Friday, December 9, 2016

အိပ်မက်ဆိုးများ လွန်လေသော် - (၃)




ဒဂုံစင်တာရှေ့ရောက်တော့ မှောင်ရီသန်းလုပြီ။ ဟိုမှသည် သွားလာနေကြသော လူများစွာကြားတွင် ရည်ရည်မွန် ဆိုသော မိန်းကလေးကို မည်သို့ ရှာရပါ့။ သူမကတော့ သူ့ကို မြင်လျှင် သိသည်ဟု ပြောသည်။ ငယ့် သူငယ်ချင်းဆိုတော့လည်း မိမိဓါတ်ပုံကို မြင်ဖူးထားလို့နေမှာပေါ့လေ။ ဖုန်းဆက်လိုက်ရန် စိတ်ကူးပြီး နံပါတ်နှိပ်ရန်ပြင်တော့ အနားသို့ မိန်းကလေးတစ်ဦးရောက်လာသည်။ တီရှပ် အဝါရောင်လေးနှင့် နီညိုရောင် စကပ်ရှည်ဝတ်ထားသော ထို မိန်းမငယ်က..


“ကိုမိုးသောက်လင်း ဟုတ်ပါတယ်နော်..”

“အော.. ဟုတ်ကဲ့ခင်ဗျ..”

“ကျမ ရည်ရည်မွန်ပါ..”

“ဟုတ်ကဲ့ တွေ့ရတာ အရမ်းဝမ်းသာပါတယ်.. သွေးသွေး ရှိနိုင်မယ့်နေရာကို မရည်ရည်မွန် သိမယ် ထင်တယ်နော်..”

“ကျမတို့ တစ်ခုခုစားရင်း ပြောကြမယ်လေ.. ရှင် ထမင်း စားပြီးပြီလား..”

“အမှန်တော့ မနက်ကလေးစာပါ မစားရသေးတာ ခင်ဗျ..”

“ဟောတော့်.. ကဲ လာလာ..”

Tuesday, December 6, 2016

အိပ်မက်ဆိုးများ လွန်လေသော် - (၂)



        ချစ်သူ့မျက်နှာကို မော့ကြည့်ရင်း ပြောလိုက်သော စကားချိုချိုလေးကြောင့် သူတဒင်္ဂ ငေးငိုင် သွားမိသည်။ အရောင်လက်နေသော မျက်ဝန်းလေးများက ထူထူစိပ်စိပ် မျက်တောင်ကော့များနှင့် ဝန်းရံထားသဖြင့် ပိုမို တောက်ပနေခြင်းများလား။


“ငယ်..”

“ရှန်..”

“နှဖူးလေး နမ်းချင်တယ်..”

“အို…”

“အွန်းလေ ကွာ.. လေဆိပ်မှာ တွေ့တွေ့ချင်းကတည်းက ငယ် ကို့ကို နောက်တီးနောက်တောက် လုပ်နေတာ အသည်းယားလို့ ဖက်နမ်းပစ်ချင်တာ.. စိတ်ဆိုးသွားမှာ စိုးလို့.. ပြီးတော့တစ်ခါ ထမင်းလိုက်ကျွေးပြီး သည်အခန်းမှာ အိပ်ဆိုပြီး ရက်ရက်စက်စက် တစ်ယောက်တည်း ထားပစ်ခဲ့တယ်.. ခုထိ ကို့ချစ်လေးကို မနမ်းရသေးဘူး.. ”

“အယ်.. ခိ ခိ ခိ ခိ..”

“အယ် ရယ်တယ်ဗျ ကြည့်စမ်း.. ခင်ဗျားလေး ကျုပ်ကို တော်တော် အသည်းယားအောင်လုပ်နော်..”

“……….”

“ငယ်ရယ်.. ချစ် တယ် ကွာ..”

“ငယ်လည်း တူတူပါပဲ ကိုရယ်..”

“ကို နမ်းရမလား ဟင် ငယ်..”

