Sunday, October 2, 2016

တစ္ဆေ တစ်ကောင်၏ ည



“ခုနစ်နာရီ ခွဲပြီ မင်းမင်း..”
“…..”
“မင်းမင်း.. ခုနစ်နာရီ..”
“အာ.. ကဲ ဟာ..”
ခွမ်းးးးးးးးး….
“ပလုတ်တုတ်..”
“ဟဲ့ဟဲ့.. ဘာတွေ ဖြစ်ကြ.. အယ် သမီးရယ်.. ဘာလို့ အဲ့လို လုပ်ရတာလဲ.. အော် ငါ့နှယ်.. ဒီကလေး..”
“မင်း ပြောထားတယ်လေ မေမေ.. ကွန်ပြူတာ မပိတ်မချင်း မင်း နားကို ဘယ်သူမှ မလာရဘူးလို့ ပြောထားတယ်လေ..”
“မင်းမင်း မကြားဘူးထင်လို့ အမ လာမိတာပါ ကလေးရယ်.. ဆေးသောက် နောက်ကျသွားမှာ စိုးလို့..”
“သိတယ်.. ဘယ်အချိန် ဘာလုပ်ရမယ်မှန်း သိနေသေးတယ်.. မင်း မရူးသေးဘူး.. အတိတ်လည်း မမေ့သေးဘူး.. ”
“ကဲကဲ.. အကွဲစတွေ သိမ်းလိုက် အပု.. မစူးအောင်လည်း ဂရုစိုက်ဦး.. သမီးလေး လာ.. ထမင်းစားရအောင်.. တော်ကြာ ဆေးသောက်ချိန်နဲ့ သိပ်ကပ်သွားမှာစိုးလို့..”


~~~~~MMMMM~~~~~

“အိုက် မပုတု တစ်စက်မှ စောက်ချိုးမပြေဘူး.. စိတ်တအားတိုတယ်.. တောက်..”
“အမလေး.. မြတ်စွာဘုရား.. ဘယ်လိုကြီး ပြောချလိုက်တာလဲ မင်းမင်းရယ်.. ကိုယ့်အနွံတာ ဒီလောက်ခံတဲ့သူအပေါ်မှာ စောက်တွေ စူးတွေနဲ့.. နေထိုင်မကောင်းရတဲ့ကြားထဲ နှုတ်မကြမ်းပါနဲ့လား.. သူ့ခမြာ သမီးကို အရမ်း ဂရုစိုက်တာပါကွယ်..”
“မင်း ပြောသမျှ သေချာ မှတ်မထားတာ ဂရုစိုက်တာလား.. မင်းကျ လူတိုင်း ပြောသမျှ ဂရုစိုက်ပေးနေရတယ်.. မှတ်ထားပေးနေရတယ်.. မလုပ်ချင်လည်း လုပ်နေရတယ်.. တကယ်ဆို မင်း မှတ်ထားပေးရတာတွေကမှ အများကြီးပါ မေမေရာ..”
“ကဲပါ ကွယ်.. အပုကို မေမေ ထပ်ပြောပါ့မယ် သမီးရယ် နော်.. ခုထက်ပို သတိထားခိုင်းပါ့မယ်.. စိတ်လျှော့ နော် သမီးလေး..”
“ပြောထား.. မဟုတ်ရင် နောက်ခါကျ လူကို ထိအောင် လုပ်ပစ်မယ်.. အလကား မိန်းမကြီး.. ခိုင်းလိုက်ရင်လည်း ဘာမှ မလုပ်ရသေးဘူး ဟိုဝေ့ ဒီပတ်နဲ့.. လည် နေတာက အရင်.. အာ့မို့ သူ့နံမည် မလှတင်ကနေ မပုတု ဖြစ်နေတာ..”
“ကြံကြံဖန်ဖန် သမီးရယ်.. ပြောပဲ ပြောတတ်တယ်.. ဟင်းဟင်း..”
“ဖေဖေ့ဆီ ဖုန်းဆက်ပေးဦး မေမေ.. မင်း သောက်နေကျ အသဲပုံဖန်ခွက်လေး ပြန်ဝယ်ခဲ့ပေးဘို့.. ဒီခါ များရီး ၀ယ်ခဲ့ဘို့ ပြောပေး.. ဒီပုံစံနဲ့ နောက်ထပ် ဘယ်နှလုံး ထပ်ခွဲရဦးမယ်မှန်း မသိဘူး..”
“အေးအေး.. မေမေ ပြောပေးမယ်နော်.. ခုတော့ ထမင်းစား.. ပြီးရင် ဆေးသောက်နောက်ကျသွားရင် အိပ်ရာဝင် နောက်ကျမယ် သမီးလေးရယ် နော်..”
“မီးနေသည်ဟင်းပဲ မှတ်လား မေမေ.. ဟို ယုန်စာတွေ မျောက်စာတွေ ပါသေးတယ်မှတ်လား..”
“ဟင်းးးး.. သမီးလေးရယ်..”

~~~~~MMMMM~~~~~

“ကုန်နိုင်သလောက်ပဲ စားမှာနော်.. မေမေ ထည့်ထားတာ များနေတယ်.. တစ်ဝက် ပြန်လျှော့မယ်..”
“အေးပါအေးပါ.. သမီး စားနိုင်သလောက် မေမေ လျှော့ပေးမယ်နော်..”
“သိပါတယ်.. အိုက် လျှော့မယ့်ဟာက မေမေ ပိုထည့်ထားတဲ့တစ်လုပ်စာမှန်း.. မင်း လျှော့ခိုင်းမယ်မှန်း သိလို့ မေမေ လျှော့စာ ပိုထည့်ထားတာမှတ်လား.. ကိုယ့်အမေအကြောင်းမှ မသိရင် ငွေလမင်း လူ မလုပ်တော့ဘူး..”
“ဟင်းဟင်း.. ဟုတ်လား.. မေမေ့သမီးလေးက လူမလုပ်ရင် ဘာလုပ်မယ် စိတ်ကူးလဲ..”
“မျောက် လုပ်မယ်လေ.. ခုလည်း မျောက်စာ စားနေရတာပဲ..”
“ယုန် ဆို.. အစောက ပြောတော့..”
“ယုန်ဟုတ်ဘူး.. ယုန်က သတ္တိနည်းတယ်.. ဘဘဆရာကြီးပြောတော့ မင်းမင်း သတ္တိ တအားကောင်း ဆို..”
“ဟုတ်ပါ့.. မေမေ့သမီးလေးက ကမ္ဘာပေါ်မှာ သတ္တိအကောင်းဆုံး သူရဲကောင်း..”
“သူရဲကောင်း မျောက်မင်းမင်း.. ဟာဟ.. မပုတု လာအုန်း.. ဒီဟင်းရည်ကြီး တစ်ဝက်လာကူသောက်ပေး.. အဲ့နား ခြေစုံရပ်ပြီး လည် မနေနဲ့ မြန်မြန်လာ..”
“လာလာ အပုရေ.. မဟုတ်ရင် ပန်းကန်ပြားပျံ ဟဲ့..”
“မေမေ နော်..”

~~~~~MMMMMM~~~~~

“လုပ်ပြန်ပြီတွေ့လား.. ဒီနေ့ နာနတ်စားမှာလို့ ပြောထားတာကို စတော်ဘယ်ရီကြီး ချထားတယ်.. နောက်တစ်ပန်းကန် ထပ်ခွဲမှနဲ့တူတယ်..”
“အယ်.. မဟုတ်ဘူး မင်းမင်း.. နာနတ် ကုန်နေလို့ ကလေးရဲ့.. စပျစ်နဲ့ စတော်ဘယ်ရီပဲ ကျန်လို့လေ.. အဲ့နှစ်မျိုးထဲက မင်းမင်း ပိုကြိုက်တာလေး အမ လုပ်ပေးထားတာ..”
“သိဘူး.. သွားလဲပေး.. စပျစ် စားမယ်..”
“အေးအေး.. အမ သွားယူပေးမယ်နော်..”


