ ရှိတော့တယ်။ အလင်း ဆိုလို့လည်း ကွန်ပြူတာ က ထွက်နေတဲ့ အလင်းပဲ ဆိုပါတော့။ တဖျတ်ဖျတ် လှုပ်နေတဲ့ အလင်းရောင် မှိန်မှိန်လေး ရှေ့မှာ ကို မျက်လုံးတွေ မွတ်သိပ် စူးရှနေတာ ကျမ မြင်နေရတယ်။ ကျမ သက်ပြင်းချဖို့ မရဲလောက်အောင် ကို့စိတ်တွေ ထန်နေရှာတာပဲ။ ဒီထက် အချိန်ဆွဲနေလို့ ၀န်ထမ်းတွေ ထမင်းစား ပြန်လာကြရင် ပြဿနာ။ ကျမ ခါးလေး မသိမသာ ဆန့်ပြီး ကျန်နေတဲ့ ချိတ်တစ်ဘက်ကို ဖြုတ်ပေးလိုက်မိပြီ။ နားထင် အောက်နားဆီက တရွရွ လှုပ်နှိုးနေတဲ့ အနမ်းစိုစိုတွေရဲ့ ဒဏ်ကိုလည်း ကျမ ဆက်ပြီး အံမတုနိုင်တော့ဘူးလေ။ ကိုရယ်.. သဘောပါ.. ကျမကို ကို ပိုင်တယ်လေ နော်..။

ကို့ အပြုံး နုနုလေးက လိုချင်တာရသွားလို့ ကျေနပ်သွားတဲ့ ကလေးတစ်ယောက်လိုပဲ။ ကျမ ပါးတွေ ဖိနမ်းပြီး ပင်တီလေးပေါ်ကနေ ညီမလေးကို ခပ်ရွရွ ပွတ်ပေးနေတော့တာ။ ကျမ တစ်ကိုယ်လုံး တသိမ့်သိမ့် တုန်လာပြီ။ နေရာတွေ အချိန်တွေကြောင့် ရှိန်နေတဲ့စိတ်က ခံနေပေမယ့် ကို့ အတွက် ကျမ အဆင်သင့်ဖြစ်လာတာ လုံးဝ အသေအချာပါပဲ။ ကို့လက်တွေ ပင်တီထဲ ထိုးသွင်းလိုက်တဲ့ အချိန်မှာ မဆီမဆိုင် ကျမ ရင်သားထိပ်သီးလေးတွေပါ တင်းပြီး ထောင်တက်လာသလို ခံစားလိုက်ရတယ်။ ခုလို ရုံးခန်းကြီးထဲမှာ မလွတ်မလပ် အ၀တ်အစားတွေနဲ့ ချစ်ဘို့ ဆိုတာ ကျမ စိတ်တောင် မကူးခဲ့ဖူးတဲ့ အနေအထေားလေ။ ကို တစ်ယောက် ဘာတွေ လုပ်နေမှန်း မသိတော့ပါဘူး။ ကျမကို ချိုင်းကြားကနေ ခပ်ဖြည်းဖြည်း ဆွဲထူတယ်။ လူက ထ လိုက်တော့ ထမီလေးက ကြမ်းပေါ် လျှောကနဲပေါ့။ ဒုက္ခပါပဲ နော်။ ခုနေများ.. တစ်ယောက်ယောက်.. အိုး ကို့.. တကယ်ကြီး.. ကြံကြံဖန်ဖန် ကိုရယ်.. ဘယ်လိုပုံစံကြီးလဲ..။