Monday, December 5, 2016

အိပ်မက်ဆိုးများ လွန်လေသော် - (၁)



MoeThaukLinn: “ငယ့်..ရှိလား..”

PanNuThaway: “ဘာရီးတုန်း..ရှိဘူး.. ကုန်တွားဘီ..”

MoeThaukLinn: “အာ သည်ကောင်မလေး နောက်တီးနောက်တောက်နဲ့..”

PanNuThaway: “ခိခိ ကိုပဲစမရှိ ဆုံးမရှိ..”

MoeThaukLinn: “စက်ရှေ့ ရှိရဲ့လားလို့ မေးတာလေ..ဘာလဲ..”

PanNuThaway: “သိသားပဲ..တမင် နောက်ချင်လို့ ဟာကို..”


   “သည်အချိန်က ငယ်တို့နှစ်ယောက် တွေ့နေကျအချိန်ပဲ ကိုရယ်.. မရှိဘဲနေပါ့မလား.. ငယ်သေသွားရင်တောင် သည်အချိန်ဆို ငယ့်ဝိဥာဉ်က ကွန်ပြူတာရှေ့ ရောက်နေမိမှာ..” ပန်းနုသွေးစိတ်ထဲမှ ပြောလိုက်မိသည်။ သူမတို့နှစ်ယောက် ဆုံဆည်းမှုက ထူးဆန်းသည်ဟု ပြောရမည်ပင်။ မိန်းကလေး တစ်ယောက်အတွက် သွေးပျက်ခြောက်ခြားလောက်စရာ အကြောင်းအရာတစ်ခု၏ နောက်ကွယ်တွင် သူမတို့နှစ်ဦး ဆုံဆည်းခဲ့ကြ၏။ တစ်ယောက်နှင့် တစ်ယောက် မမြင်ဘူးမတွေ့ဘူးပဲ နားလည်မှုချင်း၊ နှလုံးသားချင်း၊ နောက်ဆုံး အချစ်၏ခံစားချက်ချင်း ဖလှယ်ဖြစ်ခဲ့ကြသည်။ သူ့မျက်နှာ၊သူ့အကြောင်း၊ သူ့အကျင့်စရိုက်တို့ကို သူပြောသလောက်သာ သိရယုံဖြင့် ယောင်္ကျားတစ်ယောက်ကို နှစ်နှစ်ကာကာ တွယ်တာမိနေသော မိန်းကလေးတစ်ဦး သည်လောကတွင် အမှန်တကယ် ရှိနေကြောင်း သင်တို့သိလျှင် ထိုမိန်းကလေးကို သင်တို့ မည်သို့ဝေဖန်ကြမည်နည်း။ လူချင်းမတွေ့ရဘူးသော သံယောဇဉ်ကို သင်တို့ မည်သို့ နားလည်ကြပါသနည်း။ နှလုံးသား၏ နက်ရှိုင်းသောတွယ်တာမှု တစ်စုံတစ်ရာသည် ဘဝတစ်ခုလုံးအတွက် လုံလောက်သော ယုံကြည်မှုအဖြစ် အခြေတည်ခဲ့ကြောင်း သင်တို့လက်ခံ နိုင်ကြပါ့မလား။

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး - (၅)



တီ.. တီ.. တီ..