မပုတုတစ်ယောက် ကျမ တမင် ရစ်နေမှန်း သိသိနဲ့ သုတ်သုတ်လေး ထွက်သွားရှာတယ်။ ကျမ သူ့ကို စိတ်ဆိုးနေတာ မဟုတ်မှန်း သူကောင်းကောင်း သိပါတယ်။ မသိလည်း ကျမ သိပ် ဂရုမစိုက်တော့ဘူး။ ဒီအချိန်မှာ အားလုံးဆီက အကြင်နာတွေ ဂရုစိုက်မှုတွေအစား အမုန်းတွေ နာကြည်းမှုတွေပဲ ကျမ မျှော်နေမိတယ်ဆိုရင် ရှင်တို့ နားလည်နိုင်ပါ့မလား။ ဟုတ်တယ်။ တကယ်ပြောတာ။ ခုချိန်မှာ ကျမကို ၀ိုင်း မုန်းကြလေ ကျမ ပျော်လေပဲ။ ဒီအတွက် ကျမ အကြောင်းမရှိ အကြောင်းရှာပြီး သောင်းကျန်းပစ်တယ်။ ကျမရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ကျမကို အားလုံး စိတ်ကုန်သွားကြဘို့ပဲ။ ကျမ ရယ်စရာ ပြောလည်း သူတို့ ရယ်မှ မရယ်ကြတော့တာ။ ကျမ နေကောင်းပါတယ် ဆိုလည်း ယုံမှ မယုံကြတာ။ နောက်ဆုံး ပျင်းလို့ အိပ်ရာထဲ လှဲနေရင်တောင် ကျမနားမှာ ယောင်လည်လည်နဲ့ ကင်းစောင့်သလို စောင့်ကြည့်နေကြတာ။ ကျမမျက်နှာကို အရိပ်လိုကြည့်နေကြရတာ။ သူတို့အားလုံး ကျမကြောင့် အရမ်း စိတ် ပင်ပန်းနေပြီမှန်း ကျမ သိတာပေါ့။ ကျမ သူတို့ကို မပင်ပန်းစေချင်ဘူး။ ဒါပေမယ့် ဒီအတွက် ဘာမှလည်း ကျမ လုပ်မပေးနိုင်ဘူး။ ဒီတော့ သူတို့ကို အာရုံပြောင်းနိုင်ဘို့ ကျမ ကြိုးစားတယ်။ အလကားနေ ပြသနာရှာတယ်။ အော်တယ်။ ငေါက်တယ်။ ရစ်တယ်။ ကျမ အကြံ အောင်မြင်တယ်ပဲ ပြောရမလား။ ကျမ မျက်နှာကို ထိုင်ကြည့်ပြီး စိတ်ပူနေတဲ့သူတွေ ကျမကြောင့် အလုပ်များကုန်တယ်လေ။ ပင်ပန်းတာချင်းတူတူ စိတ်ပင်ပန်းတာထက်စာရင် လူပင်ပန်းတာက တော်သေးသလားလို့။

ကျမရှေ့က စားပွဲပေါ်မှာ နီညိုရောင် ဆေးရည် ပျစ်ပျစ်တွေ ထည့်ထားတဲ့ ကြွေခွက်လေးရယ်၊ ဆေးသောက်ပြီး ပြန်မအန်အောင် ငုံထားဘို့ သကြားလုံး ထည့်တဲ့ ပန်းကန်လေးရယ်။ ဒီနှစ်ခုကို တစ်နေ့ သုံးခါ ကျမ မြင်နေရတာ။ ငရဲမီးလို ပူလောင်နေတဲ့ ဆေးရည်တွေ ကျမ မြိုချနေရတာ။ လွန်ခဲ့တဲ့ ရက်ပေါင်း ၆၀ လောက်ကတော့ ဒီအရည်တွေ မြိုချလိုက် ပြန်အန်ထွက်လိုက်နဲ့ ကျမ လှိမ့်နေအောင် ခံရတာပေါ့။ ခုတော့ မတူတော့ဘူး။ အဲ့တုန်းက ငွေလမင်းဆိုတဲ့ ကျမက ယုန်လေးတစ်ကောင်လို အားပျော့တယ်လေ။ ကျမ ဘာလေးပဲ လုပ်လုပ် အားပေးမယ့်သူ ရှာတယ်။ မှီထားလို့ရမယ့် ပုခုံးတစ်ဘက်မရှိရင် မနေတတ်ဘူး။ အခုတော့ အဲ့လို မဟုတ်တော့ဘူး။ သိပ်မကြာခင် လျှောက်ရမယ့် လမ်းအတွက် ကျမ တကယ် အဆင်သင့် ဖြစ်နေပြီ။ ဘယ်လောက် ကြမ်းတဲ့ လမ်းဖြစ်ဖြစ်၊ ဘယ်သူတွေကိုပဲ ထားခဲ့ရ ထားခဲ့ရ၊ ဒီလမ်းကို ကျမ တစ်ယောက်တည်း ရအောင် လျှောက်မှာ။ အခုဆိုရင် ညဘက်တွေ တစ်ယောက်တည်း အိပ်တတ်နေပြီ။ အရင်လိုလည်း အမှောင်ကို မကြောက်တော့ဘူး။ နာမှာလည်း မကြောက်ဘူး။ ဘယ်သူ့ကိုမှ နှုတ်မဆက်လိုက်နိုင်မှာလည်း မကြောက်ဘူး။ ဟုတ်တယ်၊ ကျမ ဘာကိုမှ မကြောက်တော့ဘူး။

ဆေးသောက်ပြီး သကြားလုံးလေး ငုံရင်း ကျမ ရင်ထဲမှာ ငို ချင်လာတယ်။ ဒါက ဖြစ်နေကျပါ။ မဆန်းတော့ဘူး။ ဝေ့တက်လာတဲ့ မျက်ရည်တွေ မျက်တောင်နဲ့ ခတ်ထုတ်လိုက်တယ်။ အရာရာကို မြိုချပစ်နိုင်ပေမယ့် ဒီ ဝေဒနာ တစ်ခုကိုတော့ ကျမ တကယ် မတွန်းလှန်နိုင်သေးဘူး။ အထူးသဖြင့် ခုလို ညအိပ်ရာဝင်ချိန်နဲ့ မနက် မိုးလင်းလို့ မျက်စိနှစ်လုံး မပွင့်ခင် အချိန်ပေါ့။ ကျန်တဲ့ တနေကုန်ကတော့ အစောက ပြောသလို အိမ်ရှိလူကုန်ကို တခုပြီးတခု မရိုးရအောင် ပြသနာရှာ နေရလို့ တချို့ ကိစ္စတွေ ကျမ မေ့ထားနိုင်တယ်။ ဒါတောင်မှ နံရံက နာရီကို ကြည့်မိရင် ကျမ မျက်ရည် လည်ရသေးတယ်။ ဟိုအရင်တုန်းက ဒီလိုအချိန် ဆိုရင်.. ဆိုတဲ့ အတိတ်ကို တမ်းတတဲ့ အလွမ်းရယ်။ အခု ချိန်လောက်ဆိုရင်… ဆိုတဲ့ လက်ရှိအခြေနေကို မှန်းဆတဲ့ အတွေးရယ်ကြောင့်ပေါ့။ ဒါလည်း မခက်လှပါဘူး။ နာရီတွေ ဖြုတ်ခိုင်းလိုက်ရင် ပြီးသွားမှာပဲ။ ဟိုတစ်ရက်ကတောင် ကျမ အိပ်ခန်းထဲက မှန်တွေ ရှိသမျှ ဖြုတ်ခိုင်းပစ်လိုက်သေးတယ်။ ကိုယ့်ကိုယ်ကိုယ် မြင်နေရတာ မုန်းလွန်းလို့ပါ။ ပြူးကြောင်ကြောင် မျက်လုံးတွေနဲ့၊ နှုတ်ခမ်းက ဆွတ်ဆွတ်ဖြူ၊ ဘယ်လို ကြည့်ကြည့် တစ္ဆေတစ်ကောင်နဲ့ တူနေလို့။