သူ့စားပွဲပေါ် ကျမ ကိုယ်အပေါ်ပိုင်းကို မှောက်ချလိုက်တာလေ။ ပြီးတော့ စောစောက ထိုင်ခဲ့တဲ့ ခုံပေါ်ကို ကျမ ခြေထောက်တစ်ဘက် ဆွဲ မ ပြီး တင်လိုက်တယ်။ ကျမ ဖြစ်သွားပုံက ကိုယ်အပေါ်ပိုင်း စားပွဲပေါ် မှောက်လျက်နဲ့ ခြေ တစ်ချောင်းက ထိုင်ခုံပေါ်ကားယားကြီး။ ကျမ ခန္ဓာကိုယ် အချိုးအစားက ရင်သားတွေ သိပ်ကြီး မထွားကျိုင်းလှပေမယ့် ခါးသေးသေးလေးနဲ့ တင်စိုင်အတော်လေး စွင့်ကားတာ။ ခုလို နေလိုက်ပုံမျိုးနဲ့ နောက်ဘက်ကနေ ကားထွက်နေလိုက်မယ့် ကျမ တင်စိုင်တွေ နည်းနည်းနောနောမှ ဟုတ်ပါ့မလား။ ကို နဲ့ ကျမ အကြိမ်ကြိမ် ချစ်ခဲ့ဖူးပေမယ့် ခုလို ပုံစံ ဆန်းဆန်းပြားပြားတွေ တကယ် မကြုံဖူးသေးဘူး။ ကို က ကျမ တင်သားတွေကို ပင်တီပေါ်ကနေ ခပ်ဖွဖွ ပွတ်နေတယ်။ ပင်တီကို ချွတ်မပစ်ဘဲ ဂွကြားနေရာလေးကို ဘေးဘက် ဆွဲ ဟ လိုက်တယ်။ ဒုက္ခပါပဲ ကိုရယ်.. ကျမ မနေတတ်တော့ဘူး။ 

ကျမ စိတ်လှုပ်ရှားနေဘို့ အချိန်ကြာကြာ မရလိုက်ပါဘူး။ ချစ်ဝတ်ရည်တွေနဲ့ ရွှဲအိုင်နေတဲ့ ပိပိလေးထဲ နွေးနေတဲ့ အတံကြီး ၀င်လာတာ နင့်ကနဲ ခံစားလိုက်ရတယ်။ တံခါးဝလေး လှပ်ရုံလှပ်ပြီး ချောင်းကြည့်နေတဲ့ ကျမ ညီမလေးခမျာ ဇွတ်တိုးဝင်လာတဲ့ လူဆိုးလေးရဲ့ တနင့်တပိုး ထိုးစစ်ကို ရင်ဆိုင်ရပြီပေါ့။ ကိုရယ်လေ.. အရင်လို အနမ်းတွေနဲ့ နှုးနှပ်ချော့မြှူတာတွေ ရွှေရင်မို့မို့ပေါ်က သီးလုံး ညိုဝါ၀ါလေးကို လျှာဖျားနဲ့ ကစားပေးတာတွေ ဘာတစ်ခုမှ မပါဘဲ ကျမကို အချစ်တွေ ကြမ်းနေလိုက်တာများ ခါတိုင်းနဲ့ မတူလောက်အောင်ပဲ။ ကို အရမ်းကြီး အလျှင်လိုနေမှန်း လှုပ်ရှားမှုတွေက သက်သေ ဖြစ်နေလေရဲ့။ ကို့ ရဲ့ အချစ်တမန်တော်လေးကလည်း အားအင်တွေ အပြည့်ပါပဲ။ ကျမ ပိပိလေးရဲ့ နှုတ်ခမ်းသားတွေ သူ့နောက်ကို အလိပ်လိုက် ပါသွားလိုက်၊ နင့်ကနဲ ပြန်ဝင်လာလိုက်နဲ့။ နောက်ကနေ ချစ်တဲ့ ပုံစံကြောင့်လား၊ ကျမ ပေါင်နှစ်ဘက်ကို အစွမ်းကုန် ဆွဲကားထားလို့ပဲလား၊ သိပ်ကြီး ဆာလောင်နေရှာတဲ့ ကို့လှုပ်ရှားမှုတွေကပဲ အလျှင်လိုနေလို့လား၊ ဘာကြောင့်မှန်း မသိပေမယ့် ဒီတစ်ခါ ကို့ အတံကြီး အရင်ထက် ရှည်နေသလိုပဲ။ ဟိုး တွင်းပိုင်းထိ တဒုတ်ဒုတ်နဲ့ ဆောင့်ချက်တွေအောက်မှာ ကျမ ခံစားချက်တွေ ထိပ်ဆုံးထိ မြင့်တက်လာလိုက်တာ နေရာတွေ၊ အချိန်တွေ၊ အ၀တ်အစားနဲ့ မလွတ်လပ်မှုတွေ၊ ဒီဖိစီးမှုတွေအောက် ရောက်နေတဲ့ကျမ စိတ်တွေ ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ နောက်ဆုံးတော့ ကျမလည်း ဟိုးအမြင့်ကို ကို နဲ့ အတူ ရောက်ခွင့်ရဘို့ တောင့်တလာမိတယ်။

ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကိုက မြတ်ပန်းကြာညို ဆိုတဲ့ ကျမရဲ့ ချစ်သူပဲ။ ကျမ ခင်ပွန်းလောင်းပဲ။ ကျမကို ပိုင်ဆိုင်တဲ့သူပဲလေ။ ကို တစ်ယောက်လုံး စိတ်ပါ လက်ပါ ဦးဆောင်နေတဲ့ ချစ်ပွဲမှာ ကျမက ဘာကို စိုးထိတ်နေရမှာလဲ။ အချစ်ရဲ့ အမြင့်ဆုံး အရသာကို အတူတူခံစားကြမယ့် ချစ်သူနှစ်ဦးကြားမှာ အချိန်တွေ နေရာတွေက အရေးကြီးလို့လား။ တကယ်ဆို ကျမကို စိတ်ရှိလက်ရှိ ချစ်နေတဲ့သူက ကျမ သိပ် မြတ်နိုးရတဲ့သူ ဖြစ်ဘို့ပဲ လိုတာပါ။ ကျမ ဘ၀တစ်ခုလုံး ပုံပေးဘို့ ထိုက်တန်တဲ့သူ ဖြစ်ဘို့ပဲ လိုတာပါ။ တစ်စစီလွင့်နေတဲ့ ကျမ အာရုံတွေ အကုန်လုံး တစ်နေရာတည်းကို ရောက်လာပြီ။ အောင့်မျက် ပြည့်သိပ်နေတဲ့ နေရာတစ်ခုလေ။ ကျမ အားရှိသလောက် ညှစ်ထားမိတယ်ထင်တယ်။ ကို့ အသက်ရှုသံတွေ အရမ်း ကျယ်လာပြီ။ ကျမ ကိုယ်ထဲ တိုးဝင်နေတဲ့ ကြွက်သားချောင်းကြီးလည်း အရမ်းကို မာတောင့်ပြီး ယားကျိကျိ ခံစားမှုက ကျမ ကိုယ်တွင်းကလီစာတွေအထိ လှိုက်တက်လာတော့တာပဲ။ ကျမလေ.. အဲ့ဒီ အတံကြီး ကျမ ကိုယ်ထဲက ထွက်မသွားအောင် အလုအယက် ဖမ်းဆုပ်ထားသလိုကို ညှစ်ထားမိတာ။ နောက်ဆုံးတော့ ကျမ စိုက်ထုတ်ထားသမျှ အားတွေရယ်၊ ကို့ ဆောင့်ချက်တွေရယ် တစ်ထပ်တည်းကျပြီး ကျမတို့ မျှော်လင့်နေတဲ့ နေရာတစ်ခုကို နှစ်ယောက်အတူ ရောက်သွားတယ်။