အောက်ထပ်မှ တယ်လီဖုန်း မြည်သံကြောင့် အိပ်ပျော်နေရာမှ နိုးလာခဲ့၏။ စူးရှ ပြန်ထွက်သွားပြီးကတည်းက ဖုန်း ပိတ်ပြီး အိပ်နေခဲ့သည်။ အချိန်ကို ကြည့်တော့ ည (၇)နာရီ ထိုးလုပြီ။ ဖွေး တအားကြီး အိပ်ပျော်သွားခဲ့သည်ပဲ။ ပထမဆုံး သတိထားလိုက်မိသည်က စောင်ခြုံအောက်မှ အ၀တ်မဲ့ ကိုယ်လုံးလေး။ နောက်တော့ စပ်ဖျဉ်းဖျဉ်း ဝေဒနာနှင့် အေးစက်စက် ခြောက်ကပ်ကပ် ဖြစ်နေသည့် ကိုယ်အောက်ပိုင်း တစ်နေရာ။ ဒါ အိပ်မက် မဟုတ်ဘူးပေါ့။ ဖွေး အတွေး စ တို့ မရပ်တန့်နိုင်ခင် ဖုန်းမြည်သံ ထပ် ပေါ်လာ၏။ ကုတင်ပေါ်မှ ကြိုးစား ဆင်းပြီး အနားတွင် ပုံလျက်ကျနေသည့် ဂါဝန်လေးကို ကောက်စွပ်လိုက်သည်။ ခန္ဓာကိုယ်တွင်း တစ်နေရာမှ ကိုက်ခဲ နာကျင်မှုကြောင့် လမ်းလျှောက်ရသည်မှာ သိပ် အဆင်မပြေချင်။ အောက်ထပ်အရောက်၊ တယ်လီဖုန်းလေးကို ကိုင်လိုက်တော့မှ ထင်သည့်အတိုင်း မေမေ..

“ဟလို..”
“ဖွေး.. သမီးရယ် မေမေ ခေါ်နေတာ ကြာလှပြီ.. ဟန်းဖုန်းကိုလည်း ပိတ်ထား.. ဒီက ခေါ်တော့လည်း တော်တော်နဲ့မကိုင်..”
“ဖွေး အိပ်ပျော်နေလို့ မေမေ..”
“အွန်.. ညနေစောင်းကြီး အိပ်ရလား သမီးရယ်.. နေကောင်းရဲ့လား မာလာဆွေ ရောက်နေပြီလား..”
“ဟုတ်..”

Thursday, December 1, 2016

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး - (၄)




“ထ မရပ်နဲ့.. ဒူးထောက်လျက် အတိုင်း သွား..”
“…….”

လက်နောက်ပြန် ကြိုးတုပ်ပြီး ဒူးထောက်လျက်နှင့်ပင် အခန်းထောင့်ရှိ အမှိုက်ခြင်း ရှိရာသို့ရောက်အောင် သွားရသည်။ မိမိ၏ အရှေ့အလည်ပိုင်း အရပ်ဆီမှ တင်းမာမှု ပြဿနာကြောင့် ဘယ်လိုမှ အဆင်မပြေ။ ကို့ယို့ကားယားနှင့်မို့ မှောက်လျက်လဲမကျအောင် မနည်း ထိန်းနေရ၏။ ဗူးခွံပိန်လေးကို ခြင်းထဲပစ်ချပြီး သူမရှေ့ ပြန်ရောက်တော့ ဒူးနှစ်ဘက်က အတော်လေး ကြိမ်းနေပြီ။ ကြမ်းပြင်မှ အမွေးပွ ကော်ဇောက နူးညံ့နေသေး၍သာ တော်တော့သည်။ သက်ပြင်းတစ်ချက် မှုတ်ထုတ်ပြီး သူမ မျက်နှာကို မော့ကြည့်လိုက်တော့ လက်ထဲတွင် အခွေလိုက်လေး ကိုင်ထားသည့် ခါးပတ် တစ်ခု။ ခါးပတ်နဲ့များ ထပ်ရိုက်ဦးမလို့လား သခင်မရယ်..။

Saturday, November 26, 2016

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး - (၃)




သည်လိုနှင့် အိမ်ပြန်ရောက်တော့ ဖွေးခြေထောက်လေးတွေက အတော် နာနေပြီ။ တက်ဆီပေါ်မှ ဆင်းပြီးသည်နှင့် ရှုံ့မဲ့မဲ့ မျက်နှာလေးကို ကြည့်ရင်း..