ကုတင်ပေါ်တင်ပေးထားတဲ့ အိပ်ရာဝင် ၀တ်စုံလေး။ အဖြူခံပေါ်မှာ ခရမ်းရောင် ပန်းပွင့်နုတ်နုတ်လေးတွေနဲ့ အကျီလက်ရှည်နဲ့ ဘောင်းဘီရှည်ဝမ်းဆက်ရယ်၊ နောက်ပြီး ခေါင်းစွပ်လေးကလည်း ဒီပိတ်နဲ့ပဲ ချုပ်ထားတော့ ပြောရရင် ခေါင်းအစ ခြေအဆုံး ည၀တ်စုံ လှလှလေးပေါ့လေ။ ကျမရဲ့ ည၀တ်စုံလေးတွေတိုင်း သိပ် လှပါတယ်။ စိတ်ပျက်စရာ ကောင်းတာက ဘယ်လောက် လှအောင်ဝတ်ဝတ်၊ ဘယ်လိုမှ ကြည့်မကောင်းတော့တဲ့ ကျမ ခန္ဓာကိုယ်ပဲ။ မေမေနဲ့ မပုတု ကျမကို အိပ်ခန်းထဲ လိုက်ပို့ပြီး ပြန်ထွက်သွားကြတယ်။ ဒါ ကျမ ရဲ့ ဒုတိယ တောင်းဆိုချက်လေ။ တနေ့တာလုံး ကျမကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ကျမ ကောင်းကောင်း နေပေးတယ်။ အဲ့အတွက် ကျမရဲ့ ညအိပ်ချိန်တွေကိုတော့ ဘယ်သူမှ အနားလာတာ မကြိုက်ဘူးလို့ ကျမ ပြောထားတယ်။ လုံးဝ မထနိုင်တဲ့နေ့လောက်ကလွဲရင် ကျမရဲ့ ဝေယျာဝစ္စတွေ ဘယ်သူမှ လာမလုပ်ပေးရဘူး။ အထူးသဖြင့် ကျမ အ၀တ်စားလဲချိန်မှာ တစ်ယောက်ယောက် အနားရောက်လာတာ ကျမ အမုန်းဆုံးပဲ။

ကုတင်ဘေးမှာ ရပ်ရင်း ၀တ်ထားတဲ့ ဂါဝန်နဲ့ အတွင်းခံတွေကို ခပ်မြန်မြန်ပဲ ချွတ်ချလိုက်တယ်။ ကျမ ကိုယ်ပေါ်မှာ ဘာအ၀တ်အစားမှ မကျန်တော့ဘူး။ ကျန်နေတာတွေကတော့ ဗိုက်ပေါ်က အင်မတန် အကျည်းတန်တဲ့ ချုပ်ရိုးရာတွေပေါ့။ အရင်က အတော်လေး လှတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တဲ့ ခါးကျဉ်ကျဉ်လေး ပတ်လည်မှာ ပုံပျက်ပန်းပျက် ချုပ်ရိုးတွေဆိုတာ တကယ့်ကို ရွံစရာပဲ။ ကုတင်ပေါ်က အကျီကို လှမ်းအယူ၊ ပြတင်းမှန်မှာ ထင်နေတဲ့ ကျမ ပုံရိပ်ကို မမြင်ချင်ဘဲ မြင်လိုက်ရသေးတယ်။ ကျက်သရေ တုံးလိုက်တာ။ ပြတင်းပေါက်နား လျှောက်သွားလိုက်တယ်။ ကန့်လန့်ကာကို ဆုံးအောင် ပိတ်ပေးမသွားတဲ့ မပုတုကို မနက် မိုးလင်းတာနဲ့ ပြသနာရှာရမယ်လို့ တွေးလိုက်တယ်။ ကန့်လန့်ကာကြိုးကို ဆွဲ ပိတ်လိုက်တယ်။ ပြီးတော့မှ ကိုယ့်အတွေးကိုယ် မဲ့ပြုံး ပြုံးမိသေး။ မနက် မိုးလင်းရင် တဲ့.. ဟာဟ။ လွန်ခဲ့တဲ့ လ အနည်းငယ်ကတော့ မနက်မိုးလင်းတာနဲ့ တအိမ်လုံးမှာ ကျမ အသံ စာစာပေါ့။ ဘယ်သူ့ကို ဘယ်လို နောက်ရမလဲ၊ မီးဖိုထဲမှာ ဘာ စားစရာရှိမလဲ၊ ကျောင်းလစ်ပြီး ဘယ်သူတွေနဲ့ ဘာတွေ ၀ယ်စားရင် ကောင်းမလဲပေါ့။ ခုတော့ မိုးလင်းတာနဲ့ ဘယ်သူ့ကို ဘယ်နည်းနဲ့ ပြသနာရှာရမလဲ အရင်တွေးနေမိတယ်။ အမှန်တော့ အရင်ကတည်းကလည်း ကျမ အကျင့်က လူတကာကို ပြသနာ ရှာခဲ့တာပါပဲ။ ဒါပေမယ့် မတူတာက ဟိုးတုန်းက ကျမ ရစ်ရင်၊ ပြသနာရှာရင် လူတွေ ပျော်ကြတယ်။ ဒါလေးကိုပဲ ချစ်နေကြတာလေ။ ခုလည်း သူတို့ကတော့ ကျမကို ချစ်နေကြဆဲ ဖြစ်မှာပါ။ ကျမကိုယ် ကျမသာ မုန်းနေမိတာ။ ဟုတ်တယ်။ ခုနေ ရင်ထဲရှိတာ ပြော ဆိုရင် ကျမကိုယ်ကျမ သိပ်မုန်းတယ်လို့ပဲ ပြောမိမှာ။

ည၀တ်စုံလေးဆီက လာဗန်ဒါ အနံ့လေး မွှေးနေတယ်။ ကျမစိတ်ထဲ လုံးဝ မဆိုင်ဘူးလို့ ထင်ပေမယ့် လူအတော်များများ ပြောကြတာတော့ လာဗန်ဒါနံ့က စိတ်ကို တည်ငြိမ်စေတယ်၊ အိပ်ပျော်စေတယ်တဲ့။ ပြီးတော့ ကျမ ကုတင်ဘေးက စားပွဲပေါ်မှာ ပန်းသီးနီရဲရဲ ငါးလုံး တင်ထားသေးတယ်။ ည အိပ်ပျော်စေဘို့ ရနံ့ ကုထုံးတဲ့လေ။ ကျမကတော့ စိတ်မထင်ရင် ကောက်စားပစ်လိုက်တာပဲ။ ဒါပေမယ့် စားမကောင်းပါဘူး။ အရင်ကတော့ ကျမ အကြိုက်ဆုံး အစားအသောက်တွေထဲမှာ ပန်းသီးလည်း ပါတယ်။ ခုတော့ ဘာစားစား အရသာက တူတူပဲ ဖြစ်နေလို့ ကိုယ်ဘာကြိုက်မှန်း မမှတ်မိတော့ဘူး။ တကယ်က အစားအသောက်တင်မကပါဘူး။ ကျမ မမှတ်မိတော့တာတွေ တော်တော် များနေပြီ ပြောရမယ်။ တမင် မေ့ပစ်ရင်း၊ မေ့ဘို့ ကြိုးစားရင်း၊ မေ့ချင်ယောင် ဆောင်ရင်း တကယ် မေ့သွားခဲ့တာတွေထင်ပါရဲ့။ အားလုံးထဲမှာ ကျမ မေ့လို့ မရတာ တစ်ခုတော့ ရှိနေသေးတယ်။ ဟုတ်ပါတယ်။ ရှင်တို့ ထင်တဲ့အတိုင်းပဲ။ ဒီနေ့အထိ ကျမ မမေ့နိုင်တာ ချစ်သူရဲ့ ကိုယ်ငွေ့ပေါ့။ ဒီတစ်ခုကိုတော့ ကျမ သေတဲ့အထိ မေ့နိုင်မယ် မထင်ဘူး။ ဘာလို့ဆို သူ့ကို မေ့နိုင်ဘို့ ကြိုးစားကြည့်တိုင်း ကျမ ရင်တွေ ကွဲထွက်မတတ် နာကျင်ရလို့ပါ။