ပင်ပန်းသွားတဲ့ ကိုက ကျမ ကိုယ်ပေါ် မှောက်ချလိုက်ပြီး ကျမ ကုတ်ကို ဖွဖွလေး နမ်းနေတယ်။ ကျမ ကျောပေါ် လာကျနေတဲ့ ကို့ ရင်ခုန်သံတွေက ရထားတစ်စင်း မောင်းနေသလိုပဲ။ ခဏ နေတော့ ကို ပြန်ထ လိုက်တယ်။ တိုက်ပွဲ အောင်သွားတဲ့ စစ်သည်တော်လေးလည်း စစ်မြေပြင်ကနေ လှည့်ပြန်သွားပြီ။ ကျေနပ်နှစ်သိမ့်မှု အပြည့်နဲ့ပေါ့လေ။ ကျမလည်း စားပွဲပေါ် လက်ထောက်ပြီး ထ လိုက်တယ်။ ကိုက နောက်ကနေ ပွေ့ထားရင်း နမ်းလို့ ကောင်းနေတုန်း။ ကျမ နားနားကို သူ့နှုတ်ခမ်း ထိ ကပ်ပြီး လေသံလေးနဲ့ ဖွဖွလေး မေးတယ်လေ။ “ကောင်းလား ကလေးလေး.. နေခင်းကြောင်တောင်ကြီး ရုံးခန်းထဲမှာ လူအလစ် ချစ်ရတာလေ.. ဟီးးး..” ကျမ ခိကနဲ တစ်ချက်ရယ်ရင်း ကို့ ဗိုက်ကို တံတောင်နဲ့ တွတ်လိုက်တာပေါ့။ အဲ့တော့မှ ဦးလေးကြီး အစာအိမ်က ဂွီကနဲ အချက်ပေးသံ ထွက်လာပါလေရော။ ကျမတို့နှစ်ယောက်လုံး ခပ်တိုးတိုး ရယ်ဖြစ်ကြတယ်လေ။ တကယ်ပဲ ရင်ဖို ကြည်နူးရပါတယ် ကိုရယ်။

အောက်မှာ ပုံလျှက်ကျနေတဲ့ စကပ်ထမီလေးကို ကဗျာကသီ ကောက်ဝတ်ပြီး ကို့ အတွက် ထမင်းပြင်ပေးရတာပေါ့။ သန့်စင်ခန်းထဲ ၀င်သွားတဲ့ ကို ထွက်လာတော့ ထမင်းဝိုင်းလေးက အသင့်ဖြစ်နေပြီ။ ဇွန်းနဲ့ ခက်ရင်းကို နေရာချပေးနေတဲ့ ကျမလက်လေးတွေကို ကို ဆွဲယူပြီး နမ်းလိုက်တယ်။ ချစ်ရည်တွေ ရွှန်းလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ကျမ မျက်နှာကို ငေးရင်းလေ။ “ကျေးဇူးပါ ကလေးရယ်.. ကို အရမ်းချစ်တယ်..” လှိုက်လှိုက်လှဲလှဲ ပြောလိုက်တဲ့ ကို့ စကားလေးက ကျမ နှလုံးသားကို လေနုအေးလေး ဖြတ်တိုက်သွားသလို သိမ့်ကနဲ ငြိမ့်ကနဲ ပါပဲ။ “ညိုလေးဆီက ကို ယူမိနေတာတွေ များပြီ.. ကို့ ဘ၀ကြီး တစ်ခုလုံး ညို့ကို အပိုင် ပေးပါရစေတော့ကွာ နော်..” တစ်လုံးချင်းပြောလိုက်တဲ့ ကို့ အသံလေးက နှလုံးသားထဲက လှိုက်တက်လာမှန်း အရမ်းကို သိသာပါတယ်။ ကျမလည်း အကြည်လင်ဆုံး အပြုံးလေးနဲ့ ခေါင်းငြိမ့် ပြလိုက်တယ်။ ကို့ရင်ခွင်ထဲ ခေါင်းလေး ဝှေ့ပြီး ရင်ထဲကနေ ပဲ့တင်ထပ်အောင် ရေရွတ်မိတာပေါ့..

ကိုရယ်..
ကျမ အသွေးအသား..
ကျမ ခန္ဓာကိုယ်..
ကျမဘ၀ တစ်ခုလုံးက..
ကို့ တစ်ယောက်တည်း အတွက်ပါ..
ဆံစကနေ ခြေဖျားအထိ..
နောက်ဆုံး..
ကို အလိုရှိမယ် ဆိုရင်..
ကျမရဲ့ အသက်ရှုသံတွေအထိ..
ကို အပိုင် ယူပါ..
ကို တစ်ယောက်တည်းပဲ အပိုင် ယူပါ..
ယူပါ ကို…

<<<<< ပြီးပါပြီ >>>>>

No comments:

Post a Comment