“အရမ်း နာနေလား ဖွေး..”
“နာ တာပေါ့.. အာ့ နင့်ကြောင့်..”
“အေးပါ.. ဆေးတစ်ခုခု လိမ်းလိုက်မလား.. ငါ လိမ်းပေးမယ်လေ..”
“ဘာ ဆေးမှ မရှိဘူး.. ရှိလည်း မလိမ်းဘူး..”
“အာ.. ဆောင်းတွင်းက အနာရင်းတတ်တယ်လေ ဖွေးရယ်..”
“အုံဖွ လုပ်ပေး..”
“အွန်..”
“လာ ပြန်ပြီ ဒီ အွန်.. ငါ သိတယ် စူးရှ.. တကယ်က နင့် စိတ်ထဲမှာ ငါ့အတွက်ဆို ဘယ်တော့မှ အဆင်သင့်မဖြစ်ဘူး.. ပြောလိုက်ရင် လန့်သလိုလို တွန့်သလိုလို.. နင့်ကိုငါ အရမ်း မုန်းတယ် စူးရှ သိလား..”
“ကဲပါ ဖွေးရယ်.. ဒေါသက ပြီးမှ ထွက်.. လာ ကြည့်ရအောင်နော်..”

Thursday, November 24, 2016

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး - (၂)



အမှန်တော့ စူးရှကို ရစ်ချင်တာ သက်သက်သာဖြစ်ပါသည်။ သို့သော် မာလာ ၀င်ရှင်းကာမှ ဖွေး တကယ် ဒေါသ ထွက်သွားမိ၏။ မျက်နှာပေါ်မှ ခပ်ရှိန်းရှိန်း ခံစားချက်အရ မိမိ တကယ်စိတ်တိုပြီမှန်း ကိုယ့်ဘာသာ သိလိုက်သည်။ မာလာ ပြောလိုက်သည့် “ငါ စားခိုင်းလို့ပါ..” ဟူသော စကားက နားထဲမှ မထွက်။ သောက်လက်စ ကော်ဖီခွက်ကို ခုံပေါ်ချကာ မျက်မှောင်ကျုံ့ စူပုပ် ထားလိုက်မိသည်။ စူးရှ မျက်နှာကိုလည်း စောင်ပေပေ ကြည့်နေလိုက်၏။ နင်လည်း ငါ့ကို အရေးမလုပ်ဘူးပေါ့ ဟုတ်လား စူးရှ.. စိတ်ထဲမှ သည်သို့ ပြောနေမိသည်။ ငါ့ကို မစောင့်ဘဲ သူ စားခိုင်းတိုင်း စားရလား ဟု အသံကုန် အော်ပစ်ချင်မိသည်။ ဘာမဟုတ်သည့် ကိစ္စလေးကို အကဲဆတ်မိသော မိမိစိတ်ကိုလည်း မကျေနပ်။ တကယ်တမ်း ဒီနေ့ အဘို့ ဖွေးမှာ တစ်ခုခုစားဘို့ အစီအစဉ်လည်း မရှိပါ။

“စိတ်မဆိုးပါနဲ့ ဖွေးရယ်.. ကဲ.. နင်ကျေနပ်အောင် ငါ ဘာပြန်လုပ်ပေးရမလဲ.. ပြော…” မိမိကို ပြုံးကြည့်ရင်း ပြောလိုက်သည့် သူ့မျက်လုံးများက ရီဝေ လဲ့စိုနေသည်။ ဖွေး နှလုံးသားတို့ တလှပ်လှပ် တုန်ရီလာတော့၏။ တကယ်ပဲ ပေါက်ကရတစ်ခုခု ခိုင်းပစ်လိုက်ရမလား.. သူ လုပ်ချင်မှာ မဟုတ်မယ့် တစ်ခုခုပေါ့.. အထူး သဖြင့် မာလာ့ရှေ့မှာ သူ လုပ်ချင်မှာ မဟုတ်မယ့် တခုခု.. ဒါပေမယ့် ခိုင်းလိုက်မှ ငါ့ကို တကယ် စိတ်ဆိုးသွားရင်… … ….။ ဖွေး စိတ်ထဲတွင် အတွေးတွေရော၊ အမေးတွေပါ ယောက်ယက် ခတ်သွားသည်။ စောစောက ထွက်သွားရသော ဒေါသ အတွက်လည်း သူ့ထံမှ တစ်စုံတစ်ရာ ပြန်လိုချင်မိ၏။ မိမိဘ၀တွင် ဒေါသထွက်တိုင်း ပေါက်ကွဲခွင့်အစား ကျိတ်ငို ခဲ့ရသည်ချည်းသာ မဟုတ်ပါလား။