ချည်ကတ္တီပါစ အိအိလေးနဲ့ အိပ်ရာခင်းလုပ်ထားတဲ့ ကျမ အိပ်ရာလေးက အထိအတွေ့အားဖြင့် နူးညံ့နေပေမယ့် ခံစားချက်ကတော့ အေးစက်စက်နဲ့။ နံရံကပ် ဘီဒိုကြီးရဲ့ အောက်ဆုံး အံဝှက်ထဲမှာ လက်သုံးလုံးလောက်ပဲ ထူတဲ့ သေတ္တာဗူးလေး တစ်ခု ကျမ ဖွက်ထားတယ်။ ဗူးလေးက ငွေသားအစစ်နဲ့ လုပ်ထားတာ။ နံပါတ်နဲ့ ဖွင့်ရတဲ့ သော့ခလောက်လေးလည်း ခတ်ထားတယ်။ နံပါတ်က ကျမတို့နှစ်ယောက် ချစ်သူ ဖြစ်တဲ့နေ့။ တနည်းအားဖြင့် သူ ကျမကို ချစ်တယ်လို့ ပြောခဲ့တဲ့ နေ့ပေါ့။ သူ ကံဆိုးတဲ့နေ့လို့ ပြောရင်လည်း မမှားဘူး။ ဟုတ်တယ်လေ။ ချစ်သူတို့ရဲ့ ပန်းတိုင်က ဆုံဆည်းခြင်း မဟုတ်လား။ ဘယ်သောအခါမှ ဆုံဆည်းခွင့် ရနိုင်မှာ မဟုတ်တဲ့ ကျမလို မိန်းကလေးကို ချစ်မိတဲ့ သူ့လောက် ကံဆိုးတဲ့လူ လောကမှာ ရှိတောင် ရှိပါ့မလား။ တကယ်ဆို ကျမ သူ့ကို သိပ်ချစ်ပါတယ် ဆိုတာကလွဲပြီး ဘာမှ မပေးနိုင်ခဲ့ဘူး။ တကယ်က ကျမဘ၀ကို ဒီလိုကြီး နိဂုံးချုပ်ရမယ်လို့ ကြိုမသိခဲ့မိလို့ပါ။ သိခဲ့ရင် ကျမ သူ့နားကို သွားဖြစ်မှာ မဟုတ်ဘူး။ ကျမရဲ့ ဒုက္ခတွေ သူ့ကို ခံစားစေခဲ့မှာ မဟုတ်ဘူး။ ကျမ ဘယ်လိုမှ မရည်ရွယ်ခဲ့ပေမယ့် သူနဲ့ကျမ နှလုံးသားချင်း တစ်ထပ်တည်း ဖြစ်သွားခဲ့တယ်။ ဒါကြောင့်လည်း ကျမ နှလုံးသားမှာ ဖုံးလွှမ်းနေတဲ့ အဆိပ်သွေးတွေ သူ့ကို ကူးစက် ကုန်တာ။ ကျမကြောင့် သူ့နှလုံးသား အဆိပ် သင့်ခဲ့ရတာပါ။ ကျမရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမိတယ်။ သူ ကျမကို မမုန်းရက်ရင်တောင် မေ့ပစ်နိုင်ပါစေလို့လေ။

ဒါဆိုရင် ကျမကရော..။ ကျမကတော့ သူ့ကို မေ့ဘို့ ဘယ်သောအခါမျှ ကြိုးစားမှာ မဟုတ်ပါဘူး။ မအောင်မြင်နိုင်လို့ပါ။ ကျမ အတွက်က သူ့ကို မေ့ဘို့ ကြိုးစားရတာ အသက်ရှင်ဘို့ ကြိုးစားရတာထက် ခက်တယ်။ အသက်ရှင်ဘို့က ကျမကို နည်းမျိုးစုံနဲ့ ကူညီနေတဲ့သူတွေ ရှိတယ်။ အဲ့အထဲမှာ မေတ္တာတရားအပြည့်နဲ့ ဖွဲ့စည်းထားတဲ့ သူ့ အချစ်တွေလည်း ပါ ပါတယ်။ တကယ်တော့ သူ့ကို မေ့ဘို့ ကြိုးစားရင်း ကျမ သေသွားရမယ်ဆို သိပ်ကောင်းမှာ။ ဒါပေမယ့် လောကပါလ နတ်မင်းတွေက ကျမကို ဒီလို တကိုယ်ကောင်းဆန်ဘို့ ခွင့်မပြုဘူး ထင်ပါရဲ့။ ဒါမှမဟုတ် ကျမရဲ့ ၀ဋ်ကြွေးကပဲ ကျေချိန် မတန်သေးတာလားပေါ့လေ။ ဒီနေ့အထိတော့ ပုံပျက်ပန်းပျက်နဲ့ ကျမ အသက် ရှင်နေသေးတယ်။ အင်အား ချိနဲ့နေတဲ့ အပြုံးတစ်ခု တိတ်တဆိတ် ပြုံးမိရင်း ငွေဗူးလေးကို ဖွင့်လိုက်တယ်။ ဆေးလေးတွေတောင် တော်တော် လျော့နေပြီပဲ။ ဒီဆေးလေးတွေက ကျမ ရွေးချယ်လိုက်တဲ့ လမ်းအတွက် စီခင်းပေးထားတဲ့ ပန်းပွင့်လေးတွေပဲ ဆိုပါတော့။ ဟုတ်ပါတယ်။ အေးစက်မှောင်မဲ နေတဲ့ လမ်း၊ ဘယ်ဆီဘယ်ဝယ်ရယ်လို့ မှန်းဆ မရနိုင်တဲ့ လမ်းကို ပန်းခင်းလမ်း ဖြစ်အောင် ကျမ စီစဉ်ထားတာ။

ဒီဆေးတွေ အကုန် သောက်ချလိုက်ရင် ကျမ လိုချင်တဲ့ ခရီးကို ချက်ချင်း ရောက်သွားမှာ။ ဒါပေမယ့် ဒီလို လုပ်လို့ လုံးဝ မဖြစ်ဘူး။ ဘာလို့လဲ ဆိုတာကိုတော့ အထွေထူး ပြောနေစရာ မလိုဘူး ထင်ပါတယ်။ နောက်ဆုံး အနေနဲ့ အများ ဆန္ဒကို ကျမ လိုက်လျောရမယ်။ သူ အပါအ၀င် မိသားစု အားလုံး အတွက် ဘယ်လို ပုံစံနဲ့ပဲဖြစ်ဖြစ် ကျမ ရှိနေပေးရဦးမယ်လေ။ အကုန်လုံးက ကျမရဲ့ ကံကြမ္မာကို အံတုဘို့ ကြိုးစားနေကြတဲ့အချိန် ကျမက ဒီလို လွယ်လွယ်နဲ့ ထွက်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ တကယ်က ကျမအတွက် ခုလိုမျိုး ဝေဒနာတွေ တစ်ပုံတစ်ပင်နဲ့ နေနေရတာ အများကြီး ပို ခက်ပါတယ်။ ဒါကြောင့်လည်း ဒီနည်းကို ကျမ ရွေးဖြစ်တာ။ ဒီဆေးလေးတွေက ကျမ ကိုယ်ထဲက နာကျင်မှုတွေကို လျော့ချပေးတယ်။ ဝေဒနာတွေနဲ့ ဝေးတဲ့အရပ်ကို ခေါ်သွားပေးတယ်။ ကျမ အရမ်း သွားချင်နေတဲ့ နေရာလေး၊ တကယ်က မသွားချင်လည်း သွားကို သွားရမယ့် နေရာလေး ဆိုပါတော့။ တနေ့တော့ အဲဒီနေရာလေးကို ကျမ အပြီးတိုင် ရောက်သွားခွင့်ရမယ်လို့ ကျမ ယုံကြည်ထားတယ်။



ဆေးတစ်လုံး ပါးစပ်ထဲ ခပ်သွက်သွက် ထည့်ပြီး ဗူးလေးကို အရင် သိမ်းလိုက်တယ်။ ပြီးတော့မှ ရေတစ်ခွက်နဲ့ ငုံထားတဲ့ဆေးကို မျှောချ။ အိပ်ရာထဲ လှဲချလိုက်တဲ့အချိန်လေးက ကျမအတွက် ၁၀၀ ရာခိုင်နှုန်းပြည့် ကိုယ်ပိုင် အချိန်ပါပဲ။ Bed switch လေးနှိပ်ပြီး ညမီး ပြောင်းဖွင့်လိုက်တယ်။ ပြာလဲ့လဲ့ အလင်းရောင်လေးက လပြည့်ညရဲ့ အလင်းရောင်အတိုင်းပဲ။ ခြေရင်းဘက်နံရံထောင့်မှာ အခန်းထဲကို ရေငွေ့ လွှတ်ပေးနေတဲ့ စက်လေး။ အစောက ဆေးရဲ့ အရှိန်ကြောင့် ကျမ မျက်လုံးတွေ လေးလံ လာတယ်။ စက်လေးကနေ ထွက်နေတဲ့ အငွေ့လေးတွေထဲမှာ လူတစ်ယောက်ကို မြင်နေရတယ်။ သူ ရောက်လာတော့မယ်။ သူ့ကို ကျမ အလှဆုံး အပြုံးနဲ့ ကြိုဆိုလိုက်တယ်။ ကျမတို့ ညတိုင်း တွေ့ဖြစ်ကြတယ်။ နူးညံ့တဲ့ ချစ်ခြင်းတွေနဲ့ ချစ်ကြတယ်။ ဒီလို အချိန်တိုင်းမှာ ကျမ နှလုံးသားက လွန်ခဲ့တဲ့ လ အနည်းငယ်ကလို အကောင်းအတိုင်းပဲ။ ဆိုလိုတာက ခု နောက်ပိုင်း ရက်တွေလို မာကြော ခက်ထန်မနေဘူးလို့ ပြောတာပါ။ ကျမ ကိုယ်ထဲမှာ တမင်လုပ်ယူထားတဲ့ အလိုမကျမှုတွေ၊ မြင်သမျှ လူကို အပြစ်ရှာတတ်တဲ့ စရိုက်အသစ်တွေ ရှိမနေဘူး။ သူ့ တစ်ယောက်ကိုတော့ ကျမ ကိုယ်ပိုင် နှလုံးသား အစစ်နဲ့ ဆက်ဆံတယ်။ တကယ်တော့ အဲဒါကိုက သူ ကံဆိုးရှာတာပါ။ သူ့လက်ထဲ ထည့်ထားမိတဲ့ ကျမ နှလုံးသားကဖြင့် အဆိပ်သွေးတွေကြောင့် ပုပ်ပွ စုတ်ပြတ်နေပြီပဲဟာ။

ကျမ မျက်လုံးလေး မှိတ်လိုက်တဲ့ အချိန်မှာ ကုတင်က သိမ့်ကနဲ လှုပ်သွားတယ်။ ပြီးတော့ နွေးထွေးတဲ့ အထိတွေ့တစ်ခုက ကျမ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားတယ်။ သူ့ ကိုယ်ငွေ့လေ။ ချစ်ခြင်းမေတ္တာတွေနဲ့ ချစ်သူရဲ့ ကိုယ်ငွေ့ပေါ့။ နူးညံ့တဲ့ လက်ချောင်းလေးတွေ ကျမ နှဖူးပေါ် ရောက်လာတယ်။ ဆံစတွေကို ဖွဖွလေး သပ်တင်ပေးနေတယ်။ ပြီးတော့ ကျမ နှဖူးလေးကို ဖိကပ်ပြီး ရှိုက်နမ်းလိုက်တဲ့ နှုတ်ခမ်းရဲ့ အထိအတွေ့။ ရှည်လျားလှတဲ့ အနမ်းပေမယ့် ကျမအတွက် မတင်းတိမ်နိုင်လောက်အောင် မက်မောစရာ ကောင်းလွန်းနေတယ်။ ကျမ နှာတံလေး တလျှောက်ပေါ်ကို သူ ရှုထုတ်နေတဲ့ ပင့်သက် ဖွဖွလေးတွေ ရောက်လာပြီ။ ကျမရင်တွေလည်း ကြည်နူးမှုကြောင့် သိမ့်သိမ့် တုန်နေပြီ။ တကိုယ်လုံးက သွေးကြောတွေ စမ်းရေအေးလို ညင်ညင်သာသာ စီးဆင်းနေကြတယ်။

ကျမ နှာသီးထိပ်လုံးလုံးလေးကို သူ နမ်းနေတယ်။ ကျမတို့ နှစ်ယောက်ရဲ့ ၀င်သက် ထွက်သက်တွေ ခွဲခြားမရအောင် တစ်ထပ်တည်း ကျနေပြီ။ နွေး လာတဲ့ ကျမ နှုတ်ခမ်းလေးကို သူ ငုံလိုက်တယ်။ ဖွဖွ လေး တစ်ချက် စုပ် နမ်းလိုက်တဲ့အချိန်မှာ ကျမ ကိုယ်ထဲ လှိုက်ကနဲ နွေး ဖြာ သွားတယ်။ အေးစက် ခြောက်သွေ့ နေတဲ့ ကျမ နှုတ်ခမ်းတွေ သူ့အနမ်းကြောင့် စိုနွေး သွားရပြီ။ နှုတ်ခမ်း နှစ်မြွှာကြားကို ရောက်လာတဲ့ သူ့ လျှာဖျားရဲ့ လှုပ်ရှားမှုက အရမ်းကို ညင်သာလွန်းတယ်။ နွေး နေတဲ့ လျှာဖျားလေးကို ကျမ ဖြည်းဖြည်းချင်း စုပ်နေမိတယ်။ လှိုင်းထလာတဲ့ ရင်ခုန်သံကြောင့် ကျမ အသက်ရှုနှုန်းတွေ မြန်လာရတယ်။ ကျမ ပါးပြင်ကို သူ့လက်လေးနဲ့ ဖွဖွ သပ်ပေးပြီး အနမ်းတွေ ရုတ်သိမ်း သွားပြီ။ ကျမရဲ့ ခံနိုင်ရည် လစ်မစ်ကို သူ သိတယ်လေ။ ဒီအခြေနေမှာ သူ့ အနမ်းတွေ ဆက်ပေးနေရင် ကျမ မော လာတော့မယ်မှန်း သူ သိတယ်။ သူက ကျမစိတ်နဲ့ ကျမဘ၀ အကြောင်းကို ကျမ ကိုယ်တိုင်ထက် ပိုသိတဲ့သူပါ။

အသက်ပြင်းပြင်း ရှုနေတဲ့ ကျမ ပါးလေးကို သူ့ပါးနဲ့ ပွတ်ပေးနေတယ်။ ညင်သာလွန်းတဲ့ သူ့ အထိအတွေ့တွေအောက်မှာ ကျမ အတိုင်းမသိ ကြည်နူးမိတယ်။ ကျမ နားရွက် ၀ိုင်းဝိုင်းလေးကို သူ ငုံလိုက်တယ်။ နားတွင်းဝကို လျှာဖျားလေး နဲ့ ကလိ လိုက်တဲ့အချိန် ကျမ ကိုယ်လေး တွန့်ကနဲ ဖြစ်သွားတယ်။ သူ့ဆီက “ဟဟ…” ဆိုတဲ့ ရယ်သံ သဲ့သဲ့လေး ကြားလိုက်ရတယ်။ ကျမလည်း နှုတ်ခမ်းလေး ဖိကိုက်ရင်း ပြုံးမိတာပေါ့။ နားရွက်ကို ထိရင် ကျမ ယားတတ်မှန်း သိလို့ သူအမြဲ အဲ့လို ကျီစယ်နေကျလေ။ လက်မောင်းမှာ သီးထလာတဲ့ ကြက်သီးဖုတွေကို သူ့လက်နဲ့ ဖွဖွ သပ်ပေးနေပြန်တယ်။ ကျမ ကိုယ်လေး လွန့်လိုက်မိတယ်။ သူ့မေးဖျားအောက်ကို ခေါင်းတိုးဝင်လိုက်တယ်။ သူ့လည်တိုင်ပေါ် ဖြတ်တိုက်နေတဲ့ ကျမ ထွက်သက်တွေရဲ့ လေတိုက်နှုန်းကို သူ ကောင်းကောင်း မှန်းဆနိုင်တယ်။ ကျမ အသွေးအသားတွေကို အကောင်းဆုံး ချော့မြှူပေးဘို့ အချိန်ရောက်ပြီမှန်း သူ ကောင်းကောင်းသိတယ်။ ကျမ ရင်ထဲက ကြည်နူး ပီတိ အဆီအနှစ်တွေက ၀ါဂွမ်းပုံလေးလို နူးညံ့တဲ့ ကျမ ကိုယ်တွင်း နေရာတခုကို ရွှဲအိ စိုလူး စေခဲ့ပြီ။



ကျမ ကိုယ်ပေါ် အုပ်မိုးပြီး အနမ်းတွေ ပေးနေတဲ့ သူ။ သူ ကိုယ်တိုင်ကတော့ ရင်ခုန်သံ လိုအင်တိုင်းကို စီးချက် ညှိနေရရှာမှာပါ။ ကျမဘက်က လက်ခံနိုင်တဲ့ အတိုင်းအတာ လွန်မသွားအောင် သူ အမြဲ ထိန်းရရှာတယ်။ ဒါကြောင့်လည်း ကျမ သူ့ကို ခုလို တွယ်ကပ်နေမိတာအတွက် အားနာမိတာ။ နောင်တတွေ ရမိတာပါ။ တကယ်ဆို ကျမ သူ့ကို အကောင်းဆုံးတွေပဲ ပေးချင်တာ။ ခုတော့ ကျမက အယူသက်သက် ဖြစ်ပြီးရင်း ဖြစ်နေပြီ။ ကျမကိုယ်ကျမ သိပါတယ်။ ကျမက တစ္ဆေတစ်ကောင်၊ ကိုယ့်အတ္တကိုယ် ၀ဋ်ကြွေး ဆပ်နေရတဲ့ တစ္ဆေတစ်ကောင်ပါ။ တွေးရင်း ကျလုလု ဖြစ်လာတဲ့ မျက်ရည်တွေကို သူ့အနမ်းတွေက အနိုင်ယူသွားပြန်တယ်။ ကြင်နာယုယမှု အပြည့်နဲ့ အနမ်းချိုချိုတွေက ကျမကို ဘယ်တော့မှ မငိုရဘူးလို့ အမိန့် ပေးနေသလိုပဲ။