သင်းသင်းမွှေးမွှေး နှင်းဖွေးဖွေး - (၁)



ဆောင်းဦးပေါက်ရာသီ… ညနေ ၅ နာရီလောက် ဆိုလျှင်ပင် နေရောင်က ကုန်ချင်ချင် ဖြစ်လာ၏။ သည်ကနေ့  လူက နေလို့ ထိုင်လို့  သိပ်မကောင်းချင်.. အိမ်ရှေ့ ရှိဒန်းကလေးတွင် ထိုင်ရင်း ခင်ပွန်းဖြစ်သူ အလုပ်မှ ပြန်လာမည့်လမ်းကို မျှော်နေမိသည်။ တွဲလောင်းချထားသော ခြေထောက်လေးများကို ငုံ့ ကြည့်ကာ သက်ပြင်းချမိ၏။ ယောင်မို့ မို့  ဖြစ်နေသော ခြေချောင်း လေးများက ဖိနပ်ပင် စီးလို့  မရချင်။ သည်အချိန် သည်သို့ ပဲ ဖြစ်တတ်သည်ဟုတော့ ပြောကြသား.. သို့ သော် ခိုင့်စိတ်ထဲ ကသိကအောင့် ဖြစ်နေမိသည်။ ၀မ်းကြာတိုက် အတွင်းမှ သမီးငယ်နှစ်ဦး လူ့ လောကသို့  အောင်မြင်ချောမောစွာ အမြန်ဆုံးရောက်လာရေး မျှော်လင့်နေမိ၏။

ချစ်ရသူ မောင် နှင့် လက်ထပ်ပြီး ဘ၀ရှေ့ ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ နှစ်ဦးသဘောတူ ဆုံးဖြတ် ပြင်ဆင်နေကြ၍ ချက်ချင်း သားသမီး မယူဖြစ်ခဲ့။ နှစ်ဘက်မိဘများကလည်း သာမာန် လူတန်းစားများသာ ဖြစ်သောကြောင့် ခိုင်တို့  နှစ်ဦး ဘ၀ တစ်ခုကို ကိုယ့်အား ကိုယ်ကိုးကာ ထူထောင် ခဲ့ကြသည်။ လူလားမြောက်အောင် ကျွေးမွေးပြုစုကာ ဆုံးခန်းတိုင် ပညာသင်ပေးခဲ့ပြီးသော မိဘနှစ်ပါးကို မိမိတို့  အိမ်ထောင်ရက်သား ကျသည်အထိ တာဝန် မပိုစေလိုပါ။ ခိုင်တို့  လက်ထပ်ကြတော့ နှစ်ဦးလုံးက အသက် (၂၅) နှစ် အရွယ်.. ကြိုးစား ရုန်းကန်နိုင်သော အရွယ် ကောင်းမို့  နှစ်ဦးလုံး အလုပ်ကိုယ်စီလုပ်ကာ အတန်အသင့်သော လူနေမှု အဆင့် တစ်ခု ရောက်အောင် ကြိုးစား အားထုတ်ခဲ့ကြ၏။ ဇနီးမောင်နှံနှစ်ဦးလုံး တက်ညီလက်ညီ ကြိုးစား ခဲ့ကြ၍ ယခုဆိုလျှင် လူနေသန့် သော ဆင်ခြေဖုံး ရပ်ကွက်လေးတွင် ကိုယ်ပိုင် ပျဉ်ထောင် သွပ်မိုးအိမ် ကလေးနှင့် သပ်သပ်ရပ်ရပ်ကလေး နေထိုင်နိုင်ခဲ့ပြီ။