ရင်အုံတစ်ဘက်စီကို သူ့ ပါးပြင်နဲ့ ဝေ့ရင်း ၀ိုက်ရင်း ပွတ်သပ်နေတယ်။ ထူပြည့်ပြည့် သူ့ နှုတ်ခမ်းတွေက တောင်ပူစာထိပ်က ဘုသီးလေးကို တစ်ချက်တစ်ချက် ခလုတ်တိုက် သွားတယ်။ ခလုတ်တိုက်တာက သူ ဆိုပေမယ့် တကယ်တမ်း ချော်လဲ လုလု ဖြစ်လာတာက ကျမ အသွေးအသားတွေပါ။ သူ့ ကျောပြင်ကို ကျမ အားကိုးတကြီး ဖက်တွယ် ထားမိတယ်။ ကျမ လက်သည်းတွေ သူ့ကျောထဲ နစ်နေလောက်ပြီ။ ဒါပေမယ့် သူ နာမယ်တော့ မထင်ဘူး။ ဘာလို့ဆို ကျမမှာ ပုံသွင်းထားတဲ့ လက်သည်း ချွန်ချွန်လေးတွေ မရှိတော့ဘူးလေ။ သပ်သပ်ရပ်ရပ် ညှပ်ထားတဲ့ လက်သည်း တုံးတိလေးတွေက သူ့ အရေပြားကို ပေါက်ထွက် လောက်အောင် ဒုက္ခ မပေးနိုင်တော့ပါဘူး။ ဒီအတွက်တော့ ကျမ ကျေနပ်မိတယ်။ သူ့ကို မနာ စေချင်ဘူး။ ကျမကြောင့် သူ နာကျင်သွားရမှာ ကျမ မလိုလားဆုံးပါ။ ဒါပေမယ့် ကျမ သူ့ နှလုံးသားကိုတော့ ဒီနေ့အထိ ဒဏ်ရာတွေ ပေးနေမိတုန်း။ ကျမ လုပ်ရပ်တွေက ဆိုးရွားလွန်းနေပြီမှန်း သိပေမယ့် ရပ်တန်းက ရပ်ဘို့ ဘယ်လိုမှ မတတ်နိုင်တာ ဆိုးလွန်းတယ်။ ကျမ ရင်သားအထက်က အနမ်းတွေကို သူ ဖြည်းဖြည်းချင်း အရှိန်လျှော့ပြီး ရပ်လိုက်တယ်။ နှုတ်ခမ်းတွေ ပေါ် ပြန်ရောက်လာတဲ့ အနမ်း ချိုချိုတွေနဲ့ ခါးပေါ်ကို မြွေတစ်ကောင်လို လျှောဆင်းလာတဲ့ သူ့ လက်တွေက ကျမရင်ထဲက နောင်တ အတွေးတွေကို ဖြတ်တောက် ပစ်လိုက်ပြန်တယ်။

သူ့ ကိုယ်ကို အောက်ဘက် လျှောဆင်းလိုက်တယ်။ ကျမ ရင်သားရဲ့ ထိပ်သီးလုံးလေးတွေက သူ့ ဗိုက်တလျှောက်ပေါ်မှာ မမြင်နိုင်တဲ့ ပြိုင်မျဉ်း နှစ်ခု ဖြစ်စေခဲ့ပြီ။ အဲ့ဒီ မျဉ်းနှစ်ကြောင်း ဆုံဆည်း မသွားပေမယ့် သူနဲ့ ကျမ ရင်သား ထိပ်သီးလေးတွေ ဆုံ သွားကြတယ်။ ကိုယ်ကို ခပ်ဖြည်းဖြည်း လူးလွန့်ပြီး သီးလုံးလေး နှစ်စုံကို မထိတထိ ပွတ်ဆွဲ ဆော့နေပြန်တယ်။ မာတောင်လာတဲ့ ကျမရဲ့ ထိပ်သီးလေးနှစ်ခုနဲ့ သူ့ ဆီက ထွက်တယ် ဆိုရုံ နို့သီးလုံး ပိစိလေးတွေ။ သူတို့ စုံတွဲ နှစ်တွဲရဲ့ တန်ဂို အကကို ကျမ နှလုံးသားက ဂီတသံနဲ့ အားဖြည့်ပေးနေရသလိုပဲ။ ကျမ ပေါင်တံ တစ်ဘက်ကို သူ အသာလေး ဆွဲ မ ယူတယ်။ ပေါင်တွင်းသားတွေကို ပွတ်သပ်ပေးနေတဲ့ သူ့ လက်တွေက ဆင်ရိုင်းတစ်ကောင်ကို ယဉ်ပါးအောင် ချော့မြှူနေတဲ့ ဦးစီး တစ်ယောက်လိုပဲ။ ပြင်းထန်ပေါက်ကွဲ လုလု ဖြစ်လာတဲ့ ကျမ အာသီသတွေလည်း အလမ္မာယ် ဆရာရှေ့မှ ခပ်ငြိမ့်ငြိမ့် ယိမ်းကနေတဲ့ မြွေတစ်ကောင်လို ဖြစ်သွားတယ်။ သူ့ရဲ့ ကျွမ်းကျင် ပိုင်နိုင်မှုက ကျမ ဆန္ဒတွေကို ရပ်သွားအောင် လုပ်ပစ်တာမျိုး မဟုတ်ဘူး။ ကျမ ခန္ဓာကိုယ်က မလိုက်နိုင်တဲ့ အရှိန်မျိုးထိ တက်မလာအောင် သူ ကောင်းကောင်း ထိန်းနိုင်တယ်။ သူက ကျမအတွက်တော့ အစွမ်း ထက်လွန်းတဲ့ အချစ် မှော်ဆရာပါ။

ဆီလူး အိစိုနေတဲ့ ကျမရဲ့ ၀ါဂွမ်းပုံလေးထဲကို ကြွက်သားစိုင်တစ်ခု တုံးလုံး လာ လှဲနေတယ်။ ဖြည်းဖြည်းချင်း လူးလွန့် ပေးနေတဲ့ ကြွက်သားချောင်းကြီးက ဗလ ကောင်းလွန်းပေမယ့် ခန္ဓာကိုယ်နဲ့ မလိုက်အောင် နူးညံ့သိမ်မွေ့လွန်းတယ်။ သူ့ ညီတော်မောင်ကို အကြင်နာကြီးတဲ့ လူထွားကြီးလို့ ကျမ နံမည်ပေးထားတယ်လေ။ သူ့ကျောကို ဖက်ထားတဲ့ ကျမလက်တွေကို ဖြည်းဖြည်းချင်း ဆွဲဖယ်တယ်။ လက်ဝါးချင်း ကပ်ပြီး လက်ချောင်းလေးတွေချင်း ယှက်လိုက်တယ်။ ကျမ ကိုယ်အောက်ပိုင်းကို ဖြည်းဖြည်းလေး ဖိချတယ်။ တောင့်တင်းသန်မာတဲ့ သူ့ပေါင်တံကြီးတွေက ကျမ ပေါင်နှစ်ဘက်ကို အလိုက်သင့် တွန်းဖယ်လိုက်တာလေ။ သူ့လက်တွေကို ကျမ တင်းကြပ်နေအောင် ဆုပ်ကိုင် ထားမိတယ်။ ကျမရဲ့ အာရုံတွေကတော့ လည်တိုင်တွေပေါ် အဆက်မပြတ် ကျလာနေတဲ့ အနမ်းနုနုတွေနဲ့ ၀ါဂွမ်းပုံထဲကို တအိအိ တိုးဝင်နေတဲ့ ကိုလူထွားကြီး ဆီမှာ တလှည့်စီ။ သူ့ လှုပ်ရှားမှုက ကျမ ကိုယ်လေးကို ကုတင် ခေါင်းရင်းဘက်ဆီ တစ်ချက်ချင်း ညင်ညင်သာသာ ပင့်တင်ပေးနေတယ်။ တိုးသဲ့သဲ့ ညည်းသံလေးတွေနဲ့ ကျမ လူးလွန့်နေမိတယ်။ ပဉ္စလက် ဆန်လွန်းတဲ့ သူ့ အထိအတွေ့ အောက်မှာ ကျမ ခံစားချက်တွေက ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး။ ခဏကြာတော့ ကျမ ခံစားမှုတွေ အမြင့်ဆုံး ရောက်လာပြီ။ ဒီလို အချိန်မှာ ကျမ အမြဲ သတိလက်လွတ် ဖြစ်တတ်ပေမယ့် သူကတော့ သတိ သိပ်ကြီးတယ်။ ကျမ မျက်နှာကို အရိပ်လို ကြည့်ပြီး ရမ္မက်ရဲ့ တမ်ပိုတွေကို သူ ထိန်းပေးနေကျလေ။

ကျမနံမည်ကို တိုးတိုးလေး ခေါ်ပေးနေတယ်။ မျက်လုံးတွေ မှိတ်ထားခွင့် မပြုဘူး။ ကျမ မျက်လုံးမှိတ်ထားရင် သူ့ လက်ချောင်းလေးတွေ ကျမ မျက်ခုံးပေါ် ဖွဖွလေး ရောက်လာတတ်တယ်။ ကျမ ပါးကို လက်ဝါးနဲ့ ပွတ်ပြီး အောက်ပိုင်းက လှုပ်ရှားမှုတွေကို ဖြည်းဖြည်းချင်း အရှိန် လျှော့ချတယ်။ ကျမ မျက်စိ ဖွင့်ကြည့်မှ သူ့ လှုပ်ရှားမှုကို ပြန် စ တယ်။ သူ့ကို စိုက်ကြည့်နေရမယ် လို့လည်း တဖွဖွ သတိ ပေးတတ်သေးတယ်။ သူ ကိုယ်တိုင်လည်း ကျမ မျက်လုံးတွေကို လုံးဝ အလွတ်မပေးတော့ဘူး။ ကျမ နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်လာတယ်။ သူ့လက်ကို တင်းသထက်တင်းအောင် ဆုပ်ထားမိတယ်။ သူ့မျက်နှာကိုပဲ ကြည့်နေရတယ်။ ကျမ နှုတ်ခမ်းလေး ကိုက်ထားမိတယ်။ ညည်းသံသဲ့သဲ့ ထုတ်လွှတ်နေရင်း ခေါင်းဆတ်ဆတ် ငြိမ့်ပြနေမိတယ်။ စာအုပ်တွေထဲမှာ ဖတ်ရသလို အားစိုက်ပြီး ညှစ်ပေးထားတာတို့၊ ခါးလေးကော့၊ တင်လေး အသာကြွပြီး သူ့အတွက် ပါရမီဖြည့်ပေးတာတို့၊ အဲ့လိုမျိုး လက်ရည်ညီ ချစ်ပွဲတစ်ခုအတွက် မရှိမဖြစ် လိုအပ်တဲ့ မိန်းမတစ်ယောက်ရဲ့ တုန့်ပြန်မှုတွေ ကျမ ဘာမှ လုပ်မပေးနိုင်ဘူး။ ကျမ ကြိုးစားကြည့်ပေမယ့် သူက လုံးဝ ခွင့်မပြုခဲ့ဘူးလေ။ ဒီလိုနဲ့ပဲ ဟိုး အမြင့်က မိုးတိမ်တွေပေါ် သူ ကျမကို ပွေ့ချီ ခေါ်သွားပေးခဲ့တယ်။ အရှိန်ပြင်းပြင်းနဲ့ မြောက်တက်သွားတာမျိုး မဟုတ်ပါဘူး။ ၀ုန်းကနဲလည်း ပြန်ပြုတ်မကျပါဘူး။ လေညင်းသွဲ့သွဲ့ထဲမှာ လွင့်မြော ပါနေတဲ့ ၀ါဂွမ်းစလေး တစ်ခုလို ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး။ ကျမ အသက်ရှုသံတွေ ပုံမှန် ငြိမ်သက်သွားခဲ့ပြီ။ နွေးထွေးတဲ့ သူ့ ကိုယ်ငွေ့ကတော့ ကျမကို ပွေ့ထားဆဲပါပဲ။



အားလုံး ငြိမ်သက်သွားတဲ့အချိန်မှာ စုံမှိတ်ထားတဲ့ ကျမ မျက်လုံးတွေ ဖွင့်ကြည့်ချင်လာတယ်။ အိပ်မပျော်မချင်း သူ့ မျက်နှာကို ငေးကြည့် နေချင်တယ်။ သူ့ရင်ခွင်ထဲမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်ချင်တယ်။ သူ့မျက်နှာကို မြင်ခွင့်ရတိုင်း ကျမ ရင်ထဲမှာ လုံခြုံနွေးထွေးမှုကို ခံစားရစမြဲပါ။ သူ့ အပြုံးက ကျမကို သတ္တိ ခွန်အားတွေ ပေးတယ်။ ကျမရဲ့ ကြောက်စိတ်တွေကို ပျောက်စေတယ်။ ဝေဒနာတွေ သက်သာစေတယ်။ သူ့လက်တွေကို ကိုင်ထားခွင့် ရနေသမျှ ကျမ ဘာကိုမှ မကြောက်ဘူး။ ဒါပေမယ့် ခုချိန်မှာ ကျမ..။ ကျမ သိတယ်။ စိတ်ထဲမှာ သိနေတယ်။ ဒီအခန်းထဲမှာ ကျမကလွဲပြီး ဘယ်သူမှ ရှိမနေမှန်းလေ။

ကျမ မျက်လုံး ဖွင့်ကြည့်ဘို့ မကြိုးစားပါဘူး။ ပြာလဲ့လဲ့ မီးရောင်အောက်မှာ တွဲလောင်းကျနေတဲ့ ပြတင်းကန့်လန့်ကာတွေ။ တိတ်ဆိတ်နေတဲ့ အိပ်ခန်းကြီးရဲ့ နံရံတွေ။ အဲကွန်းက မီးလုံးစိမ်းစိမ်းကြီး နှစ်ခု။ ဒါတွေအားလုံးကို ကျမ အရမ်း ကြောက်တယ်။ အဲ့နံရံလေးဘက်က ကြာကြာ စိုက်ကြည့်ရင် ရှေ့ကို တိုးတိုးလာကြတာ။ မျက်လုံး ဖွင့်လိုက်တာနဲ့ အရင်ဆုံး မြင်ရမယ့် မျက်နှာကျက် ကြီးကလည်း ချာလည်လည်နေမှာ။ တခါတလေဆို လူရိုင်းကားထဲကလို ဗုံသံတွေ ကျမ ကြားရတတ်သေးတယ်။ ဒါ ငါ့ရဲ့ နှလုံး အစုတ်ပလုတ်က စည်းမရှိကမ်းမရှိ ခုန်ချင်တိုင်း ခုန်နေတာလို့ ကောင်းကောင်း သိပေမယ့် အဲ့ အသံကြီးကို ကျမ အရမ်းကြောက်တယ်။ ဘယ်သူ့ကိုမှ ပြောမပြတော့ပေမယ့်၊ ကိုယ့်ကိုယ်ကိုယ် လိမ်ညာပြီး မရမက အားတင်းမိပေမယ့် ဒီကြောက်စိတ်တွေက ကျမရင်ထဲ မကြာခဏ ၀င်လာနေတုန်းပါ။

အခုလည်း လက်ထဲမှာ ကျစ်နေအောင် ဆုပ်ထားမိတာ သူ့လက်တွေ မဟုတ်ဘဲ အိပ်ရာခင်း စ ဆိုတာ ကျမ ကောင်းကောင်း သိနေတယ်။ ကျမ ပါးပြင်ကို ထိနေတာက သူ့ရင်ခွင် မဟုတ်တဲ့ ခေါင်းအုံးကြီး။ တလိမ့်လိမ့် စီးကျလာတဲ့ မျက်ရည်တွေကို ခြောက်သွေ့သွားစေတာက သူ့ အနမ်းတွေနဲ့ ဘာမှ မဆိုင်တဲ့ အဲကွန်းက လေအေးတွေ။ တကယ်တမ်း ကျမ စိတ်မှန်းနဲ့ ခံစားခဲ့သမျှ အားလုံးက အငွေ့ရဲ့ အတွေ့တွေပဲ။ အသိစိတ် ၀င်လာတဲ့အချိန်မှာ ကျမ အရမ်း ကြောက်နေမိပြန်ပြီ။ အိပ်ရာခင်းကို ဆုပ်ကိုင်ထားတဲ့ ကျမလက်တွေ တုန်လာတယ်။ မေမေရေ လို့ အော်ခေါ်လိုက်ချင်တယ်။ ကျမကို ပစ်မထားကြပါနဲ့လို့ အော်ငိုပစ်ချင်လာတယ်။ ကျမကို မမုန်းကြပါနဲ့။ စိတ်လည်း မပျက်ကြပါနဲ့။ ပျော်စရာကောင်းတဲ့ ဒီမိသားစုလေးထဲကနေ ကျမ ထွက်မသွားပါရစေနဲ့။ မပုတုကို အနိုင်ကျင့်မိတာ ကျမ စိတ်ထဲကပါလို့ မဟုတ်ပါဘူး။ ကျမ လိမ္မာပါ့မယ်။ ဟိုဆေးတွေလည်း ခိုးမသောက်တော့ပါဘူး။ ကျမကို ခွင့်လွှတ်ကြပါ။ လာခေါ်ပေးကြပါ။ ဆွဲထူပေးပါ။ ပွေ့ထားပေးပါ။ တကယ် အသံမထွက်ဘဲ အော်နေမိတာ အမျိုးကို စုံလို့ပါပဲ။

စိတ်ထဲမှာ ယောက်ယက်ခတ်ပြီး ဗြောင်းဆန်နေပေမယ့် တကယ်တမ်း ကျမ ခန္ဓာကိုယ်က လှုပ်မရပါဘူး။ ကြောက်စိတ်နဲ့ အသိတရားက ရင်ထဲမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတယ်။ ခန္ဓာကိုယ် တစ်ခုတည်းကနေ ခွဲထွက်နေတဲ့ ဆန့်ကျင်ဘက် စိတ်နှစ်ခုရဲ့ဒဏ်ကို ကျမ ကြာကြာ မခံနိုင်ဘူး။ အရမ်း ပင်ပန်းလာတဲ့အဆုံး ကိုယ့်စိတ်ကိုယ် နိုင်အောင် ကြိုးစားထိန်းရင်း အိပ်ပါရစေတော့၊ အိပ်ပျော်ပါရစေတော့လို့ တဖွဖွ ရွတ်နေမိတယ်။ ငယ်ငယ်က ကြားဖူးသလို သင်္ချာကိန်းဂဏန်းတွေ ရေတွက်ကြည့်တယ်။ ကျက်ထားသမျှ ဘုရားစာတွေ ရွတ်တယ်။ အံကျိတ်ပြီး နှုတ်ခမ်းတွေကို ကိုက်ထားမိတယ်။ မျက်စိဖွင့်ကြည့်ဘို့၊ ထ ထိုင်ဘို့၊ တစ်ယောက်ယောက်ကို အော်ဟစ် အကူညီတောင်းဘို့တော့ ကျမ လုံးဝ မကြိုးစားပါဘူး။ ငါ တစ်ယောက်တည်း ဆိုတဲ့ ကြောက်စိတ်ကြီး ၀င်လာမိတိုင်း ကျမ မရရအောင် အမြဲ တွေးတာက ဒါ ငါ ရွေးတဲ့ လမ်း၊ ငါ ကိုယ်တိုင် ချထားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ထားတဲ့ လမ်း ဆိုတာပါပဲ။

မွေးစကနေ သေဆုံးချိန်အထိ လူသားအားလုံး ဆုံးရှုံးခြင်းတွေ ကြုံကြရမှာပါ။ ဒီနေရာမှာ ကျမတို့ ကြုံခဲ့ရတာတွေဟာ ဆုံးရှုံးခြင်းလား၊ စွန့်လွှတ်ခြင်းလား ဆိုတာ ခွဲခြားနိုင်ကြဘို့ လိုတယ်။ ဘယ်လိုမှ မရနိုင်တော့တဲ့ တစ်စုံတစ်ရာအပေါ်မှာ တပ်မက်မှု ရှိနေသ၍ ကျမတို့အားလုံး ဆုံးရှုံးနေကြရဦးမှာ။ ကျမက အတ္တ သိပ် ကြီးတဲ့ မိန်းမတစ်ယောက်ပါ။ နောက်ဆုံးအချိန်ထိ ကျမ မကျရှုံးချင်ဘူး။ ဒါကြောင့် ကျမဘ၀မှာ ဆုံးရှုံးခြင်း ဆိုတာ လုံးဝ ရှိမလာရအောင် ကျမ ကြိုးစားတာပါ။ အရမ်း ပင်ပန်းပါတယ်။ ကြောက်စရာလည်း ကောင်းပါတယ်။ ဒါပေမယ့် ကျမမှာ လက်လျှော့ဘို့ အစီစဉ် လုံးဝ မရှိဘူး။ ဆုံးရှုံးရမှာ ကြောက်တဲ့အတွက် စွန့်လွှတ်ခြင်း ဆိုတဲ့ လမ်းကို ကျမ ရွေးထားတာ။ ချစ်ရတဲ့ မိသားစု၊ ချစ်ရတဲ့ မိတ်ဆွေ အပေါင်းအသင်း၊ မြတ်နိုးမိတဲ့ အရာဝတ္ထုလေးတွေ၊ နောက်ဆုံး ကျမ သိပ်ချစ်ရတဲ့ ကျမဘ၀ရဲ့ တစ်ဦးတည်းသော ချစ်ရသူ။ ဒီလူတွေ၊ ဒီပိုင်ဆိုင်မှု အရာဝတ္ထုတွေ၊ ပျော်ရွှင်စရာ စိတ်ခံစားချက်နဲ့ မျှော်လင့်ချက်တွေ၊ အားလုံးကို ကျမဘက်က အရင်ဦးအောင် စွန့်လွှတ်ထားတယ်။ တကယ်တော့ ကျမက အရာရာ ဆုံးရှုံးနေတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ အားလုံးကို သတ္တိရှိရှိ စွန့်လွှတ်ထားတဲ့သူ တစ်ယောက်ပဲ။ ဒါကြောင့် စိတ်ပျက်စရာ သိပ်ကောင်းတဲ့၊ ကျမ သိပ်မုန်းတဲ့ ဆုံးရှုံးခြင်း ဆိုတဲ့ ဂြိုလ်ဆိုးကြီးက ကျမနဲ့ ဟိုး အဝေးကြီးမှာပါ။

ကျမ မျက်လုံးတွေ နောက်ထပ်တစ်ကြိမ် လေးလံ လာပြန်တယ်။ ရင်ထဲက အမောတွေ ကြောက်စိတ်တွေကို အသက်ပြင်းပြင်း တစ်ချက် နဲ့ မောင်းထုတ်ပစ်လိုက်တယ်။ ချိုမြိန်တဲ့ အိပ်မက်တစ်ခုရဲ့ နောက်မှာ လန့်နိုးမိလို့ ဖြစ်လာရတဲ့ အကြောက်တရားကို ကျမ နိုင်သွားပြန်ပါပြီ။ လက်သီးဆုပ်ကို ဖြေချပြီး ဆုပ်ကိုင်ထားတဲ့ အိပ်ရာခင်းကို လွှတ်လိုက်တယ်။ ချစ်ရတဲ့သူတွေ အားလုံးရဲ့ လက်တွေကိုတောင် ကျမ လွှတ်ချ ခဲ့ရပြီးပြီပဲ။ ဒီအိပ်ရာခင်းလောက်က ဘာမက်စရာ ရှိဦးမှာလဲ။ ကျမ ပြုံးလိုက်တယ်။ နွမ်းလျနေပေမယ့် ကျမ အပြုံးမှာ အောင်မြင်မှု အပြည့် ပါနေမှန်း ကျမ ကိုယ်တိုင် အသိဆုံးလေ။ မိုးမလင်းခင်မှာ နောက်ထပ် တစ်ကြိမ် ထပ်မက်ကောင်း မက်ဦးမယ့် အိပ်မက်ချိုချိုကို ကြိုဆို ခံစားနိုင်ဘို့ ပြင်ဆင်ရင်း စိတ်ကို လျှော့ချလိုက်တယ်။ ကိုယ်ကို စောင်းလှည့်ပြီး စီးကျလာတဲ့ မျက်ရည် တစ်စက်ကို ခေါင်းအုံးနဲ့ ပွတ်သုတ် ပစ်လိုက်တယ်။ ခေါင်းအုံးနဲ့ မျက်နှာ အပ်နိုင်သလောက် အပ်ထားလိုက်တယ်။ ဒီအချိန်မှာ ကျမအတွက် ဘယ်လို အလင်းရောင်မျိုးမှ မလိုအပ်တော့ပါဘူး။ ဘယ်သူ ပြောနိုင်မလဲ။ ကျမက သေရမှာကို သိပ်ကြောက်နေတဲ့၊ အရာရာကို ဆုံးရှုံးနေရတဲ့ အထီးကျန် မိန်းမငယ် တစ်ယောက်လို့ ဘယ်သူ ပြောဝံ့ပါသလဲ….။

~~~~~ပြီးပါပြီ~~~~~

No comments:

Post a Comment